လူတွေ ပျားပန်းခတ်အသက်ဝင်နေပေမယ့်
သူ့ကိုယ်ပိုင် အသက်ရှင်ချိန်က ရှားတယ်...
တိမ်မျှင်တစ်ခုလို ခပ်ပါးပါးခပ်နွဲ့နွဲ့။
မနက်မှာ... အာရုဏ်အလင်း
ညအခါ... လေပြေညှင်း
သဘာဝရဲ့ ပြတင်းတံခါးတွေကတဆင့်
အပေါင်းအသင်းဆံဆံ ဆင်ဆံရေးရှိသော်လည်း
(တကယ့်တကယ်ကျ...)
ကျွန်တော့်လိုပဲ...
နာကျင်အချိန်ပိုတွေကများတယ်။
ကေအေတီ
နိုဝင်ဘာ၊ Beauty မဂ္ဂဇင်း၊ ၀၈
Mar 28, 2009
သဘာဝသင်းကွဲ
စာ ခို ကျီးကန်း ပျံကျသမား
ရေအိုင် ဘဲဖြူလှေထိုးသား
တီကောင် လယ်ထွန်စား။ ။
မောင်လူမှိန်
အမှတ် ၈၊ စာပေဂျာနယ်၊ ၁၉၈၉
အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်း၊ ၀၈
ရေအိုင် ဘဲဖြူလှေထိုးသား
တီကောင် လယ်ထွန်စား။ ။
မောင်လူမှိန်
အမှတ် ၈၊ စာပေဂျာနယ်၊ ၁၉၈၉
အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်း၊ ၀၈
ဂြိုဟ်သား
တားမြစ်ထားတဲ့ သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေ တစ်ညလုံးမက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာတခြားကမ္ဘာဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။
နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေ တစ်ညလုံးမက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာတခြားကမ္ဘာဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။
နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်
ငါနဲ့လမ်း
ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်း
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက် ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရုပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။
နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်
ရှည်ထွက်သွားတဲ့လမ်း
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက် ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရုပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။
နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်
ပြတင်းပေါက်
စစ်လွန်းလို့ ကိုယ့်ကိုကိုယ် ရေရောလိုက်ရ
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။
ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။
ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈
သာမန်ယောက်ျား
အဖေစာစီ
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူ
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။
ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူ
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။
ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈
ပုံပြောသူ ၁၀
ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။
ကမ္ဘာ့အပြင်
စကြာဝဠာအပြင်အထိ
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။
အရာရာ
မှောင်မှောင်မည်းမည်း။
အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။
အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၂၅
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။
ကမ္ဘာ့အပြင်
စကြာဝဠာအပြင်အထိ
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။
အရာရာ
မှောင်မှောင်မည်းမည်း။
အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။
အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၂၅
ပုံပြောသူ ၃
ငါပြန်မတက်နိုင်တဲ့ တွင်းထဲကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။
အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၁၁
ငါဘာသွားကောက်တာပါလိမ့်။
အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၁၁
မရှိမဖြစ်လိုအပ်သောအရာဝတ္ထုများ (အဘိုးကြီးတစ်ယောက်အတွက်)
၁။ တုတ်ကောက်တစ်ချောင်း (အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး (တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်ကလေး (သူစားမကုန်တာ ကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)
နေမျိုး၊ ၁၅၊၅၊၀၅
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၂
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး (တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်ကလေး (သူစားမကုန်တာ ကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)
နေမျိုး၊ ၁၅၊၅၊၀၅
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၂
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး - ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါအစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘဝင်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
တချို့အဘိဓမ္မာတွေ ငါမကြိုက်ဘူး၊ တချို့မိတ်ဆွေတွေ ငါမကြိုက်ဘူး
တချို့အစားအစာတွေ ငါမကြိုက်ဘူး
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှုံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။
နေမျိုး၊ ၄၊၂၊၀၅။
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၀)
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး - ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါအစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘဝင်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
တချို့အဘိဓမ္မာတွေ ငါမကြိုက်ဘူး၊ တချို့မိတ်ဆွေတွေ ငါမကြိုက်ဘူး
တချို့အစားအစာတွေ ငါမကြိုက်ဘူး
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှုံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။
နေမျိုး၊ ၄၊၂၊၀၅။
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၀)
Subscribe to:
Posts (Atom)