မွန်းကြပ်တဲ့အခါ
'ဟေမိုဂလိုဗင်'တွေရဖို့
သစ်တောထဲ လျှောက်ခဲ့တယ်။
သစ်ပင်တွေအစား
မတုန်မလှုပ်တောင်ကြီးတွေ
ရွှေ့လျားသက်ရှုကျောက်တုံးတွေ
မပျို့မအန်မိုးသားတွေ
တွေ့ခဲ့လိုကရ။
ရုန်းထွက်ဖို့ ခြေစုံကိုချ
ငါ့ အမြစ်တွေက
ပက်ကြားအက်မြေလွှာခွဲလို့
ထိုးဆင်းသွားကြ။
ချိုတူးဇော်
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆