> သီဟသူ [dot] blogspot [dot] com: စန်းဦး
Showing posts with label စန်းဦး. Show all posts
Showing posts with label စန်းဦး. Show all posts

May 6, 2012

စိတ်က အပုံလိုက်၊ လူက လင်းပစ်လိုက်

ခေတ်ပေါ်ဒီဇိုင်းနဲ့ စတီးလ်ထိုင်ခုံပေါ်
ကျွန်တော် ငြိမ်သက်စွာ ထိုင်နေပါတယ်။
ခါးကတော့ အလိုက်သင့်၊ ကျောကလည်း နောက်မှီလို့
လျော့လျော့လျဲလျဲပါ။
စိတ်တွေကို အပုံလိုက် ဖြည်ချထားရတဲ့ အရသာဟာ
ဘာနဲ့မှ မတူပါလား ကိုယ့်ဆရာတို့။

လက်နှစ်ဖက်ကတော့ သူတို့ကို အာရုံမထားမိတော့
ပေါင်ပေါ်မှာ ပြားချပြီး ရှိနေလောက်ပါတယ်။
မျက်လုံးတွေကလည်း
ဖွင့်ထားပေမယ့် ဘာမှတော့ မမြင်နေပါဘူး။
ဒီကနေ့ သတင်းထူးများလည်း
ကျွန်တော် မသိပါဘူး။
စောစောရောက်လာခဲ့တဲ့ စာစောင်တွေလည်း
မဖတ်ဖြစ်လိုက်ဘူး။
အချပ်ပိုတွေလည်း တစ်နေရာ လွင့်ပါသွားပြီပေါ့။

ခြေထောက်တွေကိုတော့ နည်းနည်း လှုပ်မိသွားတယ်ထင်ရဲ့။
အေးအေးလူလူရှိတဲ့အခါ ခြေကို နန့်တတ်တဲ့အကျင့်က
ပါနေတုန်းပါလားဗျာ။
အခုခြေကို ထိမိတဲ့ စူးရှရှအစဟာ
ကျွန်တော့်ထိုင်ခုံမှာ လာငြိနေတဲ့ ဝါယာစ၊
ဒါကို အစောကြီးကတည်းက ကျွန်တော် မဖယ်ဖြစ်ခဲ့ဘူး။
မကြာခင်ဆို ဒီအခန်းထဲ
လျှပ်စစ်ဓာတ်အားလိုင်း ပြန်ဝင်လာမယ်လို့
ဒီမတိုင်ခင်က ကြားလိုက်မိသားပဲ။
လင်းဖို့ရာ မီးသီးမရှိသေးတဲ့
ဒီကြိုးစမှာ
ကျွန်တော်ကိုယ်တိုင် လင်းပစ်လိုက်ဖို့ပါ။ ။

စန်းဦး
ကမ္ဘာ့ကဗျာနေ့ ၂၁၊ မတ်လ
ပကြိမ်၊ ၂၁၊ မတ်လ၊ ၂၀၁၂။
အိပ်မက်ရိပ်စာပေ

Mar 28, 2009

ၾကယ္သီးမ်ား

သစ်ပင်တွေရဲ့ ကြေကွဲမှု
သူ့ရှေ့တည့်တည့်က စွေစောင်းစောင်း
ခြံစည်းရိုးကိုသာ တွေတွေကြီးငေးစိုက်
အကုန်လုံး မိုက်မဲခဲ့ကြလေတယ်...တဲ့၊

အခုတော့
အသီးအပွင့်တွေ ဆွံအ
ကောင်ကင်မှာပဲ ကြယ်တွေ တွဲတိတွဲလောင်းကျ
ပိုပိုပြီး လင်းထိန်ခဲ့ရပြီ
ရှက်တတ်သူတွေ ခမျာက
အဲဒါတွေ ခူး ခူး ပြီး
ဆွဲဆွဲစေ့နေရတော့ရဲ့။

စန်းဦး
မိုးရာသီဆက်တင်ကဗျာစာအုပ်