ဆေးခန်းကနေ သတင်းကောင်း ရှင် ကျွန်မဆီယူလာတယ်
ရှင့်ပိုးပဝါကို ဆတ်ခနဲဆွဲဖြုတ်
မမ္မီရုပ်အလောင်းပတ်တီးစဖြူဖြူကြပ်ကြပ်တွေကို လှပ်ဖော်ပြ
ပြုံးပြုံးကြီးနဲ့ပြောလို့ အခု ကောင်းသွားပြီတဲ့။
ကျွန်မ ကိုးနှစ်အရွယ်တုန်းက
သံပုရာသီးလိုစိမ်းတဲ့ မေ့ဆေးဆရာဝန်ပေါ့၊
ဖားမျက်နှာဖုံးစွပ်ကတစ်ဆင့်
ကျွန်မကို ငှက်ပျော်သီးဓါတ်ငွေ့ ကျွေးဖူးတယ်။
ပျို့အန်ချင်စရာကောင်းတဲ့ မြေအောက်ခန်းဟာ
အိပ်မက်ဆိုးတွေ၊
ခွဲစိတ်ဆရာဝန်တွေရဲ့-
နတ်ဘုံက စကားသံတွေလိုနဲ့
ပြီးတော့ အမေဟာ ကူးပြီးရောက်လာတယ်
သံဇလုံတစ်လုံးကိုင်လို့။
အဲဒီတုန်းက ကျွန်မ တော်တော် နေမကောင်းဖြစ်နေခဲ့တာလေ။
အဲဒါတွေကို သူတို့အကုန်လုံး ပြောင်းလဲပစ်လိုက်ပြီ။
သေချာပြုတ်ထားတဲ့
ကျွန်မရဲ့ ဆေးရုံအဝတ်အစားပါးပါးလေးအောက်မှာ
ကလီယိုပါထရာဘုရင်မလို ဝတ်လစ်စလစ်ခရီးထွက်၊
ထုံဆေးတွေနဲ့ အမြှုပ်တစီစီထ
သာမန်အခြေအနေမျိုးမဟုတ်တဲ့ ရွှင်ပျပျနဲ့
ခန်းမြှောင်တစ်ခန်းဆီ ကျွန်မ လိမ့်ဝင်သွားတယ်။
အဲဒီမှာ သနားကြင်နာတတ်တဲ့ လူတစ်ယောက်
ကျွန်မ လက်ချောင်းတွေကို လက်သီးဆုပ်ပေးတယ်
လက်ချောင်းတွေကြားကနေ
တန်ဖိုးရှိတဲ့အရာတစ်ခုခု ယိုစီးထွက်ကျနေတယ်လို့
ခံစားမိစေတယ်။ 'တစ်' ကနေ 'နှစ်' လို့ ရေလိုက်တာနဲ့
အမှောင်ထုဟာ ကျွန်မကို
သင်ပုန်းပေါ်က မြေဖြူတွေလို ဖျက်လိုက်တယ်
ကျွန်မ ဘာမှမသိတော့ဘူး။
ငါးရက်လုံးလုံး ကျွန်မ လျှို့ဝှက်စွာ အိပ်စက်
အရက်စည်ပိုက်ခေါင်း ဖွင့်လိုက်သလို
နှစ်ပရိစ္ဆေဒတွေဟာ ကျွန်မ ခေါင်းအုံးထဲ စီးဆင်းသွားကြတယ်။
ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းတောင်
ကျွန်မ နယ်သွားနေတယ်လို့ ထင်ခဲ့တယ်။
အရေပြားမှာ ဘာအမြစ်မှ မရှိဘူး၊
စက္ကူစလို အလွယ်တကူ ခွာယူပစ်လိုက်လို့ရတယ်။
ကျွန်မ အားရပါးရ ပြုံးတဲ့အခါ
ချုပ်ရာတွေဟာ တင်းသွားတယ်။
ကျွန်မ အသက်ပြန်ငယ်သွားတယ်။
အခု ကျွန်မအသက် ၂၀
သုန်သုန်မှုန်မှုန်နဲ့
စကတ်ရှည်တွေဝတ်လို့
ပထမလင်ယောက်ျားရဲ့ ဆိုဖာပေါ်ထိုင်လို့၊
ကျွန်မရဲ့ လက်ချောင်းတွေကို
သေနေတဲ့ ပူဒယ်လ် အမွေးစုတ်ဖွားခွေးရဲ့
သိုးမွေးလို အမွေးထဲ နှစ်မြုပ်လို့။
အဲဒီတုန်းက ကျွန်မ ကြောင်မမွေးသေးဘူး။
အခု ဇာတ်သိမ်းခန်းရောက်နေတာ သူမပေါ့
ကျွန်မ ကြည့်နေတဲ့ ကြေးမုံထဲ တစ်ကြောင်းပြီးတစ်ကြောင်း
အနည်ထိုင်ကျလာတဲ့
အရေတွန့် အဘွားအိုကြီး
ခြေအိတ်မျက်နှာ အဘွားကြီး
လက်ချုပ်လိုက်တဲ့ ဖုလုံးပေါ်မှာ အရေခွံအိတွဲကျ။
စမ်းသပ်ခန်း ဖန်ပြွန်တစ်ခုခုထဲမှာ
သူမကို သူတို့ ချောင်ပိတ်ဖမ်းထားလိုက်ကြပြီ
သေပလေ့စေ အဲဒီမှာ သူမ
ဒါမှမဟုတ် နောက်အနှစ်ငါးဆယ်အတွင်း
အဆက်မပြတ် ရှုံ့တွလှီကျုံ့ သွားပလေ့စေ
ခေါင်းတဆတ်ဆတ်ညိတ် ကိုယ်ကို ရှေ့နောက်လွှဲနေပြီး
ပြောင်သလင်းခါတော့မယ့် ဆံပင်ကို လက်ချောင်းတွေနဲ့
ထိတွေ့ကိုင်နေတဲ့ မိန်းမအိုကြီး။
ကျွန်မကိုယ်တိုင်ရဲ့ မိခင်ပဲ ကျွန်မကတော့
တစ်ကိုယ်လုံး ပတ်တီးတွေပတ်လို့
ကျွန်မ သတိပြန်ရလာတယ်၊
မွေးကင်းစ ကလေးလေးလို
ပန်းနုရောင်
ဆစ်လ်ဗီယာ ပလာ့သ်
၁၅၊ ဖေဖော်ဝါရီ၊ ၁၉၆၁
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Showing posts with label ဇေယျာလင်း. Show all posts
Showing posts with label ဇေယျာလင်း. Show all posts
Jun 5, 2011
ဆောင်းရာသီ ရှုမျှော်ခင်းနှင့် ကျီးအ များ
ကျောက်သားရေတံခါးကတစ်ဆင့်
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။
ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ဝင်နေပေါ့။
လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။
ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်းစိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၅၆
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ကြိတ်ဆုံထဲ စီးဆင်းတဲ့ရေစီး
အနက်ရောင် ရေကန်ထဲ ဒရဟောစီးဝင်တယ်။
အဲဒီရေကန်ပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ ဆက်စပ်မရ
ရာသီလည်း လွဲနေတဲ့
တစ်ကောင်တည်းသော ငန်း
နှင်းလို အကျင့်သီလစင်ကြယ်စွာ ရေပေါ်မှာ ညင်သာရွေ့လျား။
အဲဒီ အဖြူရောင်ထင်ဟပ်မှုကို
ဆွဲချလိုစိတ် မွတ်သိပ်နေတဲ့
နောက်ကျိစိတ်ဟာ
ပို မခံချိမခံသာ ခံစား။
ခြိုးခြံလွန်းတဲ့ နေလုံးကြီး
စိမ့်မြေပေါ်မှာ ဝင်နေပေါ့။
လိမ္မော်ရောင် ဆိုက္ကလော့(ပ်) ဘီလူးမျက်လုံးတစ်လုံး
စိတ်ပျက်ညစ်ညူးရတဲ့ ဒီရှုခင်းကို
အထင်သေး
တာရှည်ကြည့်ချင်ပုံမရ။
ကိုယ်တိုင်ငှက်မွေးတွေခြုံ အတွေးနစ်လို့
ကျွန်မဟာ ကျီးအ တစ်ကောင်လို
ကြွစောင်းစောင်းနဲ့ တအုံနွေးနွေး၊
ဆောင်းည တဖြည်းဖြည်း ကျလာပေါ့။
ပြီးခဲ့တဲ့ နွေရာသီရဲ့ ကျူပင်တွေ
ရေခဲထဲမှာ ထွင်းထားသလို
ရှင့်ရုပ်ပုံဟာလည်း ကျွန်မမျက်လုံးထဲမှာ အဲသလိုအတိုင်း။
နှင်းခါးခြောက်တွေဟာ
ကျွန်မ နာကျင်မှုရဲ့ ပြတင်းပေါက်က မှန်သားပေါ့။
နှလုံးသားရဲ့ ကောမြေ
ပြန်လည်စိမ်းလန်းစိုပြေရေးလား၊
ကျောက်သားထဲက
ဘာ သက်သာစရာ ထွင်းယူရရှိနိုင်မှာလဲ။
မျှော်လင့်ချက်တွေ ခြောက်သယောင်းသွားတဲ့
ဟောဒီအရပ်မှာ
ဘယ်သူ လျှောက်လှမ်းချင်မှာလဲလေ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၅၆
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
အဆောက်အအုံပျက်ကြားမှာ စကားပြောခြင်း
ကျက်သရေရှိလှတဲ့
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။
သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။
လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။
အခု.. ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျမှုနံရံ
ပြိုလဲခဲ့ရပြီ။
ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။
ရှင့်ရဲ့ မုန်တိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။
အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။
ကုတ်အင်္ကျီနဲ့ လည်စည်းနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်ဝံ့မယှက်ဝံ့
သေသေဝပ်ဝပ်ကလေးထိုင်လို့။
ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
(၁၉၅၆)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ကျွန်မအိမ်ရဲ့ ဆင်ဝင်အောက်ကနေ
ရှင်ဟာ ရှင့်အရိုင်းအစိုင်းဒေါသတွေနဲ့
အမြဲလို ချောင်းမြောင်း။
သစ်သီးပန်းကုံးတွေ
သာယာနာပျော်ဖွယ်ရာ တူရိယာတွေ
ဥဒေါင်းငှက်တွေကို
လိုက်လံနှောင့်ယှက်တယ်။
လေဆင်နှာမောင်း
လေဆင်နှာမောင်းကို ဟန့်တားထားတဲ့
တင့်တောင်းတင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင်ဆုတ်ဖြဲပစ်လိုက်တယ်။
အခု.. ကြွယ်ဝခမ်းနားတဲ့
စည်းစနစ်ကျမှုနံရံ
ပြိုလဲခဲ့ရပြီ။
ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအ တွေ အာလို့။
ရှင့်ရဲ့ မုန်တိုင်းထန်မျက်လုံးထဲက
မသာမယာ အေးခဲအလင်းထဲမှာ
နေ့စစ်စစ်တွေ ထွက်လာတဲ့အခါ
ရဲတိုက်ကနေ
စိတ်ပျက်လက်ပျက်ထွက်ခွာသွားတဲ့
စုန်းမလို
မှော်ပဉ္စလက်ဟာ
ထွက်ခွာရှောင်တိမ်းပြေးသွားပြီ။
အပိုင်းပိုင်းအပြတ်ပြတ်
ကျောက်တိုင်တွေဟာ
ကျောက်သားမြင်ကွင်းကို
ဘောင်ခတ်ပစ်လိုက်ပြီ။
ကုတ်အင်္ကျီနဲ့ လည်စည်းနဲ့
ရှင်ဟာ
ပီဘိသူရဲကောင်းကြီးလို မတ်တတ်ရပ်နေခိုက်
ကျွန်မဟာ
ဂရိကိုယ်ကျပ်အင်္ကျီနဲ့
နှောင်တည်းခံဝိညာဉ်နဲ့
ရှင့်ရဲ့အကြည့်မဲကြီးထဲ
မလှုပ်ဝံ့မယှက်ဝံ့
သေသေဝပ်ဝပ်ကလေးထိုင်လို့။
ဇာတ်လမ်းဟာ
အော့နှလုံးနာဖွယ်ရာဖြစ်ခဲ့ပြီ။
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
(၁၉၅၆)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 29, 2011
မနက်ခင်းသီချင်း
ဝဝတုတ်တုတ် ရွှေလက်ပတ်နာရီတစ်လုံးလို
ချစ်ခြင်းမေတဿတာဟာ သားကို သွားစေပြီ။
သားရဲ့ ခြေဖဝါးတွေကို ဝမ်းဆွဲဆရာမက
ရိုက်လိုက်တယ်၊ သဘာဝထဲမှာ
သားရဲ့ အဆင်တန်ဆာမဲ့ အော်သံဟာ
သူ့နေရာသူ ယူလိုက်တယ်။
မေမေတို့ရဲ့ စကားသံတွေဟာ ပဲ့တင်ပြန်၊
သားလေးရဲ့ ရောက်ရှိလာခြင်းကို
အဆပေါင်းများစွာ ချဲ့လိုက်တယ်။
အသစ်စက်စက်ရုပ်တု။
လေဝင်လေထွက် ကောင်းတဲ့ ပြတိုက်ထဲမှာ
သားရဲ့ ဝတ်လစ်စလစ်ဖြစ်မှုဟာ
မေမေတို့ရဲ့ အနဿတရာယ်ကင်းမှုကို
နောက်ယောင်ခံတယ်။
နံရံတွေလို ငိုင်တွေတွေနဲ့
မေမေတို့ ရပ်နေကြတယ်။
လေရဲ့ လက်ချက်နဲ့
တဖြည်းဖြည်း ပျောက်ကွယ်သွားနေတဲ့
တိမ်ဟာ
သူ့ရဲ့ ပျောက်ကွယ်သွားနေခြင်းကို
ပြန်ထင်ဟပ်ဖို့ ကြည့်မှန်တစ်ချပ်ကို
ပေါင်းခံယူတယ်။
သားရဲ့မေမေဟာလည်း ဒီလောက်ပါပဲ။
တစ်ညလုံးပဲ
သားရဲ့ ပိုးဖလံဝင်သက်ထွက်သက်ဟာ
ပြားချပ်နေတဲ့ ပန်းနုရောင်နှင်းဆီတွေကြား
ယိမ်းထိုးသွားလာတယ်။
မေမေ နားထောင်ဖို့ နိုးထတယ်။
မေမေ့ရဲ့ နားထဲမှာ
အဝေးက ပင်လယ်ပြင်ဟာ ရွေ့လျားလို့။
အော်သံတစ်ချက်၊ အိပ်ရာပော်က မေမေလူးလဲထ၊
မေမေ့ ဝိတိုရိယခေတ် ညဝတ်အကဿငျီအောက်မှာ
မေမေဟာ နွားမတစ်ကောင်လို လေးလံပြီး
ပန်းပွင့်ကြီးတစ်ပွင့်လို။
သားရဲ့ ပါးစပ်ကလေးဟာ
ကြောင်တစ်ကောင်ရဲ့ ပါးစပ်လို
သန့်သန့်ရှင်းရှင်း ဟသွားတယ်။
ပြတင်းပေါက်ရဲ့ လေးထောင့်ကွက်
ဖြူဖွေးလာပြီး သူ့ရဲ့ မှုန်မှုန်မှိုင်းမှိုင်း
ကြယ်တွေကို မျိုချပစ်လိုက်တယ်။
ဟော... သားလေးရဲ့ လက်တစ်ဆုပ်စာ
ဂီတ သကေဿငတတွေကို သားစမ်းပြီ။
ကြည်လင်ပြတ်သားတဲ့ သရသံတွေဟာ
ပူဖောင်းတွေလို ပျံတက်လာကြတယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၁
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ချစ်ခြင်းမေတဿတာဟာ သားကို သွားစေပြီ။
သားရဲ့ ခြေဖဝါးတွေကို ဝမ်းဆွဲဆရာမက
ရိုက်လိုက်တယ်၊ သဘာဝထဲမှာ
သားရဲ့ အဆင်တန်ဆာမဲ့ အော်သံဟာ
သူ့နေရာသူ ယူလိုက်တယ်။
မေမေတို့ရဲ့ စကားသံတွေဟာ ပဲ့တင်ပြန်၊
သားလေးရဲ့ ရောက်ရှိလာခြင်းကို
အဆပေါင်းများစွာ ချဲ့လိုက်တယ်။
အသစ်စက်စက်ရုပ်တု။
လေဝင်လေထွက် ကောင်းတဲ့ ပြတိုက်ထဲမှာ
သားရဲ့ ဝတ်လစ်စလစ်ဖြစ်မှုဟာ
မေမေတို့ရဲ့ အနဿတရာယ်ကင်းမှုကို
နောက်ယောင်ခံတယ်။
နံရံတွေလို ငိုင်တွေတွေနဲ့
မေမေတို့ ရပ်နေကြတယ်။
လေရဲ့ လက်ချက်နဲ့
တဖြည်းဖြည်း ပျောက်ကွယ်သွားနေတဲ့
တိမ်ဟာ
သူ့ရဲ့ ပျောက်ကွယ်သွားနေခြင်းကို
ပြန်ထင်ဟပ်ဖို့ ကြည့်မှန်တစ်ချပ်ကို
ပေါင်းခံယူတယ်။
သားရဲ့မေမေဟာလည်း ဒီလောက်ပါပဲ။
တစ်ညလုံးပဲ
သားရဲ့ ပိုးဖလံဝင်သက်ထွက်သက်ဟာ
ပြားချပ်နေတဲ့ ပန်းနုရောင်နှင်းဆီတွေကြား
ယိမ်းထိုးသွားလာတယ်။
မေမေ နားထောင်ဖို့ နိုးထတယ်။
မေမေ့ရဲ့ နားထဲမှာ
အဝေးက ပင်လယ်ပြင်ဟာ ရွေ့လျားလို့။
အော်သံတစ်ချက်၊ အိပ်ရာပော်က မေမေလူးလဲထ၊
မေမေ့ ဝိတိုရိယခေတ် ညဝတ်အကဿငျီအောက်မှာ
မေမေဟာ နွားမတစ်ကောင်လို လေးလံပြီး
ပန်းပွင့်ကြီးတစ်ပွင့်လို။
သားရဲ့ ပါးစပ်ကလေးဟာ
ကြောင်တစ်ကောင်ရဲ့ ပါးစပ်လို
သန့်သန့်ရှင်းရှင်း ဟသွားတယ်။
ပြတင်းပေါက်ရဲ့ လေးထောင့်ကွက်
ဖြူဖွေးလာပြီး သူ့ရဲ့ မှုန်မှုန်မှိုင်းမှိုင်း
ကြယ်တွေကို မျိုချပစ်လိုက်တယ်။
ဟော... သားလေးရဲ့ လက်တစ်ဆုပ်စာ
ဂီတ သကေဿငတတွေကို သားစမ်းပြီ။
ကြည်လင်ပြတ်သားတဲ့ သရသံတွေဟာ
ပူဖောင်းတွေလို ပျံတက်လာကြတယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဖေဖေါ်ဝါရီ၊ ၁၉၆၁
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 9, 2011
အတိတ်မေ့ဝေဒနာရှင်
မထူးတော့ဘူး၊ အခုမှ မထူးတော့ဘူး
ပြန်သတိရပါလို့ မတောင်းဆိုနဲ့တော့။
ဒီလောက်လှပတဲ့ ကွက်လပ်ကို
ချောမွတ်အောင်လုပ်ဖို့ကလွဲလို့
ကျန်တာ ဘာမှမထူးတော့ဘူး။
နာမည်၊ အိမ်၊ ကားသော့တွေ၊
ကစားစရာဇနီးသည်လေး-
ဖျောက်ဖျက်ခံလိုက်ရပြီ။
သက်ပြင်းချ သက်ပြင်းချလိုက်၊
ကလေးလေးယောက်နဲ့
လျှပ်စစ်ထမင်းအိုးတစ်လုံး။
တီကောင်လောက်ရှိတဲ့ သူနာပြုတွေနဲ့
ပိစိညှောင့်တောက်ဆရာဝန်
သူ့ကို စောင်ခြုံပေးကြတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ
သူ့အရေပြားက ကွာကျလာကြတယ်။
အဲဒါအားလုံး မြောင်းထဲသွန်ချလိုက်။
သူ့ခေါင်းအုံးကို
သူ မတို့ထိရဲခဲ့တဲ့
သူ့ဆံပင်နီညီမလေးအဖြစ်စွဲထင်
ပွေ့လိုက်လို့။
သူဟာ နောက်ထပ်အသစ်စက်စက်ကို
အိပ်မက်မက်ယူတယ်။
မြုံလို့၊ တစ်အုပ်လုံးမြုံလို့
အမြုံတွေ။
အရောင်အသွေးလည်း မတူကြဘူး။
သူတို့ခရီးတွေထွက်ကြမယ်
ခရီးတွေ ခရီးတွေ ထွက်ကြမယ်။
ရှုခင်းတွေ
သူတို့မောင်ရင်းနှမတင်ပါးတွေကို
မီးပွင့်စေတယ်
ကြယ်တံခွန်ရဲ့ အမြီးတန်း။
ပြီးတော့...
အားလုံးရဲ့ သုတ်ရည်ပိုက်ဆံ။
သူနာပြုတစ်ယောက်ယူလာတယ်။
အစိမ်းရောင်သောက်စရာတစ်ခု
နောက်တစ်ယောက်ယူလာတာက
အပြာရောင်။
သူ့တစ်ဘက်တစ်ချက်ကနေ
ကြယ်တွေလိုမြင့်တက်လာကြတယ်။
သောက်စရာ နှစ်ခွက်ဟာ
မီးတောက်အမြှုပ်ထ။
ညီမလေးရေ၊
အမေရေ၊
မိန်းမရေ၊
ငါ့ဘဝဟာ ချိုမြိန်တဲ့အတိတ်မေ့မှုပဲ။
ငါ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
အိမ်ပြန်မလာတော့ဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
၂၁၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ပြန်သတိရပါလို့ မတောင်းဆိုနဲ့တော့။
ဒီလောက်လှပတဲ့ ကွက်လပ်ကို
ချောမွတ်အောင်လုပ်ဖို့ကလွဲလို့
ကျန်တာ ဘာမှမထူးတော့ဘူး။
နာမည်၊ အိမ်၊ ကားသော့တွေ၊
ကစားစရာဇနီးသည်လေး-
ဖျောက်ဖျက်ခံလိုက်ရပြီ။
သက်ပြင်းချ သက်ပြင်းချလိုက်၊
ကလေးလေးယောက်နဲ့
လျှပ်စစ်ထမင်းအိုးတစ်လုံး။
တီကောင်လောက်ရှိတဲ့ သူနာပြုတွေနဲ့
ပိစိညှောင့်တောက်ဆရာဝန်
သူ့ကို စောင်ခြုံပေးကြတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ
သူ့အရေပြားက ကွာကျလာကြတယ်။
အဲဒါအားလုံး မြောင်းထဲသွန်ချလိုက်။
သူ့ခေါင်းအုံးကို
သူ မတို့ထိရဲခဲ့တဲ့
သူ့ဆံပင်နီညီမလေးအဖြစ်စွဲထင်
ပွေ့လိုက်လို့။
သူဟာ နောက်ထပ်အသစ်စက်စက်ကို
အိပ်မက်မက်ယူတယ်။
မြုံလို့၊ တစ်အုပ်လုံးမြုံလို့
အမြုံတွေ။
အရောင်အသွေးလည်း မတူကြဘူး။
သူတို့ခရီးတွေထွက်ကြမယ်
ခရီးတွေ ခရီးတွေ ထွက်ကြမယ်။
ရှုခင်းတွေ
သူတို့မောင်ရင်းနှမတင်ပါးတွေကို
မီးပွင့်စေတယ်
ကြယ်တံခွန်ရဲ့ အမြီးတန်း။
ပြီးတော့...
အားလုံးရဲ့ သုတ်ရည်ပိုက်ဆံ။
သူနာပြုတစ်ယောက်ယူလာတယ်။
အစိမ်းရောင်သောက်စရာတစ်ခု
နောက်တစ်ယောက်ယူလာတာက
အပြာရောင်။
သူ့တစ်ဘက်တစ်ချက်ကနေ
ကြယ်တွေလိုမြင့်တက်လာကြတယ်။
သောက်စရာ နှစ်ခွက်ဟာ
မီးတောက်အမြှုပ်ထ။
ညီမလေးရေ၊
အမေရေ၊
မိန်းမရေ၊
ငါ့ဘဝဟာ ချိုမြိန်တဲ့အတိတ်မေ့မှုပဲ။
ငါ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
အိမ်ပြန်မလာတော့ဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
၂၁၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 8, 2011
ဖတဆိုးသားလေးအတွက်
မကြာခင်မှာပဲ သားလေး သတိပြုမိပါလိမ့်မယ်
သစ်တစ်ပင်လို သားနံဘေးမှာ ကြီးထွားလာနေတဲ့
လစ်ဟာမှုတစ်ခု၊
သေခြင်းတရားသစ်တစ်ပင်၊ အရောင်မဲ့
သြစတြေးလျငှက်ဖျားပင်-
ဦးထိပ်မှာ အရွက်တွေမဲ့၊ လျှပ်စီးရဲ့ ကွပ်ခြင်းခံရ-
မာယာတစ်ခု၊
ပြီးတော့ ဘာကိုမှ လုံးလုံးဂရုမပြုတဲ့
ဝက်ဖင်လို မိုးကောင်းကင်။
ဒါပေမဲ့ အခုတော့ သားလေးဟာ နှုတ်ကလေးအ,လို့
အဲသလို ထုံအ,တာကိုပဲ အမေချစ်တယ်
အဲဒီ ထုံ အ,ခြင်းရဲ့ စုံလုံးကန်းနေတဲ့မှန်။
အဲဒီမှန်ထဲ အမေကြည့်လိုက်တော့
အမေ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မရှိဘူး။
အဲဒါ ရယ်စရာလို့ သားလေး ထင်နေတယ်။
အမေ့အတွက်တော့ ကောင်းတယ်
အမေ့နှာခေါင်းကို သားလေးဆွဲညှစ်တယ်၊
ဒါဟာ လှေကားတစ်ထစ်ပဲ။
တစ်နေ့နေ့မှာ
မှားနေတဲ့အရာတစ်ခုကို
သား သတိပြုမိလိမ့်မယ်၊
သေးငယ်တဲ့ ဦးခွံရိုးလေးတွေ၊
ရိုက်ခွဲခံလိုက်ရတဲ့ အပြာရောင်တောင်တန်းတွေ၊
ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီး။
အဲဒီအချိန်အထိ
သားလေးရဲ့ အပြုံးတွေဟာ အမေ့အတွက်
ကောက်ရပိုက်ဆံတွေ ဖြစ်နေကြမှာပါပဲ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၆၊ စက်တင်ဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
သစ်တစ်ပင်လို သားနံဘေးမှာ ကြီးထွားလာနေတဲ့
လစ်ဟာမှုတစ်ခု၊
သေခြင်းတရားသစ်တစ်ပင်၊ အရောင်မဲ့
သြစတြေးလျငှက်ဖျားပင်-
ဦးထိပ်မှာ အရွက်တွေမဲ့၊ လျှပ်စီးရဲ့ ကွပ်ခြင်းခံရ-
မာယာတစ်ခု၊
ပြီးတော့ ဘာကိုမှ လုံးလုံးဂရုမပြုတဲ့
ဝက်ဖင်လို မိုးကောင်းကင်။
ဒါပေမဲ့ အခုတော့ သားလေးဟာ နှုတ်ကလေးအ,လို့
အဲသလို ထုံအ,တာကိုပဲ အမေချစ်တယ်
အဲဒီ ထုံ အ,ခြင်းရဲ့ စုံလုံးကန်းနေတဲ့မှန်။
အဲဒီမှန်ထဲ အမေကြည့်လိုက်တော့
အမေ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မရှိဘူး။
အဲဒါ ရယ်စရာလို့ သားလေး ထင်နေတယ်။
အမေ့အတွက်တော့ ကောင်းတယ်
အမေ့နှာခေါင်းကို သားလေးဆွဲညှစ်တယ်၊
ဒါဟာ လှေကားတစ်ထစ်ပဲ။
တစ်နေ့နေ့မှာ
မှားနေတဲ့အရာတစ်ခုကို
သား သတိပြုမိလိမ့်မယ်၊
သေးငယ်တဲ့ ဦးခွံရိုးလေးတွေ၊
ရိုက်ခွဲခံလိုက်ရတဲ့ အပြာရောင်တောင်တန်းတွေ၊
ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီး။
အဲဒီအချိန်အထိ
သားလေးရဲ့ အပြုံးတွေဟာ အမေ့အတွက်
ကောက်ရပိုက်ဆံတွေ ဖြစ်နေကြမှာပါပဲ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၆၊ စက်တင်ဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 7, 2011
အဲလ်(မ်)ပင်
အောက်ခြေကြမ်းပြင်ကို သူမ သိသတဲ့။
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။
ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။
အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။
အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။
ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။
ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။
အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။
လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။
ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။
မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။
ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။
ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။
အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။
အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။
ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။
ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။
အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။
လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။
ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။
မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။
ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 6, 2011
လေဒီလားဇ်ရပ်(စ်)
ကျွန်မ လုပ်လိုက်ပြန်ပြီ။
ဆယ်နှစ်တစ်ကြိမ် ကျွန်မ လုပ်တယ်-
လမ်းလျှောက်နေတဲ့ အံ့ဖွယ်တစ်ပါးပေါ့
ကျွန်မရဲ့ အရေပြားဟာ
နာဇီမီးအုပ်ဆောင်းလို တောက်ပ
ကျွန်မရဲ့ ညာခြေထောက်ဟာ
စကဿကူဖိဖန္တုံး။
ကြ်န္မရဲ့ မ်က္နွာမွာ
ဘာအသြင္အျပင္မွ မရွိဘူး၊
နူးညံ့တဲ့ ဂ်ူးပိတ္သားစ။
ကြ်န္မကို အုပ္ထားတဲ့ ပဝါကို
ခြာလိုက္ပါ
ကျွန်မရဲ့ ရန်သူတော်ငဲ့
ရှင့်ကို ထိတ်လန့်သွားစေသလား-
နှာခေါင်း မျက်တွင်း၊ သွားတွေ
စုံရဲ့လား။
ခံတွင်းသိုးနံ့ဟာ
တစ်ရက်တည်းနဲ့ ပျောက်သွားမှာပါ။
မကြာခင်၊ မကြာခင်မှာပဲ
သေတွင်းက စားပစ်လိုက်တဲ့
ကျွန်မရဲ့ အသားအရည်
ကျွန်မကိုယ်ပေါ်
နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။
ကျွန်မဟာ ပြုံးနေတတ်တဲ့ မိန်းမ
အသက်ကလည်း သုံးဆယ်လေးတင် ရှိသေးတယ်။
ကြောင်လိုပဲ ကျွန်မမှာ
သေဖို့ ကိုးကြိမ်တိတိရှိတယ်။
ဒါဟာ သုံးကြိမ်မြောက်။
ဆယ်စုနှစ် တစ်ခုစီကို ဖျက်ဆီးပစ်ရတာ
တကယ်ရှုပ်တာပဲ။
နန်းကြိုးမျှင်တွေ သိန်းသန်းကုဋေတောင်ပါပဲလား။
မြေပဲဆားလှော်ဝါးတဲ့ ပရိသတ်ကြီး
တိုးကြိတ်ပြီး ဝင်ကြည့်လိုက်ကြတာ
ကျွန်မရဲ့ ခြေတွေလက်တွေ
သူတို့မြင်အောင် ကျွန်မကိုယ်ကျွန်မ
ဖြည်ပြ
ခုနှစ်လွှာချွတ်ပွဲကြီး တစ်ခုပေါ့။
ဂုဏ်သရေရှိလူကြီးမင်းများ၊
ဂုဏ်သရေရှိ အမျိုးကောင်းသမီးများရှင်
ဒါတွေဟာ ကျွန်မရဲ့ လက်တွေ
ဒါတွေဟာ ကျွန်မရဲ့ ဒူးခေါင်းတွေ
လောလောဆယ် အရိုးပေါ် အရေတင်။
ဒါပေမဲ့ ကျွန်မဘာမှ မပြောင်းလဲဘူး
ယခင် မိန်းမ ပကတိပဲ။
ပထမဆုံးအကြိမ် ဖြစ်တုန်းက
ကျွန်မ ဆယ်နှစ်ပဲရှိသေး
အဲဒါ မတော်တဆ ဖြစ်ခဲ့တာ။
ဒုတိယအကြိမ်မှာတော့
ဘယ်တော့မှ ပြန်မလာတော့အောင် လုပ်ခဲ့တာ။
ပင်လယ်ခရုခွံလို
ကျွန်မကို ကျွန်မ ပိတ်ဆို့ပစ်လိုက်တယ်။
သူတို့ ကျွန်မကို အော်အော်ခေါ်ရ
ချွဲကျိကျိ ပုလဲလုံးတွေလို သူတို့ခွာပစ်ရသတဲ့
ကျွန်မကိုယ်ပေါ်က လောက်တွေကို။
သေတာဟာ ပညာသားပါဖို့လိုတယ်
ဘယ်ဟာမဆိုလိုပဲပေါ့။
ဒါမျိုးဆို ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။
ငရဲလိုခံစားရအောင် ကျွန်မလုပ်တတ်တယ်
အစစ်အမှန်လို ခံစားရအောင် လုပ်တတ်တယ်
ကျွန်မရဲ့ ပါရမီပဲလို့ ပြောလို့ရမယ် ထင်ပါရဲ့။
မြေအောင်ခန်းလေးထဲမှာ လုပ်ရတာ လွယ်တယ်
လုပ်ပြီးတော့ အဲဒီအတိုင်းပဲ နေရတာ လွယ်တယ်
စိတ်ညစ်စရာက
အလင်းပြောင်ပြောင်ကြီးထဲ
ပြဇာတ်ဆန်ဆန် ပြန်ပြန်လာရတာ
အဲဒီ ယခင်နေရာ အဲဒီ ယခင်မျက်နှာ
အဲဒီ ယခင်အခြေအနေအတိုင်း
ကြမ်းကြမ်းကြုတ်ကြုတ် ပျော်ရွှင်နေကြတဲ့
အော်သံကြီးဆီ
'အံ့ဖွယ်ပဲဟေ့၊
ဘုရားသခင် တန်ခိုးပြတာပဲ။'
အဲဒီစကားမျိုးတွေပေါ့
ကျွန်မကို အလဲထိုးပစ်တာ။
အခကြေးငွေ ပေးရတယ်
ကျွန်မရဲ့ အမာရွတ်တွေ ကြည့်ရဖို့
အခကြေးငွေပေးရတယ်
ကျွန်မရဲ့ နှလုံးခုန်သံကို နားထောင်ဖို့
တကယ်လည်း တဒိတ်ဒိတ်ခုန်ပါတယ်။
အခြားအခအကြေးငွေတွေ ရှိသေးတယ်
တန်ဖိုးကြီးကြီး ပေးရတယ်
ကျွန်မဆီက စကားတစ်ခွန်းအတွက်
ကျွန်မ အသားကို ထိရဖို့အတွက်
ဒါမှမဟုတ် ကျွန်မရဲ့ သွေးတစ်စ
ဒါမှမဟုတ် ကျွန်မရဲ့ ဆံခြည်တစ်မျှင်
ကျွန်မကိုယ်ပေါ်က အဝတ်အစားအပိုင်းအစ။
အဲဒီတော့၊ အဲဒီတော့၊ ဟာ(ရ်)ဒေါက်တာ
အဲဒီတော့၊ ဟာ(ရ်)ရန်သူတော်ကြီးငဲ့။
ကျွန်မဟာ ရှင့်ရဲ့လက်ရာမြောက်
ကျွန်မဟာ ရှင့်ရဲ့ အဖိုးတန်ဆုံး၊
အော်သံထဲ အရည်ပျော်သွားတဲ့
ရွှေသားစစ်စစ် အချစ်ကလေးပေါ့။
ဟိုဘက် ဒီဘက် ကျွန်မ လှည့်စောင်းပြီး
တစ်ကိုယ်လုံး လောင်မြိုက်လို့နေတယ်။
ရှင့်ရဲ့ ကြီးမားတဲ့ စိုးရိမ်မ၍ကို
ကျွန်မ လျှော့တွက်တယ်လို့ မထင်ပါနဲ့။
ရှင် ထိုးလိုက် ဆွလိုက်လုပ်နေတာ
ဘာရမယ် ထင်လို့လဲရှင်
ပြာတွေ၊ ပြာတွေပဲ
အသား၊ အရိုး ရှိမှ မရှိတာပဲ-
ဆပ်ပြာတစ်ခဲ
မဂဿ လာဆောင် လက်စွပ်တစ်ကွင်း
သွားအပေါက်ဖာတဲ့ ရွှေစ
အဲဒါတွေပဲ။
ဟာ(ရ်)ဖန်ဆင်းရှင်
ဟာ(ရှ်)ယမမင်း
သတိထား
သတိထား။
ပြာပုံထဲက
ဆံပင်နီရဲနဲ့ ကျွန်မ
ထိုးထွက်ထလာပြီး
ယောက်ျားတွေကို
လေလိုစားပစ်တယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ဆယ်နှစ်တစ်ကြိမ် ကျွန်မ လုပ်တယ်-
လမ်းလျှောက်နေတဲ့ အံ့ဖွယ်တစ်ပါးပေါ့
ကျွန်မရဲ့ အရေပြားဟာ
နာဇီမီးအုပ်ဆောင်းလို တောက်ပ
ကျွန်မရဲ့ ညာခြေထောက်ဟာ
စကဿကူဖိဖန္တုံး။
ကြ်န္မရဲ့ မ်က္နွာမွာ
ဘာအသြင္အျပင္မွ မရွိဘူး၊
နူးညံ့တဲ့ ဂ်ူးပိတ္သားစ။
ကြ်န္မကို အုပ္ထားတဲ့ ပဝါကို
ခြာလိုက္ပါ
ကျွန်မရဲ့ ရန်သူတော်ငဲ့
ရှင့်ကို ထိတ်လန့်သွားစေသလား-
နှာခေါင်း မျက်တွင်း၊ သွားတွေ
စုံရဲ့လား။
ခံတွင်းသိုးနံ့ဟာ
တစ်ရက်တည်းနဲ့ ပျောက်သွားမှာပါ။
မကြာခင်၊ မကြာခင်မှာပဲ
သေတွင်းက စားပစ်လိုက်တဲ့
ကျွန်မရဲ့ အသားအရည်
ကျွန်မကိုယ်ပေါ်
နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။
ကျွန်မဟာ ပြုံးနေတတ်တဲ့ မိန်းမ
အသက်ကလည်း သုံးဆယ်လေးတင် ရှိသေးတယ်။
ကြောင်လိုပဲ ကျွန်မမှာ
သေဖို့ ကိုးကြိမ်တိတိရှိတယ်။
ဒါဟာ သုံးကြိမ်မြောက်။
ဆယ်စုနှစ် တစ်ခုစီကို ဖျက်ဆီးပစ်ရတာ
တကယ်ရှုပ်တာပဲ။
နန်းကြိုးမျှင်တွေ သိန်းသန်းကုဋေတောင်ပါပဲလား။
မြေပဲဆားလှော်ဝါးတဲ့ ပရိသတ်ကြီး
တိုးကြိတ်ပြီး ဝင်ကြည့်လိုက်ကြတာ
ကျွန်မရဲ့ ခြေတွေလက်တွေ
သူတို့မြင်အောင် ကျွန်မကိုယ်ကျွန်မ
ဖြည်ပြ
ခုနှစ်လွှာချွတ်ပွဲကြီး တစ်ခုပေါ့။
ဂုဏ်သရေရှိလူကြီးမင်းများ၊
ဂုဏ်သရေရှိ အမျိုးကောင်းသမီးများရှင်
ဒါတွေဟာ ကျွန်မရဲ့ လက်တွေ
ဒါတွေဟာ ကျွန်မရဲ့ ဒူးခေါင်းတွေ
လောလောဆယ် အရိုးပေါ် အရေတင်။
ဒါပေမဲ့ ကျွန်မဘာမှ မပြောင်းလဲဘူး
ယခင် မိန်းမ ပကတိပဲ။
ပထမဆုံးအကြိမ် ဖြစ်တုန်းက
ကျွန်မ ဆယ်နှစ်ပဲရှိသေး
အဲဒါ မတော်တဆ ဖြစ်ခဲ့တာ။
ဒုတိယအကြိမ်မှာတော့
ဘယ်တော့မှ ပြန်မလာတော့အောင် လုပ်ခဲ့တာ။
ပင်လယ်ခရုခွံလို
ကျွန်မကို ကျွန်မ ပိတ်ဆို့ပစ်လိုက်တယ်။
သူတို့ ကျွန်မကို အော်အော်ခေါ်ရ
ချွဲကျိကျိ ပုလဲလုံးတွေလို သူတို့ခွာပစ်ရသတဲ့
ကျွန်မကိုယ်ပေါ်က လောက်တွေကို။
သေတာဟာ ပညာသားပါဖို့လိုတယ်
ဘယ်ဟာမဆိုလိုပဲပေါ့။
ဒါမျိုးဆို ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။
ငရဲလိုခံစားရအောင် ကျွန်မလုပ်တတ်တယ်
အစစ်အမှန်လို ခံစားရအောင် လုပ်တတ်တယ်
ကျွန်မရဲ့ ပါရမီပဲလို့ ပြောလို့ရမယ် ထင်ပါရဲ့။
မြေအောင်ခန်းလေးထဲမှာ လုပ်ရတာ လွယ်တယ်
လုပ်ပြီးတော့ အဲဒီအတိုင်းပဲ နေရတာ လွယ်တယ်
စိတ်ညစ်စရာက
အလင်းပြောင်ပြောင်ကြီးထဲ
ပြဇာတ်ဆန်ဆန် ပြန်ပြန်လာရတာ
အဲဒီ ယခင်နေရာ အဲဒီ ယခင်မျက်နှာ
အဲဒီ ယခင်အခြေအနေအတိုင်း
ကြမ်းကြမ်းကြုတ်ကြုတ် ပျော်ရွှင်နေကြတဲ့
အော်သံကြီးဆီ
'အံ့ဖွယ်ပဲဟေ့၊
ဘုရားသခင် တန်ခိုးပြတာပဲ။'
အဲဒီစကားမျိုးတွေပေါ့
ကျွန်မကို အလဲထိုးပစ်တာ။
အခကြေးငွေ ပေးရတယ်
ကျွန်မရဲ့ အမာရွတ်တွေ ကြည့်ရဖို့
အခကြေးငွေပေးရတယ်
ကျွန်မရဲ့ နှလုံးခုန်သံကို နားထောင်ဖို့
တကယ်လည်း တဒိတ်ဒိတ်ခုန်ပါတယ်။
အခြားအခအကြေးငွေတွေ ရှိသေးတယ်
တန်ဖိုးကြီးကြီး ပေးရတယ်
ကျွန်မဆီက စကားတစ်ခွန်းအတွက်
ကျွန်မ အသားကို ထိရဖို့အတွက်
ဒါမှမဟုတ် ကျွန်မရဲ့ သွေးတစ်စ
ဒါမှမဟုတ် ကျွန်မရဲ့ ဆံခြည်တစ်မျှင်
ကျွန်မကိုယ်ပေါ်က အဝတ်အစားအပိုင်းအစ။
အဲဒီတော့၊ အဲဒီတော့၊ ဟာ(ရ်)ဒေါက်တာ
အဲဒီတော့၊ ဟာ(ရ်)ရန်သူတော်ကြီးငဲ့။
ကျွန်မဟာ ရှင့်ရဲ့လက်ရာမြောက်
ကျွန်မဟာ ရှင့်ရဲ့ အဖိုးတန်ဆုံး၊
အော်သံထဲ အရည်ပျော်သွားတဲ့
ရွှေသားစစ်စစ် အချစ်ကလေးပေါ့။
ဟိုဘက် ဒီဘက် ကျွန်မ လှည့်စောင်းပြီး
တစ်ကိုယ်လုံး လောင်မြိုက်လို့နေတယ်။
ရှင့်ရဲ့ ကြီးမားတဲ့ စိုးရိမ်မ၍ကို
ကျွန်မ လျှော့တွက်တယ်လို့ မထင်ပါနဲ့။
ရှင် ထိုးလိုက် ဆွလိုက်လုပ်နေတာ
ဘာရမယ် ထင်လို့လဲရှင်
ပြာတွေ၊ ပြာတွေပဲ
အသား၊ အရိုး ရှိမှ မရှိတာပဲ-
ဆပ်ပြာတစ်ခဲ
မဂဿ လာဆောင် လက်စွပ်တစ်ကွင်း
သွားအပေါက်ဖာတဲ့ ရွှေစ
အဲဒါတွေပဲ။
ဟာ(ရ်)ဖန်ဆင်းရှင်
ဟာ(ရှ်)ယမမင်း
သတိထား
သတိထား။
ပြာပုံထဲက
ဆံပင်နီရဲနဲ့ ကျွန်မ
ထိုးထွက်ထလာပြီး
ယောက်ျားတွေကို
လေလိုစားပစ်တယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 2, 2011
ဒယ်ဒီ
မတော်တော့ဘူး မဆန့်တော့ဘူး
ဟောဒီ ဖိနပ်မည်းမည်းကြီး
ဒီထဲမှာသမီး ခြေတစ်ဖက်လိုနေခဲ့ရ
နှစ်ပေါင်းသုံးဆယ်ရှိပြီပေါ့၊
ဆင်းရဲနွမ်းပါးဖြူဖျော့၊
အသက်ဝဝမရှုရဲ
ဟပ်ချိုးတောင် မချေရဲခဲ့ဘူး။
ဒယ်ဒီ၊
ဒယ်ဒီ့ကို သမီးသတ်လိုက်ရပြီ။
သမီးအချိန်မရခင် ဒယ်ဒီက သေနှင့်ခဲ့တာကိုး
စကျင်ကျောက်လို လေးလေးကြီး
ဘုရားသခင် ပြည့်သိပ်နေတဲ့ အိတ်တစ်လုံး
ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုး ကျောက်ရုပ်ကြီး
"ဖရစဿစကို" ပင်လယ်ဖျံလောက်ကြီးမားတဲ့
မီးခိုးရောင်ခြေချောင်းကြီးတစ်ချောင်းနဲ့
ဦးခေါင်းကတော့
ဖောက်လွဲဖောက်ပြန်တတ်တဲ့ အတဿတလနိဿတတ္ထဲမွာ
အပြာရောင်အစိမ်းရောင်တွေ သွန်လောင်းချတဲ့
လှပတဲ့ "နောစက်" ကမ်းခြေရဲ့
ပင်လယ်ရေမှာပေါ့။
ဒယ်ဒီ့ကို ပြန်လည်ရရှိဖို့
သမီး တောင်းဆုတွေ ပြုခဲ့လိုက်ရတာလေ။
သြော်-- ဒယ်ဒီ။
ဂျာမန်ဘာသာစကားနဲ့
စစ်တွေ စစ်တွေ စစ်တွေရဲ့
ဒလိမ့်တုံးအောက်မှာ ပြားချပ်ခဲ့ရတဲ့
ပိုလန်မြို့ကလေးမှာပေါ့။
ဒါပေမဲ့
ဒီမြို့ရဲ့ နာမည်ဟာ သာမန်အများသုံးနာမည်ပါပဲ။
သမီးရဲ့ ပိုလန်လူမျိုး သူငယ်ချင်းရဲ့
အဆိုအရတော့
ဒီနာမည်မျိုးဟာ တစ်ဒါဇင် နှစ်ဒါဇင်ရှိသတဲ့။
အဲတော့
ဒယ်ဒီ့ခြေ ဒယ်ဒီ့အမြစ်
ဘယ်မှာချလို့ ဘယ်မှာစမှန်း
သမီး ဘယ်လိုမှ မသိခဲ့ရဘူး။
ဒယ်ဒီနဲ့သမီး
စကားပြောလို့ကို မရခဲ့ဘူး။
လျှာဟာ သမီးရဲ့မေးရိုးထဲမှာ
ညပ်ညပ်နေခဲ့တယ်။
သမီးရဲ့လျှာဟာ
သံစူးကြိုးထောင်ချောက်ထဲမှာ
ငြိငြိနေခဲ့တယ်။
သမီး၊ ကျွန်မ၊ ငါ၊ ငါ၊ ငါ
အဲသိလို အစ်အစ်အာအာနဲ့
ဘာမှဆက်ပြောလို့မရတော့ဘူး။
ဂျာမန်လူမျိုးတိုင်းကို
ဒယ်ဒီလို့ပဲထင်ခဲ့တယ်။
ဂျာမန်ဘာသာစကားဟာလည်း
ညစ်ညမ်း
မီးရထားစက်ခေါင်း
မီးရထားစက်ခေါင်းတစ်လုံးပဲ
သမီးကို ဂျူးတစ်ယောက်လို
အဝေးကို တင်ခုတ်မောင်းသွားတာ။
ဂျူးတွေပို့တဲ့နေရာ သမီးလည်း ပါသွားရ
'ဒါ့(က်)ဟောင်း၊ သြရှဝစ်(တ်)(ဇ်)၊ ဘယ်(လ်)ဆင်'။
ဂျူးတစ်ယောက်ပြောပုံမျိုး သမီးပါးစပ်က ထွက်နေမိ။
ဂျူးတစ်ယောက်လို့တောင်
သမီးကိုယ်သမီး ထင်နေမိတော့တယ်။
'တိုင်ရိုး(လ်)' က နှင်းခဲတွေ
'ဗီယင်နာ' က ကြည်လဲ့လဲ့ဘီယာတွေ၊
တကယ်တမ်းတော့ မသန့်စင်
မစစ်မှန်ကြပါဘူး။
သမီးရဲ့ သွေးထဲမှာ ဂျစ်ပစီမျိုးရိုးနဲ့
သမီးရဲ့ ထူးခြားဆန်းပြားတဲ့ ကံမျိုးနဲ့
ပြီးတော့ သမီးရဲ့ လက်ဆွဲ
'တာရော့' ဖဲထုတ်၊ 'တာရော့' ဖဲထုတ်နဲ့
သမီးဟာ ဂျူးတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။
သမီး အမြဲကြောက်ခဲ့ရတာ ဒယ်ဒီ့ကို
ဒယ်ဒီ့ရဲ့ 'လုပ်(ဖ်) ဝါ့(ဖ်)(တ်)' လေတပ်
ဒယ်ဒီ့ရဲ့ သာမန်လူနားမလည်တဲ့ စကားတွေ။
ပြီးတော့
ဒယ်ဒီ့ရဲ့ သပ်သပ်ရပ်ရပ်တိထားတဲ့ နှုတ်ခမ်းမွှေး
ဒယ်ဒီ့ရဲ့ အာရီယန်မျက်လုံးပြာလဲ့လဲ့။
တင့်ကားတပ်သား တင့်ကားတပ်သား
အဲဒါ ဒယ်ဒီပဲ-
ဘုရားသခင်မဟုတ်တဲ့
စြာဿ(စ)တီကာ စျကာပတ္ပုံ
မည်းနက်လွန်းလို့ ဘယ်ကောင်းကင်မှ
'ကျွီ' ခနဲ တိုးဝင်လို့ မရခဲ့ဘူး။
မိန်းမတိုင်းဟာ 'ဖက်ဆစ်' ဆို မြတ်နိုးတယ်၊
မျက်နှာကို ကျွေးလိုက်တဲ့ ဘွတ်ဖိနပ်၊
ပက်ပက်စက်စက် ရက်စက်တဲ့ နှလုံးသားနဲ့
ပက်ပက်စက်စက် ရက်စက်ရဲတဲ့သူ
ဒယ်ဒီ့လိုလူပေါ့။
ကျောက်သင်ပုန်းရှေ့မှာ ဒယ်ဒီဟာ ရပ်လို့
သမီးမှာရှိတဲ့ ဒယ်ဒီ့ဓါတ်ပုံထဲမှာလေ၊
အကွဲကြောင်းဟာ ဒယ်ဒီ့ခြေမှာမဟုတ်ဘဲ
ဒယ်ဒီ့မေးစေ့မှာ။
ဒါပေမဲ့ ဘာထူးလဲ
ဒယ်ဒီလည်း အကွဲကြောင်းနဲ့ မကောင်းဆိုးဝါးမိစဿဆာပဲ။
သမီးရဲ့ ချစ်စရာ အနီရောင်အသည်းလေးကို
နှစ်ပိုင်းကိုက်ဖြတ်ပစ်လိုက်တဲ့
အဲဒီလူမည်းကြီးနဲ့
ဘာထူးလို့လဲ။
ဒယ်ဒီ့ကို သူတို့မြှုပ်လိုက်တုန်းက
သမီးဟာ ဆယ်နှစ်ပဲရှိသေး။
အသက်နှစ်ဆယ်မှာ သမီး
သေဖို့ကြိုးစားခဲ့ဖူးတယ်၊
ဒယ်ဒီ့ဆီ ပြန်လာဖို့၊
ဒယ်ဒီ့အရိုးတွေဆီ ပြန်ရောက်ရင်လည်း
ကျေနပ်ဖို့ သမီးအအဆင်သင့်ပဲ။
အဲဒီ ပိတ်ကြမ်းအိတ်ထဲက
သူတို့ သမီးကို ဆွဲထုတ်ခဲ့ရ၊
သမီးကို သူတို့
ကော်တွေနဲ့ ပြန်ကပ်ပေးလိုက်တယ်။
အဲဒါပြီး ဘာလုပ်ရမယ် သမီးသိသွားတယ်။
ဒယ်ဒီ့ပုံတူ အရုပ်တစ်ရုပ်
သမီးလုပ်လိုက်တယ်၊
အနက်ရောင်ဝတ်စုံဝတ်
မိုင်းကမ့်(ဖ်) ရုပ်မျိုးနဲ့ ယောက်ျားတစ်ယောက်
အရိုးတွေ ကျွတ်ကျွတ်ကျိုးအောင်
ညှဿဉ်းပန်းတဲ့ ယနဿတရားကို ချစ်တဲ့သူ။
သူ့ကို သမီးချစ်ပါ့မယ်၊ ကြည်ဖြူပါ့မယ်၊
မြတ်နိုးပါ့မယ်၊
ကတိတွေပေးပြီး ယူလိုက်တယ်။
အဲတော့ ဒယ်ဒီ
သမီး ဇာတ်စုံခင်းလိုက်ပြီ။
အနက်ရောင်တယ်လီဖုန်းကို
ကြိုးကနေဖြုတ်လိုက်ပြီ၊
ဘာစကားသံမှ ဖျစ်ညှစ်ဝင်လို့ မရတော့ဘူး။
အကယ်ဿ၍ သမီး ယောက်ျားတစ်ယောက်ကို သတ်မိရင်
တကယ်ဆို နှစ်ယောက်ကို သတ်လိုက်ပြီ-
သူ့ကိုယ်သူ ဒယ်ဒီပါလို့ ပြောပြောပြီး
သမီးသွေးကို တစ်နှစ်လုံးလုံး စုပ်ခဲ့တဲ့ ဖုတ်ကောင်၊
ဒယ်ဒီသိချင်ရင် ပြောပြလိုက်ပါဦးမယ်
တစ်နှစ်မက ခုနှစ်နှစ်၊ ခုနှစ်နှစ်လုံးလုံးပဲ။
ကဲ... ဒယ်ဒီ
ပြန်လှဲအိပ်လို့ရပါပြီ။
ဒယ်ဒီ့ရဲ့ မည်းနက်တဲ့ နှလုံးသားအစ်အစ်ကြီးမှာ
စူးချွန်တစ်ချောင်း စိုက်နေပြီ
ရွာသားတွေဟာ ဒယ်ဒီ့ကို
ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
အခု သူတို့ ကလို့ခုန်
ဒယ်ဒီ့ပေါ်တက်နင်း ဆောင့်ကြပြီ။
ဒယ်ဒီ့ရဲ့ ပယောဂ သူတို့ အမြဲသိခဲ့ပေါ့။
ဒယ်ဒီ ဒယ်ဒီ ရှင် လူယူတ်မာကြီး၊
ဒီမှာ သမီး ဇာတ်သိမ်းပြီ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၂၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ဟောဒီ ဖိနပ်မည်းမည်းကြီး
ဒီထဲမှာသမီး ခြေတစ်ဖက်လိုနေခဲ့ရ
နှစ်ပေါင်းသုံးဆယ်ရှိပြီပေါ့၊
ဆင်းရဲနွမ်းပါးဖြူဖျော့၊
အသက်ဝဝမရှုရဲ
ဟပ်ချိုးတောင် မချေရဲခဲ့ဘူး။
ဒယ်ဒီ၊
ဒယ်ဒီ့ကို သမီးသတ်လိုက်ရပြီ။
သမီးအချိန်မရခင် ဒယ်ဒီက သေနှင့်ခဲ့တာကိုး
စကျင်ကျောက်လို လေးလေးကြီး
ဘုရားသခင် ပြည့်သိပ်နေတဲ့ အိတ်တစ်လုံး
ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုး ကျောက်ရုပ်ကြီး
"ဖရစဿစကို" ပင်လယ်ဖျံလောက်ကြီးမားတဲ့
မီးခိုးရောင်ခြေချောင်းကြီးတစ်ချောင်းနဲ့
ဦးခေါင်းကတော့
ဖောက်လွဲဖောက်ပြန်တတ်တဲ့ အတဿတလနိဿတတ္ထဲမွာ
အပြာရောင်အစိမ်းရောင်တွေ သွန်လောင်းချတဲ့
လှပတဲ့ "နောစက်" ကမ်းခြေရဲ့
ပင်လယ်ရေမှာပေါ့။
ဒယ်ဒီ့ကို ပြန်လည်ရရှိဖို့
သမီး တောင်းဆုတွေ ပြုခဲ့လိုက်ရတာလေ။
သြော်-- ဒယ်ဒီ။
ဂျာမန်ဘာသာစကားနဲ့
စစ်တွေ စစ်တွေ စစ်တွေရဲ့
ဒလိမ့်တုံးအောက်မှာ ပြားချပ်ခဲ့ရတဲ့
ပိုလန်မြို့ကလေးမှာပေါ့။
ဒါပေမဲ့
ဒီမြို့ရဲ့ နာမည်ဟာ သာမန်အများသုံးနာမည်ပါပဲ။
သမီးရဲ့ ပိုလန်လူမျိုး သူငယ်ချင်းရဲ့
အဆိုအရတော့
ဒီနာမည်မျိုးဟာ တစ်ဒါဇင် နှစ်ဒါဇင်ရှိသတဲ့။
အဲတော့
ဒယ်ဒီ့ခြေ ဒယ်ဒီ့အမြစ်
ဘယ်မှာချလို့ ဘယ်မှာစမှန်း
သမီး ဘယ်လိုမှ မသိခဲ့ရဘူး။
ဒယ်ဒီနဲ့သမီး
စကားပြောလို့ကို မရခဲ့ဘူး။
လျှာဟာ သမီးရဲ့မေးရိုးထဲမှာ
ညပ်ညပ်နေခဲ့တယ်။
သမီးရဲ့လျှာဟာ
သံစူးကြိုးထောင်ချောက်ထဲမှာ
ငြိငြိနေခဲ့တယ်။
သမီး၊ ကျွန်မ၊ ငါ၊ ငါ၊ ငါ
အဲသိလို အစ်အစ်အာအာနဲ့
ဘာမှဆက်ပြောလို့မရတော့ဘူး။
ဂျာမန်လူမျိုးတိုင်းကို
ဒယ်ဒီလို့ပဲထင်ခဲ့တယ်။
ဂျာမန်ဘာသာစကားဟာလည်း
ညစ်ညမ်း
မီးရထားစက်ခေါင်း
မီးရထားစက်ခေါင်းတစ်လုံးပဲ
သမီးကို ဂျူးတစ်ယောက်လို
အဝေးကို တင်ခုတ်မောင်းသွားတာ။
ဂျူးတွေပို့တဲ့နေရာ သမီးလည်း ပါသွားရ
'ဒါ့(က်)ဟောင်း၊ သြရှဝစ်(တ်)(ဇ်)၊ ဘယ်(လ်)ဆင်'။
ဂျူးတစ်ယောက်ပြောပုံမျိုး သမီးပါးစပ်က ထွက်နေမိ။
ဂျူးတစ်ယောက်လို့တောင်
သမီးကိုယ်သမီး ထင်နေမိတော့တယ်။
'တိုင်ရိုး(လ်)' က နှင်းခဲတွေ
'ဗီယင်နာ' က ကြည်လဲ့လဲ့ဘီယာတွေ၊
တကယ်တမ်းတော့ မသန့်စင်
မစစ်မှန်ကြပါဘူး။
သမီးရဲ့ သွေးထဲမှာ ဂျစ်ပစီမျိုးရိုးနဲ့
သမီးရဲ့ ထူးခြားဆန်းပြားတဲ့ ကံမျိုးနဲ့
ပြီးတော့ သမီးရဲ့ လက်ဆွဲ
'တာရော့' ဖဲထုတ်၊ 'တာရော့' ဖဲထုတ်နဲ့
သမီးဟာ ဂျူးတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။
သမီး အမြဲကြောက်ခဲ့ရတာ ဒယ်ဒီ့ကို
ဒယ်ဒီ့ရဲ့ 'လုပ်(ဖ်) ဝါ့(ဖ်)(တ်)' လေတပ်
ဒယ်ဒီ့ရဲ့ သာမန်လူနားမလည်တဲ့ စကားတွေ။
ပြီးတော့
ဒယ်ဒီ့ရဲ့ သပ်သပ်ရပ်ရပ်တိထားတဲ့ နှုတ်ခမ်းမွှေး
ဒယ်ဒီ့ရဲ့ အာရီယန်မျက်လုံးပြာလဲ့လဲ့။
တင့်ကားတပ်သား တင့်ကားတပ်သား
အဲဒါ ဒယ်ဒီပဲ-
ဘုရားသခင်မဟုတ်တဲ့
စြာဿ(စ)တီကာ စျကာပတ္ပုံ
မည်းနက်လွန်းလို့ ဘယ်ကောင်းကင်မှ
'ကျွီ' ခနဲ တိုးဝင်လို့ မရခဲ့ဘူး။
မိန်းမတိုင်းဟာ 'ဖက်ဆစ်' ဆို မြတ်နိုးတယ်၊
မျက်နှာကို ကျွေးလိုက်တဲ့ ဘွတ်ဖိနပ်၊
ပက်ပက်စက်စက် ရက်စက်တဲ့ နှလုံးသားနဲ့
ပက်ပက်စက်စက် ရက်စက်ရဲတဲ့သူ
ဒယ်ဒီ့လိုလူပေါ့။
ကျောက်သင်ပုန်းရှေ့မှာ ဒယ်ဒီဟာ ရပ်လို့
သမီးမှာရှိတဲ့ ဒယ်ဒီ့ဓါတ်ပုံထဲမှာလေ၊
အကွဲကြောင်းဟာ ဒယ်ဒီ့ခြေမှာမဟုတ်ဘဲ
ဒယ်ဒီ့မေးစေ့မှာ။
ဒါပေမဲ့ ဘာထူးလဲ
ဒယ်ဒီလည်း အကွဲကြောင်းနဲ့ မကောင်းဆိုးဝါးမိစဿဆာပဲ။
သမီးရဲ့ ချစ်စရာ အနီရောင်အသည်းလေးကို
နှစ်ပိုင်းကိုက်ဖြတ်ပစ်လိုက်တဲ့
အဲဒီလူမည်းကြီးနဲ့
ဘာထူးလို့လဲ။
ဒယ်ဒီ့ကို သူတို့မြှုပ်လိုက်တုန်းက
သမီးဟာ ဆယ်နှစ်ပဲရှိသေး။
အသက်နှစ်ဆယ်မှာ သမီး
သေဖို့ကြိုးစားခဲ့ဖူးတယ်၊
ဒယ်ဒီ့ဆီ ပြန်လာဖို့၊
ဒယ်ဒီ့အရိုးတွေဆီ ပြန်ရောက်ရင်လည်း
ကျေနပ်ဖို့ သမီးအအဆင်သင့်ပဲ။
အဲဒီ ပိတ်ကြမ်းအိတ်ထဲက
သူတို့ သမီးကို ဆွဲထုတ်ခဲ့ရ၊
သမီးကို သူတို့
ကော်တွေနဲ့ ပြန်ကပ်ပေးလိုက်တယ်။
အဲဒါပြီး ဘာလုပ်ရမယ် သမီးသိသွားတယ်။
ဒယ်ဒီ့ပုံတူ အရုပ်တစ်ရုပ်
သမီးလုပ်လိုက်တယ်၊
အနက်ရောင်ဝတ်စုံဝတ်
မိုင်းကမ့်(ဖ်) ရုပ်မျိုးနဲ့ ယောက်ျားတစ်ယောက်
အရိုးတွေ ကျွတ်ကျွတ်ကျိုးအောင်
ညှဿဉ်းပန်းတဲ့ ယနဿတရားကို ချစ်တဲ့သူ။
သူ့ကို သမီးချစ်ပါ့မယ်၊ ကြည်ဖြူပါ့မယ်၊
မြတ်နိုးပါ့မယ်၊
ကတိတွေပေးပြီး ယူလိုက်တယ်။
အဲတော့ ဒယ်ဒီ
သမီး ဇာတ်စုံခင်းလိုက်ပြီ။
အနက်ရောင်တယ်လီဖုန်းကို
ကြိုးကနေဖြုတ်လိုက်ပြီ၊
ဘာစကားသံမှ ဖျစ်ညှစ်ဝင်လို့ မရတော့ဘူး။
အကယ်ဿ၍ သမီး ယောက်ျားတစ်ယောက်ကို သတ်မိရင်
တကယ်ဆို နှစ်ယောက်ကို သတ်လိုက်ပြီ-
သူ့ကိုယ်သူ ဒယ်ဒီပါလို့ ပြောပြောပြီး
သမီးသွေးကို တစ်နှစ်လုံးလုံး စုပ်ခဲ့တဲ့ ဖုတ်ကောင်၊
ဒယ်ဒီသိချင်ရင် ပြောပြလိုက်ပါဦးမယ်
တစ်နှစ်မက ခုနှစ်နှစ်၊ ခုနှစ်နှစ်လုံးလုံးပဲ။
ကဲ... ဒယ်ဒီ
ပြန်လှဲအိပ်လို့ရပါပြီ။
ဒယ်ဒီ့ရဲ့ မည်းနက်တဲ့ နှလုံးသားအစ်အစ်ကြီးမှာ
စူးချွန်တစ်ချောင်း စိုက်နေပြီ
ရွာသားတွေဟာ ဒယ်ဒီ့ကို
ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
အခု သူတို့ ကလို့ခုန်
ဒယ်ဒီ့ပေါ်တက်နင်း ဆောင့်ကြပြီ။
ဒယ်ဒီ့ရဲ့ ပယောဂ သူတို့ အမြဲသိခဲ့ပေါ့။
ဒယ်ဒီ ဒယ်ဒီ ရှင် လူယူတ်မာကြီး၊
ဒီမှာ သမီး ဇာတ်သိမ်းပြီ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၂၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Feb 25, 2011
လျှောမွေး
ဒီကဗျာတွေဟာ မရှင်သန်ဘူး
ဒါဟာ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဆေးစစ်ချက်ပဲ။
သူတို့ခမျာ ခြေချောင်းလက်ချောင်းလေးတွေ ပါလာကြသား
သူတို့ရဲ့ နဖူးလေးတွေဟာ အာရုံစိုက်မှုနဲ့ ဖောင်းကား။
လူတွေလို ထသွား ထလာ လမ်းလျှောက်ခြင်းနဲ့ လွဲခဲ့ကြတာ
မိခင်မေတ္တာမရခဲ့လို့တော့ အပြစ်တင် မစောကြပါနဲ့။
သူတို့ ဘာဖြစ်သွားကြတယ်ကို ကျွန်မ နားကို မလည်နိုင်ဘူး။
သူတို့မှာ ပုံသဏ္ဌာန်၊ အရေအတွက်၊ အစိတ်အပိုင်း
မှန်ကန်ပြည့်စုံကြတာပဲ။
ဆားစိမ်ရည်ထဲမှာ သူတို့ ကောင်းမွန်စွာထိုင်လို့။
ကျွန်မကို သူတို့ ပြုံးပဲပြုံးပြနေကြတယ်။
အဆုပ်တွေတော့ ပြည့်မလာကြ
နှလုံးလည်း ဘယ်လိုလုပ်လုပ် မခုန်ဘူး။
သူတို့ဟာ ဝက်တွေမဟုတ်ဘူး။
ငါးကလေးတွေတောင် မဟုတ်ဘူး
ဝက်လိုလို ငါးလိုလို ဟန်ရှိရုံပါပဲ။
သူတို့ အသက်ရှိကြရင် ပိုကောင်းမှာပေါ့
အသက်လည်း ရှိခဲ့ကြတာပဲ။
ဒါပေမဲ့ အခုတော့ သက်မဲ့
သူတို့အမေဟာလည်း စိတ်သောကနဲ့ တစ်ပိုင်းသေ
အဲဒါတောင် သူတို့ဟာ ငထုံငအတွေလို စိုက်ကြည့်
သူတို့အမေအကြောင်း ဘာတစ်ခွန်းမှ မဟကြဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
ဇူလိုင်၊ ၁၉၆၀
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Feb 19, 2011
ကြေးမုံပြင်
ငါဟာ ငွေသားစစ်စစ်...
ငါဟာ တိကျတယ်။
ငါ့မှာ ကြိုတင်မှတ်ယူချက်တွေ မရှိဘူး။
ငါ မြင်မြင်သမျှ ချက်ချင်းစုတ်မြိုချလိုက်တယ်။
ချစ်ခြင်းမုန်းခြင်း မြူမရှိ၊
သူ့အတိုင်းပဲ ပကတိ။
ငါ မရက်စက်တတ်ပါဘူး။
ဖြောင့်မတ်မှန်ကန်ရုံပါပဲ
နတ်ဒေဝတာလေးရဲ့ မျက်လုံး၊ လေးထောင့်ကွက်။
များသောအားဖြင့်
ငါ့ရှေ့တူရူက နံရံကို ငါ ကမ္မဌာန်းရှုတယ်။
အဲဒီနံရံဟာ ပန်းနုရောင်၊ အစွန်းအကွက်တွေနဲ့။
ကြည့်ဖန်များလာတော့ အဲဒီနံရံဟာ
ငါ့နှလုံးသား အစိတ်အပိုင်းလို့တောင် ငါထင်နေပြီ။
ဒါပေမဲ့ မြင်ချည်ကွယ်ချည်နဲ့။
အဲဒီနံရံနဲ့ ငါ့ကို
မျက်နှာတွေနဲ့ အမှောင်ထုဟာ
ခဏခဏ ခွဲပစ်တယ်
ငါဟာ အခု ရေကန်တစ်ကန်။
ငါ့ပေါ်မှာ မိန်းမတစ်ယောက် ငုံ့ကိုင်း
သူ့အစစ်အမှန်ကို ငါ့ရေပြင်ထဲ ဖွေရှာတယ်။
ပြီးတော့ ဟိုဘက် သူလှည့်ပစ်လိုက်တယ်။
လူလိမ်တွေဘက်၊ ဖယောင်းတိုင်တွေဘက်၊
ဒါမှမဟုတ် လ ဘက်။
သူ့ကျောပြင်ကို ငါမြင်ရတယ်။
မြင်တဲ့အတိုင်း သစ္စာရှိရှိ ပြန်ပေးတယ်။
သူပြန်ပေးတဲ့ဆုကတော့ သူ့မျက်ရည်တွေ၊
ပြီးတော့ ဂဏှာမငြိမ်တဲ့ သူ့လက်တွေ။
ငါဟာ သူ့အတွက် အရေးကြီးတယ်။
ငါ့ဆီသူ ရောက်ရောက်လာတတ်တယ်။
ငါ့ဆီက သူပြန်ပြန်သွားတတ်တယ်။
မနက်တိုင်း မနက်တိုင်း
အမှောင်ထုကို အစားထိုးတာ သူ့မျက်နှာ။
ငါ့ထဲမှာ မိန်းမပျိုလေးတစ်ယောက်ကို
သူနှစ်သတ်ပစ်ခဲ့ဖူးတယ်လေ။
ငါ့ထဲကပဲ
နေ့စဉ်နေ့တိုင်း
သူဆီတက်တက်ပေါ်လာတယ်။
ကြောက်ဖွယ်လိလိငါးကြီးတစ်ကောင်လို
အိုမင်းနေတဲ့ မိန်းမတစ်ယောက်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၃၊ အောက်တိုဘာ၊ ၁၉၆၁
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
Oct 18, 2009
ကိုချောလာတယ် - ၂
ကိုယ့်လူရေ . . . ကိုယ်ပြန်လာပြီ
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။
ဇေယျာလင်း
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၃
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။
ဇေယျာလင်း
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၃
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
အစ
အစဟာမထင်ရှားဘူး
စကတည်းက မထင်ရှားတဲ့အစ
စစချင်းမှာ ထင်ရှားတာမရှိတဲ့အစ
အစမှာ အစဟာမထင်ရှားဘူး
မထင်ရှားတာ စစချင်းရဲ့အစ
စစချင်း မထင်ရှားတဲ့ အစရဲ့အစ
အစဟာ ဘယ်လိုထင်ရှားမယ်
ထင်ရှားမှုရဲ့ အစဟာစစချင်း
ထင်ရှားစမှာ အစဟာဘယ်လိုစသလဲ
အစမှာ ထင်ရှားလာတာ ထင်ရှားလာတဲ့အစလား
ထင်ရှားမှုရဲ့ အစဟာ တစ်စတစ်စ
အစစအရာရာ ထင်ရှားစရာမရှိတဲ့ အစတစ်စ
ထင်ရှားစရာဆိုလို့ အစစအရာရာဟာ တစ်စပြီးတစ်စ
တစ်စပြီး တစ်စ အစစအရာရာဟာထင်ရှားစ စလာတယ်
ဘယ်အစဟာ အစရဲ့အစ စစချင်းလို မထင်ရှားတော့
အစ တစ်စမဟုတ်တစ်စဟာ မထင်မရှားစခဲ့ပြီ
မထင်မရှားနဲ့ တစ်စပြီးတစ်စ အစရှာတွေ့ခဲ့ပြီလား
စလာပြီပေါ့တစ်စ ပြီးတစ်စ ပြီးတစ်စ
စစရာအစတိုင်းဟာ တစ်စတစ်စ ထင်ရှားလာတော့တယ်
ထင်ရှားစရာတိုင်းဟာ တစ်စပြီးတစ်စ စစလာနေပြီ
လာနေပြီ တစ်စစ
လာစဟာ မထင်မရှားစခဲ့တယ်
တစ်စပြီးတစ်စ အစစအရာရာဟာ ထင်ရှားလာနေပြီ
အစရဲ့ အစကို ပြန်စရာမလိုတော့ဘူး
ထင်ထင်ရှားရှားပဲ တစ်စစရဲ့အစကိုစလိုက်ပြီ
ဒီအစနဲ့ပဲ စလိုက်ကြရမှာဖြစ်တယ်
အစဆိုတာ ဘာလဲ
စတယ်ဆိုတာ ဘာလဲ
ဒါဟာ စလိုက်တဲ့အစပဲ။ ။
ဇေယျာလင်း
၁၁ ဖေဖော်ဝါရီလ ၂၀၀၄
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
စကတည်းက မထင်ရှားတဲ့အစ
စစချင်းမှာ ထင်ရှားတာမရှိတဲ့အစ
အစမှာ အစဟာမထင်ရှားဘူး
မထင်ရှားတာ စစချင်းရဲ့အစ
စစချင်း မထင်ရှားတဲ့ အစရဲ့အစ
အစဟာ ဘယ်လိုထင်ရှားမယ်
ထင်ရှားမှုရဲ့ အစဟာစစချင်း
ထင်ရှားစမှာ အစဟာဘယ်လိုစသလဲ
အစမှာ ထင်ရှားလာတာ ထင်ရှားလာတဲ့အစလား
ထင်ရှားမှုရဲ့ အစဟာ တစ်စတစ်စ
အစစအရာရာ ထင်ရှားစရာမရှိတဲ့ အစတစ်စ
ထင်ရှားစရာဆိုလို့ အစစအရာရာဟာ တစ်စပြီးတစ်စ
တစ်စပြီး တစ်စ အစစအရာရာဟာထင်ရှားစ စလာတယ်
ဘယ်အစဟာ အစရဲ့အစ စစချင်းလို မထင်ရှားတော့
အစ တစ်စမဟုတ်တစ်စဟာ မထင်မရှားစခဲ့ပြီ
မထင်မရှားနဲ့ တစ်စပြီးတစ်စ အစရှာတွေ့ခဲ့ပြီလား
စလာပြီပေါ့တစ်စ ပြီးတစ်စ ပြီးတစ်စ
စစရာအစတိုင်းဟာ တစ်စတစ်စ ထင်ရှားလာတော့တယ်
ထင်ရှားစရာတိုင်းဟာ တစ်စပြီးတစ်စ စစလာနေပြီ
လာနေပြီ တစ်စစ
လာစဟာ မထင်မရှားစခဲ့တယ်
တစ်စပြီးတစ်စ အစစအရာရာဟာ ထင်ရှားလာနေပြီ
အစရဲ့ အစကို ပြန်စရာမလိုတော့ဘူး
ထင်ထင်ရှားရှားပဲ တစ်စစရဲ့အစကိုစလိုက်ပြီ
ဒီအစနဲ့ပဲ စလိုက်ကြရမှာဖြစ်တယ်
အစဆိုတာ ဘာလဲ
စတယ်ဆိုတာ ဘာလဲ
ဒါဟာ စလိုက်တဲ့အစပဲ။ ။
ဇေယျာလင်း
၁၁ ဖေဖော်ဝါရီလ ၂၀၀၄
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
Apr 3, 2009
ကြိုးတွဲလောင်းနဲ့လူ
ငါ့ဆံပင်ရဲ့ အမြစ်တွေကနေ
နတ်ဘုရားတစ်ပါးပါးဟာ
ငါ့ကို ဆွဲမလိုက်တယ်။
သူ့ရဲ့ အပြာရောင်လျှပ်စစ်ဗို့အားထဲမှာ
ငါဟာ သဲကန္တာရထဲက ပုရောဟိတ်ဆရာလို
တရှဲရှဲကျက်သွားတယ်။
အမြင်အာရုံထဲကနေ ညတွေဟာ
ပုတ်သင်ညိုမျက်ခွံလို ပိတ်သွားကြတယ်၊
အရိပ်မဲ့ မျက်လုံးအိမ်ထဲမှာ
ပြောင်သလင်းခါ ဖြူဖွေးနေ့တွေကမ္ဘာ။
ဠင်းတဆန်ဆန် ပျင်းရိငြီးငွေ့မှုက
ဟောဒီအပင်မှာ
ငါ့ကို ချိတ်တွယ်ထားခဲ့တယ်။
အကယ်၍
သူသာ ငါ့နေရာမှာဆိုရင်
သူလည်း ငါ့လိုလုပ်မှာပါပဲ။
၂၇၊ ဇွန်၊ ၁၉၆၀
Sylvia Plath (1932-1963) ရေး The Hanging Man ကို ဇေယျာလင်းမြန်မာပြန်သည်။
နတ်ဘုရားတစ်ပါးပါးဟာ
ငါ့ကို ဆွဲမလိုက်တယ်။
သူ့ရဲ့ အပြာရောင်လျှပ်စစ်ဗို့အားထဲမှာ
ငါဟာ သဲကန္တာရထဲက ပုရောဟိတ်ဆရာလို
တရှဲရှဲကျက်သွားတယ်။
အမြင်အာရုံထဲကနေ ညတွေဟာ
ပုတ်သင်ညိုမျက်ခွံလို ပိတ်သွားကြတယ်၊
အရိပ်မဲ့ မျက်လုံးအိမ်ထဲမှာ
ပြောင်သလင်းခါ ဖြူဖွေးနေ့တွေကမ္ဘာ။
ဠင်းတဆန်ဆန် ပျင်းရိငြီးငွေ့မှုက
ဟောဒီအပင်မှာ
ငါ့ကို ချိတ်တွယ်ထားခဲ့တယ်။
အကယ်၍
သူသာ ငါ့နေရာမှာဆိုရင်
သူလည်း ငါ့လိုလုပ်မှာပါပဲ။
၂၇၊ ဇွန်၊ ၁၉၆၀
Sylvia Plath (1932-1963) ရေး The Hanging Man ကို ဇေယျာလင်းမြန်မာပြန်သည်။
Subscribe to:
Posts (Atom)