Nov 22, 2013

ရက်စက်သော အချစ်ဇာတ်လမ်း

ငြိမ်းချမ်းရေးရဲ့ နဖူးစာဟာ
စစ်ပွဲတွေနဲ့သာ ညားရရှာ။

စေ့စပ်လက်စွပ် မဝတ်ရဘဲ
ဇွတ်ဖြစ်ရတဲ့ မုဆိုးမ
အကြိမ်ကြိမ် နစ်နာကြေး ရရှိပုံမှာ
ညူကလီးယားများ
စကတ်ဒုံးကျည်များ
ပက်ထရီရော့များနှင့်
အနက်ရောင်ဝတ်စုံများ။

တကယ်တော့
သူမဟာ ဘာအစွမ်းအစမှ မရှိဘဲ
လူသားတွေ တမ်းတရည်စူးထားတဲ့
စိတ်ကူးထဲက
ချစ်သူတစ်ဦးမျှသာပါလား။

ငါ
ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ဘူး။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment