> သီဟသူ [dot] blogspot [dot] com: စံကောင်း
Showing posts with label စံကောင်း. Show all posts
Showing posts with label စံကောင်း. Show all posts

Sep 8, 2009

အလှန်

တစ်ကိုယ်စာ စွတ်ရုံလေးအတွက်
တိမ်တွေကို
မျက်နှာချိုမသွေးခဲ့ပါ။

ခုလည်း
မော့ကြည့်ရုံလေးကြည့်မိတာပါ။
ပြိုလဲလု စိုက်ပင်တွေ
နလံထားဖို့အရေး
အားမွေးနေတဲ့
အဖျားသည်မြေဇာငုတ်တွေ
အဲဒါတွေဘေးနားက
ပတ်ကြားအက်ကို အားနာလို့။

စံကောင်း
ပိတောက်ပွင့်သစ်၊ အမှတ် (၂၅)၊ ဇူလိုင်၊ ၂၀၀၉။