> သီဟသူ [dot] blogspot [dot] com: ဌေးကြည်(စလင်း)
Showing posts with label ဌေးကြည်(စလင်း). Show all posts
Showing posts with label ဌေးကြည်(စလင်း). Show all posts

Mar 28, 2009

ပြတင်းပေါက်

စစ်လွန်းလို့ ကိုယ့်ကိုကိုယ် ရေရောလိုက်ရ
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။

ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈