သော့ခလောက်နှင့် တံခါးချက်တို့
ပါးစပ်ပေါက်ဖွင့်ဟ
သီချင်းဆိုကြလေပြီ။
ငှက်တို့ စိုးရိမ်ကင်းစွာ
ဝင်ရောက်ခိုနားသော သစ်ပင်။
သွေးစွန်းသော မြေပြင်ကို
ပြစ်မဲ့ခြေအစုံတို့ဖြင့်
မနင်းမထိစိမ့်သောငှာ
နတ်များက လက်တို့ဖြင့်
ပင့်မသယ်ဆောင်လေသော်
ကမ္ဘာမြေလည်း တုန်ဟည်းလေ၏။
ရေ၀တီ
၁၅၊ နိုဝင်ဘာ ၂၀၁၀
တက္ကသိုလ်ရိပ်သာလမ်း အမှတ်တရ
Nov 16, 2010
Nov 12, 2010
မိုးမရွာတဲ့ နေ့တုန်းက
ခင်ဗျား ရွေးချယ်ရမှာက
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…
ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…
ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀
Nov 7, 2010
လေပြင်းတွေကျနေချိန်
အခုလို လေပြင်းတွေကျနေချိန်
အခုလို လေပြင်းတွေထဲ ဓာတုအဆိပ်ငွေ့တွေ ထုတ်လွှင့်နေချိန်
ငါ့အသံတွေ မင်းဆီကို ပေးပို့ချင်ပါရဲ့။
အကြောင်းကြောင်းနဲ့ စံပယ်ပန်းကုံးကလေးတွေ
ကတ္တီပါသေတ္တာထဲ သော့ခတ်သိမ်းဆည်းကာ ထားခဲ့တယ်
ငါတို့ဟာ ချစ်လို့ ဝေးကွာနေကြရတာပါကွာ။
မင်းထက်မောင်
၅၊ ဇူလိုင်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆
အခုလို လေပြင်းတွေထဲ ဓာတုအဆိပ်ငွေ့တွေ ထုတ်လွှင့်နေချိန်
ငါ့အသံတွေ မင်းဆီကို ပေးပို့ချင်ပါရဲ့။
အကြောင်းကြောင်းနဲ့ စံပယ်ပန်းကုံးကလေးတွေ
ကတ္တီပါသေတ္တာထဲ သော့ခတ်သိမ်းဆည်းကာ ထားခဲ့တယ်
ငါတို့ဟာ ချစ်လို့ ဝေးကွာနေကြရတာပါကွာ။
မင်းထက်မောင်
၅၊ ဇူလိုင်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆
Oct 31, 2010
မာရီယာ (၂)
မာရီယာ
မာရီယာ
အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။
မင်း ဘာ ထပ်ပေးမှာလဲ
ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ
ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။
ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။
ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။
မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။
မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။
မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊
အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။
ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။
ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။
လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။
တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။
နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။
ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။
ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။
ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။
ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။
ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)
မာရီယာ
အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။
မင်း ဘာ ထပ်ပေးမှာလဲ
ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ
ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။
ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။
ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။
မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။
မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။
မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊
အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။
ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။
ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။
လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။
တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။
နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။
ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။
ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။
ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။
ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။
ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)
Oct 19, 2010
ကျီးကန်းအတု
ရွေ့လျားနိုင်တဲ့ သစ်ပင်အတုတွေရှိတယ်ဆိုတာ
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ
ခင်ဗျားမယုံတာတွေက အများသား။
ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။
ရေ၀တီ
၃၊ အောက်တိုဘာ ၂၀၁၀
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ
ခင်ဗျားမယုံတာတွေက အများသား။
ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။
ရေ၀တီ
၃၊ အောက်တိုဘာ ၂၀၁၀
Oct 16, 2010
Oct 14, 2010
အဖေ့ရဲ့ နေကြာခင်း
မျက်နှာမူရာ နေထွက်ရာ
မျက်နှာမူရာ နေ၀င်ရာ
မျက်နှာမူရာ နေရှိရာ
နေ့ ရှိသရွေ့ နေကိုကြည့်
နေခြည်ကိုနမ်း
နေမှာ မနွမ်း
အဖေ့ရဲ့ နေကြာခင်းက
နေကြာပန်းပွင့်တွေ
ဝါ..
လင်း..
လွင့်..
ယိမ်း..
နေသိမ်းတဲ့ အထိ။ ။
စောမိုး
မျက်နှာမူရာ နေ၀င်ရာ
မျက်နှာမူရာ နေရှိရာ
နေ့ ရှိသရွေ့ နေကိုကြည့်
နေခြည်ကိုနမ်း
နေမှာ မနွမ်း
အဖေ့ရဲ့ နေကြာခင်းက
နေကြာပန်းပွင့်တွေ
ဝါ..
လင်း..
လွင့်..
ယိမ်း..
နေသိမ်းတဲ့ အထိ။ ။
စောမိုး
Oct 9, 2010
တစ်ထောင့်ကိုးရာကိုးဆယ့် စနေ
စနေဂြိုဟ်သက်
အ၀င်ခတ်
အထွက်ခတ်သတဲ့
မယုံလှပေမယ့်
မိသားစုအလယ် တည့်တည့်များကျခဲ့သလား
လွင့်သွားရတာ တစ်ယောက်တစ်နေရာ။ ။
စောမိုး
အ၀င်ခတ်
အထွက်ခတ်သတဲ့
မယုံလှပေမယ့်
မိသားစုအလယ် တည့်တည့်များကျခဲ့သလား
လွင့်သွားရတာ တစ်ယောက်တစ်နေရာ။ ။
စောမိုး
Oct 8, 2010
ကျွန်တော်ဟာ ကာတွန်း
အိပ်မက်ဟောင်း ပုံကြမ်းတစ်ခုကို ချချပြီး
အမြဲထူးဆန်းအံ့သြဟန်နဲ့အကြည့်
ပါးစပ်ကလေး ဟလို့
စီးကရက်ကလေး ခဲလို့
ကြယ်တွေလတွေ မြင်လို့
သူတပါးရဲ့ မလုံခြုံမှုကိုကြည့်လို့
ကိုယ့်အတ္တရဲ့ အကာအကွယ်ရနေမှုတစ်ခုကို
ကျေနပ်စိတ်အခံ…
လက်တွေ့ပတ်ဝန်းကျင်ကြီးက ကင်းလွတ်
မြည်သံစွဲနဲ့ အာမေဋိတ်တွေ လွှမ်းမိုးလာ
အပြီးတိုင် စွန့်ခွာရမှုများ
ဘယ်တုန်းကမှ မငိုခဲ့ဘူး။
ရေ၀တီ
အမြဲထူးဆန်းအံ့သြဟန်နဲ့အကြည့်
ပါးစပ်ကလေး ဟလို့
စီးကရက်ကလေး ခဲလို့
ကြယ်တွေလတွေ မြင်လို့
သူတပါးရဲ့ မလုံခြုံမှုကိုကြည့်လို့
ကိုယ့်အတ္တရဲ့ အကာအကွယ်ရနေမှုတစ်ခုကို
ကျေနပ်စိတ်အခံ…
လက်တွေ့ပတ်ဝန်းကျင်ကြီးက ကင်းလွတ်
မြည်သံစွဲနဲ့ အာမေဋိတ်တွေ လွှမ်းမိုးလာ
အပြီးတိုင် စွန့်ခွာရမှုများ
ဘယ်တုန်းကမှ မငိုခဲ့ဘူး။
ရေ၀တီ
Oct 5, 2010
စီးကရက်
ကော်ဖီမစ်တစ်ခွက်နဲ့ ခပ်ညံ့ညံ့သကြားပလာတာ
မနက်စာအဖြစ် ဒီဆိုင်လေးမှာ ရနိုင်ပါတယ်။
ဘာမှ ထပ်ပေါင်းဖြည့်ဖို့မလိုတဲ့ အသင့်နေထိုင်မှုဘ၀တစ်ခုနဲ့
ခပ်ညံ့ညံ့ကံတရားကိုတော့ တစ်သက်စာအဖြစ် ဒီရှင်သန်မှုမှာ ရနိုင်ပါတယ်။
ကျေးဇူးပြု၍
သံယောဇဉ်တန်ဖိုးထားမှုကို ဒီဘက်ကမ်းလိုက်စမ်းပါဦး
ကျွန်တော့်ခံစားမှုကို မီးညှိရှိုက်ဖွာဖို့အတွက် ...
ရေ၀တီ
သြဂုတ် ၉၊ ၂၀၁၀
မနက်စာအဖြစ် ဒီဆိုင်လေးမှာ ရနိုင်ပါတယ်။
ဘာမှ ထပ်ပေါင်းဖြည့်ဖို့မလိုတဲ့ အသင့်နေထိုင်မှုဘ၀တစ်ခုနဲ့
ခပ်ညံ့ညံ့ကံတရားကိုတော့ တစ်သက်စာအဖြစ် ဒီရှင်သန်မှုမှာ ရနိုင်ပါတယ်။
ကျေးဇူးပြု၍
သံယောဇဉ်တန်ဖိုးထားမှုကို ဒီဘက်ကမ်းလိုက်စမ်းပါဦး
ကျွန်တော့်ခံစားမှုကို မီးညှိရှိုက်ဖွာဖို့အတွက် ...
ရေ၀တီ
သြဂုတ် ၉၊ ၂၀၁၀
Subscribe to:
Posts (Atom)