Sep 18, 2009

ပကတိအဖြူ

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ
ယုတ်ညံ့တဲ့အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။
မာတင်လူသာကင်း
၁၉၆၄


အဖြူနဲ့အမည်း
အမှောင်နဲ့အလင်း
တိုက်ပွဲတွင်းက
မာတင်လူသာကင်းဆိုတဲ့ လူစွမ်းကောင်း
ပေါ်ထွန်းခဲ့တယ်။
အတိတ်စကား
အတိတ်ကားလည်း
လှုပ်ရှားသက်ဝင်
ရာဇဝင်မှာ
အားအင်မာန်တင်း
စိတ်သစ္စာသွင်းတယ်
ရန်သူ့ထမင်းနဲ့
ငါမကြီးပြင်းလို
မင်းရဲကျော်စွာ
ရာဇဝင်ကမ္ဗည်းထိုးခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ အမှန်တရား
သေခြင်းမဲ့ အမတတရား
သက္ကရာဇ်ရထားက တင်ဆောင်သွား။

အောင်ဘညို
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။

1 comment:

  1. ငယ်ငယ်ကပေါ့...
    လူတော်တော်များများ စာအုပ်ဆိုင်တော်တော်များများက ကောက်ချက်ချတယ်.. ရယ်စရာဆိုတာ ဟာသ မဂ္ဂဇင်း တစ်ခုတဲ့.. ။ ဒါပေမယ့် ဒီလို ကဗျာလေးတွေကို သူ့မှာဖတ်ရတိုင်း ကျွန်တော်က မေးတယ်...။ သူတို့က ဘ၀ကို ဟာသတစ်ခုလို ပေါ့ပေါ့ပါးပါးတွေးတယ်.. နက်နက်ရှိုင်းရှိုင်း သိကြတယ်လို့....။ ရယ်စရာ တစ်နေရာက ဒီကဗျာကို ဒီမှာ ပြန်ဖတ်ရတော့ ဘာရယ်မဟုတ် ကျေနပ်သွားတယ်..။
    ခင်မင်လေးစားစွာ

    ReplyDelete