ရွှေတွေငွေတွေမှာ
ကြွေတတ်တဲ့ အညှာပါနေသတဲ့
အပြန်အလှန်ပေးဆပ်မှ
အမြတ်ရနိုင်တဲ့ လောကကြီးပါကွဲ့။
ဇွန်ပန်းရုံအနီးက
ရွှံ့ဗွက်ကြီးကိုဖို့ပါ
အတိတ်ကံ၊ အမှန်တရားနဲ့
ရိုးသားခြင်းကို ယုံပါ
ခမ်းခမ်းနားနား ချစ်ပါ
စစ်စစ်ပေါက်ပေါက် လွမ်းပါ
တစ်စုံတစ်ယောက်က
လက်ဆုပ်လက်ကိုင် မပေးဘဲ
သဲတစ်မှုန်
ဖုန်တစ်မြူ
အလကား မယူမိပါစေနဲ့
လူဆိုတာ အညွန့်တလူလူနဲ့နေသမို့
လူလို့ခေါ်တာ မဟုတ်လား
ရိုးသားရဲရင့်တည်ကြည်သူတွေဆိုတာ
ပုံပြင်တွေထဲမှာသာ ရှိတာ မဟုတ်ပါဘူးကွယ်။
(သမီးကြီး ဖူးဖူးမွန်သို့)
မောင်စိမ်းသစ်
ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ၊ ၂၀၀၉။
Showing posts with label မောင်စိမ်းသစ်. Show all posts
Showing posts with label မောင်စိမ်းသစ်. Show all posts
Sep 8, 2009
Mar 28, 2009
သူတို့ အေးအေးဆေးဆေးသီချင်းဆိုလို့
ဂွာရာနီကာ ပီကာဆိုငှက်များ
ပျံသန်းလေပေါ့ ကမ္ဘာမြေအနှံ့အပြား
စပိန်ဂီတနဲ့ မွှေးမြနေတဲ့ညတွေကို ကိုက်ချီသွား
အက်ရှင်မြို့ပြ ဝပြောစည်ကား
ကျေးလက်အစိမ်း ငြိမ်းအေးကြစေသား။
မောင်စိမ်သစ်
ဒီဇင်ဘာ၊ Beauty Max မဂ္ဂဇင်း၊ ၀၇
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊၂၀၀၉
ပျံသန်းလေပေါ့ ကမ္ဘာမြေအနှံ့အပြား
စပိန်ဂီတနဲ့ မွှေးမြနေတဲ့ညတွေကို ကိုက်ချီသွား
အက်ရှင်မြို့ပြ ဝပြောစည်ကား
ကျေးလက်အစိမ်း ငြိမ်းအေးကြစေသား။
မောင်စိမ်သစ်
ဒီဇင်ဘာ၊ Beauty Max မဂ္ဂဇင်း၊ ၀၇
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊၂၀၀၉
အဆစ်
မိုးကောင်းကင်ကြီးကို ဝယ်တဲ့အခါ
ကြယ်တွေအဆစ်ရလာခဲ့သလိုမျိုးပ
ဘဝတစ်ခုကို
ဘုမသိ ဘမသိ
အလကားမတ်တင်းနဲ့ ဝယ်လိုက်မိပြီမှ
သံသရာဆိုတာကြီကို အဆစ်ရ။
မောင်စိမ်းသစ်။ ၂၁၊၁၊၂၀၀၈။
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊ ၂၀၀၉
ကြယ်တွေအဆစ်ရလာခဲ့သလိုမျိုးပ
ဘဝတစ်ခုကို
ဘုမသိ ဘမသိ
အလကားမတ်တင်းနဲ့ ဝယ်လိုက်မိပြီမှ
သံသရာဆိုတာကြီကို အဆစ်ရ။
မောင်စိမ်းသစ်။ ၂၁၊၁၊၂၀၀၈။
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊ ၂၀၀၉
Subscribe to:
Posts (Atom)