မင်းအရောင်းအဝယ် ဘယ်လောက်ပါးဖူးသလဲ။ မင်း ငွေပြန်အမ်းတာ
မှားဖူးလား။ မင်းမှာ ရစရာ ဘယ်လောက်ရှိလဲ၊ မင်းမှာ ပေးစရာရော
ဘယ်လောက်ရှိလဲ။ မင်းမှာ ခရီးစရိတ် ဘယ်လောက်ကျန်သေးလဲ၊ မင်းမှာ
သွားစရာလမ်း ရှိသေးလို့လား၊ မင်းမှာ အင်္ကျီအသစ် ဘယ်နှထည်ရှိလဲ
မင်းမှာ ပွဲလမ်းသဘင် ဘယ်နှခုတက်ဖို့ရှိလဲ၊ မင်းမှာ သော့ဘယ်နှချောင်း
ရှိသလဲ၊ မင်းမှာ ဖွင့်စရာ သော့ခလောက်ရော ရှိလို့လား၊ မင်းမှာ
သိမ်းထားစရာ ပစ္စည်းဘယ်လောက်ရှိလဲ၊ မင်းမှာ
လူတွေ့မခံရလောက်မယ့်အဖြစ် ကြုံဖူးလား၊ မင်းမျက်မှန် အနီးအဝေး
ဘယ်လောက်ရှိသလဲ၊ မင်းမတွေ့ဖူးသေးတဲ့အရာ ဘယ်နှခုရှိသလဲ
မင်းမှာ အကုန်သိ အကုန်တတ် ပြောတတ်တဲ့အကျင့်ရှိလား၊ ခုမှတွေ့တယ်
... မင်းက ပါးစပ်ကြီးနဲ့ပဲ ...
“ဟုတ်လို့လား”
မင်းက ပါးစပ်ကြီးကို မြင်သွားပြီလား
ဒါဆိုအဲဒီပါးစပ်ကပဲ မင်းကိုမေးစရာ ဘယ်လောက်ရှိသေးလဲလို့မေးလိမ့်မယ်။
ဖြေစရာအဖြေတစ်ခုခုရွေးဖို့ မင်းမှာ ဦးနှောက်ရှိလား။
“ဟုတ်လို့လား”
မင်းက ဦးနှောက်ကိုပါ တွေ့သွားပြန်ပြီလား
ဒါဆို အဲဒီဦးနှောက်ကပဲ မင်းကိုမေးစရာ ဘယ်လောက်ရှိသေးလဲလို့
ထပ်ပြီးမေးလိမ့်ဦးမယ်။
မင်းမှာ ဖြေစရာ အဖြေတစ်ခုခုရွေးဖို့ ရွေးချယ်စရာ ကျန်သေးလား
“ဟုတ်လို့လား”
“ဟုတ်လို့လား”
“ဟုတ်လို့လား”
“ဟုတ်လို့လား”
အောင်ပြည့်စုံ
၂၊ ဇန်နဝါရီ ၂၀၀၅
တစ်ယောက်ချင်း
(မောင်ပြည့်မင်း၊ အောင်ပြည့်စုံ)
နှစ်ကာလများ၊ စက်တင်ဘာ၊ ၂၀၀၈။
Showing posts with label အောင်ပြည့်စုံ. Show all posts
Showing posts with label အောင်ပြည့်စုံ. Show all posts
Jun 22, 2010
နှစ်ဦးသဘောတူ လက်ထပ်ပြီးစီးခြင်း
စောက်ထိုးဖြစ်နေရင် ပိုကောင်းတယ်
ဘယ်ဟာ အတည့်မှန်းမသိရင် ငါ။ ငါ
ငါမြန်မြန်သွားတော့
ငါပဲညောင်းမယ်၊
ငါပိုလို့မြန်မြန်သွားရင်၊ ငါပိုလို့ညောင်းပေါ့။
ငါ့ကျန်းမာရေး ဂရုစိုက်ဖို့
ငါနေပူထဲ လျှောက်မသွားဖို့
ငါ ယင်နားစာ မစားမိဖို့အထိ
အကြောင်းကြောင်းနဲ့ လူလိမ်မခံရဖို့ ငါ
လမ်းတွေဟာ မြန်မြန်မြန် ငါ မြန်နေပြီ၊
ငါတစ်ယောက်က မြို့ထဲတစ်ဝိုက်
ငါတစ်ယောက်က ဘယ်/ညာနင်းရန်လိုမလို
ငါတို့တွေဟာ မီးပွင့်တွေတဖွားဖွား
- အကြောက်အကန်၊ ထွေရာလေးပါးနဲ့ ဘဝအဆက်ဆက်
ငါဟာ သစ်ပင်မစိုက်ဘဲ တစ်သက်လုံးပျော်ရန်လိုမလို
ငါဟာ ဘောက်ချာစာရွက်ပြရန် လိုမလို၊(ရှင်းပြီး)
“ဟို”
ငါဟာ အိမ်ထောင်ပြုရန် လိုမလို။ (ရှင်းပြီး)
----------အထိ ငါဟာ လိုမလို “တွေး . .”
ငါ့ကျောပေါ်မှာ ငါကုတ်တွယ်ကပ်ရင်း မျှော့လို ငါတစ်ကောင်ဟာ/ငါးတစ်ကောင်ဟာ
ငါ့ရဲ့သွေးကို လိုမလို။ ငါ့လက်မောင်းသားကို ဖောက်ကြည့်တယ်
ကြိုဆိုပါ၏ ။ ငါ
မီးပွိုင့်ကို မော့ကြည့်။ ငါ
ဓာတ်ကြိုးတွေကို ငုံ့ကြည့်။ ငါ
ငုံ့ကြည့်ခြင်း
မော့ကြည့်ခြင်းနှင့် အတည့်များ၊ ငါ
အတည့်များ၊ အတည့်များ အတည့် . . . ။ ငါလိုမလို
အိမ်ထဲပြန်ဝင်။ တုံးနေတဲ့ငါ့အားကို ပြန်ချွန်
မကျက်သေးသော ငါ့အားပြန်ချက်
ငါတစ်ယောက်ဟာ ငါ့တစ်ယောက်ကို တိုးတိုးကပ်
ငါမေးရန် ငါလိုအပ်သလို/မလိုအပ်သလို။ နားကြပ်နှင့်
စကားပြောခွက်၊ ငါ့စကားသံ အချို့တစ်ဝက်. . .
ငါမျက်စိမျက်နှာပျက်ပြီး
မျက်နှာဖုံးပြုလုပ်ရခြင်းမှာ-
ငါကွေ့ကောက်လိန်တွန့်သွားရခြင်းမှာ-
အောင်ပြည့်စုံ
ဖေဖေါ်ဝါရီ ၂၀၀၆

Jun 21, 2010
ဘာအရောင်တွေ ရှိလို့လဲ
သည်လိုပါ
သင့်လိုပါ။
သင့်လိုပါ။
ဘာမှမထူးပါဘူး၊ လေးလံထိုင်းမှိုင်းနေသော
ကျင့်သားရခဲ့ပြီးသော အဖုအထစ်များနဲ့လုပ်သောစက္ကူမျက်နှာဖုံးတစ်ခုပါ
မျက်စိပေါက်အတွက် နှစ်ပေါက်၊ ပါးစပ်ထားရန် အပေါက်တစ်ပေါက်
နှာတံအရာ၊ မကြောက်ပါနဲ့ (ကစားစရာ မဟုတ်ပါ)
တကယ့်အကောင်းစား နာမည်တစ်လုံးပါ။
မြက်ရိတ်စက်ကို ထိဖူးသလား၊ သည်လိုပဲနေမှာပါ
မြက်ရိတ်စက်က မြက်ရိတ်နေတာတော့ ကြားဖူးမှာပါ
သင်ဖတ်နိုင်သော ဝါကျကိုလည်း
ကိုယ်က မဖတ်နိုင်ဘူးလေ။
ကိုယ်နဲ့
ဘယ်လိုလဲ သင်နဲ့တူတယ်မဟုတ်လား
ကဲ အဲသလိုဆိုတော့လည်း ကြည့်ကောင်းပါတယ်
သင်က ခေါင်းမှ မဖြီးတာ
မနေ့ ပိတ်ရက်ပဲလေ သင်ဘာလုပ်နေသလဲ
အသက်ကြီးမယ့်အထဲ အတင်းတိုးဝင်နေတယ်မဟုတ်လား
သင့်နာရီက မှန်မပါဘူး မဟုတ်လား
ကိုယ့်မြို့လိုပါပဲ။ သူ့နာရီစင်မှာ မှန်မရှိဘူး
အမှန်မရှိဘူး။ ကိုယ့်သံပတ်ရေနဲ့ကိုယ် ကိုက်ပြီးသား
ကရွတ်ခွေကို သင် လက်နဲ့စမ်းဖူးလား၊ သည်လိုပဲ
သင် ငွေစက္ကူကို ဘယ်လိုလုပ်ပြီး အမျိုးအစားခွဲသလဲ
ကရွတ်ခွေရော ငွေစက္ကူရော မတူဘူးလား
ချိန်သီးတစ်ခုကို လက်နဲ့စမ်းကြည့်ပါ။ သင့်လိုနေမှာပဲ
သင်ကရော အဲဒီချိန်သီးရဲ့ ရမ်းသမ်းတဲ့အဖြေကို ယုံတာပဲမဟုတ်လား
သင် ဘာမှမမြင်ဖူးရင် နေပလေ့စေ။
မှန်အနက်နဲ့ မျက်လုံးကိုတပ်ပြီး လမ်းလျှောက်ရသော သင်က
မြက်ရိတ်စက်ထက် သာပါမယ်
ချိန်သီးတစ်ခုထက် သာပါမယ်
အဆင်သင့်ဖြစ်ပြီလား
ကရွတ်ခွေထက် သာပါမယ်
ငွေစက္ကူ ပိုပိုသာသာ ပါလာသလား
လမ်းခင်းတဲ့ကျောက်ရော သိပါသလား။
သင့် တုတ်ကောက်နဲ့စမ်းပါ
ထွားမလာဘူး သူ့အမျိုးက ဒီအတိုင်း
သစ်ပင်တွေလို မြင့်တက်မလာဘူး
အခြေခံသင်ခန်းစာ (၂)။ လမ်းခင်းကျောက်များအကြောင်း
အတည့်အတိုင်း ကြည့်မယ်
စောက်ထိုးထား ကြည့်မယ်။
မြင်ရတော့ ဘာထူးသလဲ
သင်ဘာမှ မရှုံးသေးပါဘူး။ အခုအနေနဲ့ဆို အကောင်းဆုံးပါ။ ။
အောင်ပြည့်စုံ
၃၀၊ ဇန်နဝါရီ ၂၀၀၅

Subscribe to:
Posts (Atom)