> သီဟသူ [dot] blogspot [dot] com: ဆောင်းခူးလက်
Showing posts with label ဆောင်းခူးလက်. Show all posts
Showing posts with label ဆောင်းခူးလက်. Show all posts

Apr 10, 2010

စိတ်ဒဏ်

အလိုမကျမှုများ
ခေါင်းထဲယာဉ်ကြောပိတ်ဆို့လို့
ငါ့စိတ်ကူးလေးတောင် မလွတ်မလပ်
ပြတ်လုခမန်း ကြပ်ညပ်မိပေါ့
စိတ်ရဲ့အသံတိတ်အော်သံဟာ
ခေါင်း မိုးကြိုးခွင်းသလို
ထင်းခနဲ။ ။

ဆောင်းခူးလက်

Apr 8, 2010

ဂီတ

နှလုံးသွေးကို အက္ခရာထဲထည့်လိုက်
အက္ခရာကို ဒဏ်ရာအတိုင်းပုံဖော်လိုက်
ဒဏ်ကိုအသံပေါ်တင်ထားလိုက်
အသံကို အတတ်ပညာနဲ့ဂျက်ပင်ထိုးလိုက်
အတတ်ပညာကိုအနုပညာနဲ့ဂျွိုင်းလိုက်။
ပြီး..... အဲဒီထဲခုန်ချလိုက်
ရင်ခုန်သံတွေသစ်လာမယ်။
ပန်းတွေပွင့်လာမယ်။
ရနံ့တွေပေါ်မှေးစက်ဒူးနှံ့လို့
နှလုံးသား လမ်းလျှောက်ထွက်ခဲ့ပြီ
ဦးနှောက်ကို ခလုတ်ပိတ်ထားလိုက်။ ။

ဆောင်းခူးလက်