မထူးတော့ဘူး၊ အခုမှ မထူးတော့ဘူး
ပြန်သတိရပါလို့ မတောင်းဆိုနဲ့တော့။
ဒီလောက်လှပတဲ့ ကွက်လပ်ကို
ချောမွတ်အောင်လုပ်ဖို့ကလွဲလို့
ကျန်တာ ဘာမှမထူးတော့ဘူး။
နာမည်၊ အိမ်၊ ကားသော့တွေ၊
ကစားစရာဇနီးသည်လေး-
ဖျောက်ဖျက်ခံလိုက်ရပြီ။
သက်ပြင်းချ သက်ပြင်းချလိုက်၊
ကလေးလေးယောက်နဲ့
လျှပ်စစ်ထမင်းအိုးတစ်လုံး။
တီကောင်လောက်ရှိတဲ့ သူနာပြုတွေနဲ့
ပိစိညှောင့်တောက်ဆရာဝန်
သူ့ကို စောင်ခြုံပေးကြတယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ
သူ့အရေပြားက ကွာကျလာကြတယ်။
အဲဒါအားလုံး မြောင်းထဲသွန်ချလိုက်။
သူ့ခေါင်းအုံးကို
သူ မတို့ထိရဲခဲ့တဲ့
သူ့ဆံပင်နီညီမလေးအဖြစ်စွဲထင်
ပွေ့လိုက်လို့။
သူဟာ နောက်ထပ်အသစ်စက်စက်ကို
အိပ်မက်မက်ယူတယ်။
မြုံလို့၊ တစ်အုပ်လုံးမြုံလို့
အမြုံတွေ။
အရောင်အသွေးလည်း မတူကြဘူး။
သူတို့ခရီးတွေထွက်ကြမယ်
ခရီးတွေ ခရီးတွေ ထွက်ကြမယ်။
ရှုခင်းတွေ
သူတို့မောင်ရင်းနှမတင်ပါးတွေကို
မီးပွင့်စေတယ်
ကြယ်တံခွန်ရဲ့ အမြီးတန်း။
ပြီးတော့...
အားလုံးရဲ့ သုတ်ရည်ပိုက်ဆံ။
သူနာပြုတစ်ယောက်ယူလာတယ်။
အစိမ်းရောင်သောက်စရာတစ်ခု
နောက်တစ်ယောက်ယူလာတာက
အပြာရောင်။
သူ့တစ်ဘက်တစ်ချက်ကနေ
ကြယ်တွေလိုမြင့်တက်လာကြတယ်။
သောက်စရာ နှစ်ခွက်ဟာ
မီးတောက်အမြှုပ်ထ။
ညီမလေးရေ၊
အမေရေ၊
မိန်းမရေ၊
ငါ့ဘဝဟာ ချိုမြိန်တဲ့အတိတ်မေ့မှုပဲ။
ငါ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
အိမ်ပြန်မလာတော့ဘူး။
ဆစ်လ်ဗီယာ ပလာ့သ်
၂၁၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 9, 2011
May 8, 2011
ဖတဆိုးသားလေးအတွက်
မကြာခင်မှာပဲ သားလေး သတိပြုမိပါလိမ့်မယ်
သစ်တစ်ပင်လို သားနံဘေးမှာ ကြီးထွားလာနေတဲ့
လစ်ဟာမှုတစ်ခု၊
သေခြင်းတရားသစ်တစ်ပင်၊ အရောင်မဲ့
သြစတြေးလျငှက်ဖျားပင်-
ဦးထိပ်မှာ အရွက်တွေမဲ့၊ လျှပ်စီးရဲ့ ကွပ်ခြင်းခံရ-
မာယာတစ်ခု၊
ပြီးတော့ ဘာကိုမှ လုံးလုံးဂရုမပြုတဲ့
ဝက်ဖင်လို မိုးကောင်းကင်။
ဒါပေမဲ့ အခုတော့ သားလေးဟာ နှုတ်ကလေးအ,လို့
အဲသလို ထုံအ,တာကိုပဲ အမေချစ်တယ်
အဲဒီ ထုံ အ,ခြင်းရဲ့ စုံလုံးကန်းနေတဲ့မှန်။
အဲဒီမှန်ထဲ အမေကြည့်လိုက်တော့
အမေ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မရှိဘူး။
အဲဒါ ရယ်စရာလို့ သားလေး ထင်နေတယ်။
အမေ့အတွက်တော့ ကောင်းတယ်
အမေ့နှာခေါင်းကို သားလေးဆွဲညှစ်တယ်၊
ဒါဟာ လှေကားတစ်ထစ်ပဲ။
တစ်နေ့နေ့မှာ
မှားနေတဲ့အရာတစ်ခုကို
သား သတိပြုမိလိမ့်မယ်၊
သေးငယ်တဲ့ ဦးခွံရိုးလေးတွေ၊
ရိုက်ခွဲခံလိုက်ရတဲ့ အပြာရောင်တောင်တန်းတွေ၊
ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီး။
အဲဒီအချိန်အထိ
သားလေးရဲ့ အပြုံးတွေဟာ အမေ့အတွက်
ကောက်ရပိုက်ဆံတွေ ဖြစ်နေကြမှာပါပဲ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၆၊ စက်တင်ဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
သစ်တစ်ပင်လို သားနံဘေးမှာ ကြီးထွားလာနေတဲ့
လစ်ဟာမှုတစ်ခု၊
သေခြင်းတရားသစ်တစ်ပင်၊ အရောင်မဲ့
သြစတြေးလျငှက်ဖျားပင်-
ဦးထိပ်မှာ အရွက်တွေမဲ့၊ လျှပ်စီးရဲ့ ကွပ်ခြင်းခံရ-
မာယာတစ်ခု၊
ပြီးတော့ ဘာကိုမှ လုံးလုံးဂရုမပြုတဲ့
ဝက်ဖင်လို မိုးကောင်းကင်။
ဒါပေမဲ့ အခုတော့ သားလေးဟာ နှုတ်ကလေးအ,လို့
အဲသလို ထုံအ,တာကိုပဲ အမေချစ်တယ်
အဲဒီ ထုံ အ,ခြင်းရဲ့ စုံလုံးကန်းနေတဲ့မှန်။
အဲဒီမှန်ထဲ အမေကြည့်လိုက်တော့
အမေ့မျက်နှာကလွဲလို့ ဘယ်သူ့မျက်နှာမှ မရှိဘူး။
အဲဒါ ရယ်စရာလို့ သားလေး ထင်နေတယ်။
အမေ့အတွက်တော့ ကောင်းတယ်
အမေ့နှာခေါင်းကို သားလေးဆွဲညှစ်တယ်၊
ဒါဟာ လှေကားတစ်ထစ်ပဲ။
တစ်နေ့နေ့မှာ
မှားနေတဲ့အရာတစ်ခုကို
သား သတိပြုမိလိမ့်မယ်၊
သေးငယ်တဲ့ ဦးခွံရိုးလေးတွေ၊
ရိုက်ခွဲခံလိုက်ရတဲ့ အပြာရောင်တောင်တန်းတွေ၊
ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုကြီး။
အဲဒီအချိန်အထိ
သားလေးရဲ့ အပြုံးတွေဟာ အမေ့အတွက်
ကောက်ရပိုက်ဆံတွေ ဖြစ်နေကြမှာပါပဲ။
ဆစ်လ်ဗီယာ ပလာ့သ်
၂၆၊ စက်တင်ဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 7, 2011
အဲလ်(မ်)ပင်
အောက်ခြေကြမ်းပြင်ကို သူမ သိသတဲ့။
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။
ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။
အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။
အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။
ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။
ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။
အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။
လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။
ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။
မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။
ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။
ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။
အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။
အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။
ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။
ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။
အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။
လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။
ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။
မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။
ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 6, 2011
လေဒီလားဇ်ရပ်(စ်)
ကျွန်မ လုပ်လိုက်ပြန်ပြီ။
ဆယ်နှစ်တစ်ကြိမ် ကျွန်မ လုပ်တယ်-
လမ်းလျှောက်နေတဲ့ အံ့ဖွယ်တစ်ပါးပေါ့
ကျွန်မရဲ့ အရေပြားဟာ
နာဇီမီးအုပ်ဆောင်းလို တောက်ပ
ကျွန်မရဲ့ ညာခြေထောက်ဟာ
စကဿကူဖိဖန္တုံး။
ကြ်န္မရဲ့ မ်က္နွာမွာ
ဘာအသြင္အျပင္မွ မရွိဘူး၊
နူးညံ့တဲ့ ဂ်ူးပိတ္သားစ။
ကြ်န္မကို အုပ္ထားတဲ့ ပဝါကို
ခြာလိုက္ပါ
ကျွန်မရဲ့ ရန်သူတော်ငဲ့
ရှင့်ကို ထိတ်လန့်သွားစေသလား-
နှာခေါင်း မျက်တွင်း၊ သွားတွေ
စုံရဲ့လား။
ခံတွင်းသိုးနံ့ဟာ
တစ်ရက်တည်းနဲ့ ပျောက်သွားမှာပါ။
မကြာခင်၊ မကြာခင်မှာပဲ
သေတွင်းက စားပစ်လိုက်တဲ့
ကျွန်မရဲ့ အသားအရည်
ကျွန်မကိုယ်ပေါ်
နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။
ကျွန်မဟာ ပြုံးနေတတ်တဲ့ မိန်းမ
အသက်ကလည်း သုံးဆယ်လေးတင် ရှိသေးတယ်။
ကြောင်လိုပဲ ကျွန်မမှာ
သေဖို့ ကိုးကြိမ်တိတိရှိတယ်။
ဒါဟာ သုံးကြိမ်မြောက်။
ဆယ်စုနှစ် တစ်ခုစီကို ဖျက်ဆီးပစ်ရတာ
တကယ်ရှုပ်တာပဲ။
နန်းကြိုးမျှင်တွေ သိန်းသန်းကုဋေတောင်ပါပဲလား။
မြေပဲဆားလှော်ဝါးတဲ့ ပရိသတ်ကြီး
တိုးကြိတ်ပြီး ဝင်ကြည့်လိုက်ကြတာ
ကျွန်မရဲ့ ခြေတွေလက်တွေ
သူတို့မြင်အောင် ကျွန်မကိုယ်ကျွန်မ
ဖြည်ပြ
ခုနှစ်လွှာချွတ်ပွဲကြီး တစ်ခုပေါ့။
ဂုဏ်သရေရှိလူကြီးမင်းများ၊
ဂုဏ်သရေရှိ အမျိုးကောင်းသမီးများရှင်
ဒါတွေဟာ ကျွန်မရဲ့ လက်တွေ
ဒါတွေဟာ ကျွန်မရဲ့ ဒူးခေါင်းတွေ
လောလောဆယ် အရိုးပေါ် အရေတင်။
ဒါပေမဲ့ ကျွန်မဘာမှ မပြောင်းလဲဘူး
ယခင် မိန်းမ ပကတိပဲ။
ပထမဆုံးအကြိမ် ဖြစ်တုန်းက
ကျွန်မ ဆယ်နှစ်ပဲရှိသေး
အဲဒါ မတော်တဆ ဖြစ်ခဲ့တာ။
ဒုတိယအကြိမ်မှာတော့
ဘယ်တော့မှ ပြန်မလာတော့အောင် လုပ်ခဲ့တာ။
ပင်လယ်ခရုခွံလို
ကျွန်မကို ကျွန်မ ပိတ်ဆို့ပစ်လိုက်တယ်။
သူတို့ ကျွန်မကို အော်အော်ခေါ်ရ
ချွဲကျိကျိ ပုလဲလုံးတွေလို သူတို့ခွာပစ်ရသတဲ့
ကျွန်မကိုယ်ပေါ်က လောက်တွေကို။
သေတာဟာ ပညာသားပါဖို့လိုတယ်
ဘယ်ဟာမဆိုလိုပဲပေါ့။
ဒါမျိုးဆို ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။
ငရဲလိုခံစားရအောင် ကျွန်မလုပ်တတ်တယ်
အစစ်အမှန်လို ခံစားရအောင် လုပ်တတ်တယ်
ကျွန်မရဲ့ ပါရမီပဲလို့ ပြောလို့ရမယ် ထင်ပါရဲ့။
မြေအောင်ခန်းလေးထဲမှာ လုပ်ရတာ လွယ်တယ်
လုပ်ပြီးတော့ အဲဒီအတိုင်းပဲ နေရတာ လွယ်တယ်
စိတ်ညစ်စရာက
အလင်းပြောင်ပြောင်ကြီးထဲ
ပြဇာတ်ဆန်ဆန် ပြန်ပြန်လာရတာ
အဲဒီ ယခင်နေရာ အဲဒီ ယခင်မျက်နှာ
အဲဒီ ယခင်အခြေအနေအတိုင်း
ကြမ်းကြမ်းကြုတ်ကြုတ် ပျော်ရွှင်နေကြတဲ့
အော်သံကြီးဆီ
'အံ့ဖွယ်ပဲဟေ့၊
ဘုရားသခင် တန်ခိုးပြတာပဲ။'
အဲဒီစကားမျိုးတွေပေါ့
ကျွန်မကို အလဲထိုးပစ်တာ။
အခကြေးငွေ ပေးရတယ်
ကျွန်မရဲ့ အမာရွတ်တွေ ကြည့်ရဖို့
အခကြေးငွေပေးရတယ်
ကျွန်မရဲ့ နှလုံးခုန်သံကို နားထောင်ဖို့
တကယ်လည်း တဒိတ်ဒိတ်ခုန်ပါတယ်။
အခြားအခအကြေးငွေတွေ ရှိသေးတယ်
တန်ဖိုးကြီးကြီး ပေးရတယ်
ကျွန်မဆီက စကားတစ်ခွန်းအတွက်
ကျွန်မ အသားကို ထိရဖို့အတွက်
ဒါမှမဟုတ် ကျွန်မရဲ့ သွေးတစ်စ
ဒါမှမဟုတ် ကျွန်မရဲ့ ဆံခြည်တစ်မျှင်
ကျွန်မကိုယ်ပေါ်က အဝတ်အစားအပိုင်းအစ။
အဲဒီတော့၊ အဲဒီတော့၊ ဟာ(ရ်)ဒေါက်တာ
အဲဒီတော့၊ ဟာ(ရ်)ရန်သူတော်ကြီးငဲ့။
ကျွန်မဟာ ရှင့်ရဲ့လက်ရာမြောက်
ကျွန်မဟာ ရှင့်ရဲ့ အဖိုးတန်ဆုံး၊
အော်သံထဲ အရည်ပျော်သွားတဲ့
ရွှေသားစစ်စစ် အချစ်ကလေးပေါ့။
ဟိုဘက် ဒီဘက် ကျွန်မ လှည့်စောင်းပြီး
တစ်ကိုယ်လုံး လောင်မြိုက်လို့နေတယ်။
ရှင့်ရဲ့ ကြီးမားတဲ့ စိုးရိမ်မ၍ကို
ကျွန်မ လျှော့တွက်တယ်လို့ မထင်ပါနဲ့။
ရှင် ထိုးလိုက် ဆွလိုက်လုပ်နေတာ
ဘာရမယ် ထင်လို့လဲရှင်
ပြာတွေ၊ ပြာတွေပဲ
အသား၊ အရိုး ရှိမှ မရှိတာပဲ-
ဆပ်ပြာတစ်ခဲ
မဂဿ လာဆောင် လက်စွပ်တစ်ကွင်း
သွားအပေါက်ဖာတဲ့ ရွှေစ
အဲဒါတွေပဲ။
ဟာ(ရ်)ဖန်ဆင်းရှင်
ဟာ(ရှ်)ယမမင်း
သတိထား
သတိထား။
ပြာပုံထဲက
ဆံပင်နီရဲနဲ့ ကျွန်မ
ထိုးထွက်ထလာပြီး
ယောက်ျားတွေကို
လေလိုစားပစ်တယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ဆယ်နှစ်တစ်ကြိမ် ကျွန်မ လုပ်တယ်-
လမ်းလျှောက်နေတဲ့ အံ့ဖွယ်တစ်ပါးပေါ့
ကျွန်မရဲ့ အရေပြားဟာ
နာဇီမီးအုပ်ဆောင်းလို တောက်ပ
ကျွန်မရဲ့ ညာခြေထောက်ဟာ
စကဿကူဖိဖန္တုံး။
ကြ်န္မရဲ့ မ်က္နွာမွာ
ဘာအသြင္အျပင္မွ မရွိဘူး၊
နူးညံ့တဲ့ ဂ်ူးပိတ္သားစ။
ကြ်န္မကို အုပ္ထားတဲ့ ပဝါကို
ခြာလိုက္ပါ
ကျွန်မရဲ့ ရန်သူတော်ငဲ့
ရှင့်ကို ထိတ်လန့်သွားစေသလား-
နှာခေါင်း မျက်တွင်း၊ သွားတွေ
စုံရဲ့လား။
ခံတွင်းသိုးနံ့ဟာ
တစ်ရက်တည်းနဲ့ ပျောက်သွားမှာပါ။
မကြာခင်၊ မကြာခင်မှာပဲ
သေတွင်းက စားပစ်လိုက်တဲ့
ကျွန်မရဲ့ အသားအရည်
ကျွန်မကိုယ်ပေါ်
နဂိုအတိုင်း ပြန်ဖြစ်လာမှာပါ။
ကျွန်မဟာ ပြုံးနေတတ်တဲ့ မိန်းမ
အသက်ကလည်း သုံးဆယ်လေးတင် ရှိသေးတယ်။
ကြောင်လိုပဲ ကျွန်မမှာ
သေဖို့ ကိုးကြိမ်တိတိရှိတယ်။
ဒါဟာ သုံးကြိမ်မြောက်။
ဆယ်စုနှစ် တစ်ခုစီကို ဖျက်ဆီးပစ်ရတာ
တကယ်ရှုပ်တာပဲ။
နန်းကြိုးမျှင်တွေ သိန်းသန်းကုဋေတောင်ပါပဲလား။
မြေပဲဆားလှော်ဝါးတဲ့ ပရိသတ်ကြီး
တိုးကြိတ်ပြီး ဝင်ကြည့်လိုက်ကြတာ
ကျွန်မရဲ့ ခြေတွေလက်တွေ
သူတို့မြင်အောင် ကျွန်မကိုယ်ကျွန်မ
ဖြည်ပြ
ခုနှစ်လွှာချွတ်ပွဲကြီး တစ်ခုပေါ့။
ဂုဏ်သရေရှိလူကြီးမင်းများ၊
ဂုဏ်သရေရှိ အမျိုးကောင်းသမီးများရှင်
ဒါတွေဟာ ကျွန်မရဲ့ လက်တွေ
ဒါတွေဟာ ကျွန်မရဲ့ ဒူးခေါင်းတွေ
လောလောဆယ် အရိုးပေါ် အရေတင်။
ဒါပေမဲ့ ကျွန်မဘာမှ မပြောင်းလဲဘူး
ယခင် မိန်းမ ပကတိပဲ။
ပထမဆုံးအကြိမ် ဖြစ်တုန်းက
ကျွန်မ ဆယ်နှစ်ပဲရှိသေး
အဲဒါ မတော်တဆ ဖြစ်ခဲ့တာ။
ဒုတိယအကြိမ်မှာတော့
ဘယ်တော့မှ ပြန်မလာတော့အောင် လုပ်ခဲ့တာ။
ပင်လယ်ခရုခွံလို
ကျွန်မကို ကျွန်မ ပိတ်ဆို့ပစ်လိုက်တယ်။
သူတို့ ကျွန်မကို အော်အော်ခေါ်ရ
ချွဲကျိကျိ ပုလဲလုံးတွေလို သူတို့ခွာပစ်ရသတဲ့
ကျွန်မကိုယ်ပေါ်က လောက်တွေကို။
သေတာဟာ ပညာသားပါဖို့လိုတယ်
ဘယ်ဟာမဆိုလိုပဲပေါ့။
ဒါမျိုးဆို ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်။
ငရဲလိုခံစားရအောင် ကျွန်မလုပ်တတ်တယ်
အစစ်အမှန်လို ခံစားရအောင် လုပ်တတ်တယ်
ကျွန်မရဲ့ ပါရမီပဲလို့ ပြောလို့ရမယ် ထင်ပါရဲ့။
မြေအောင်ခန်းလေးထဲမှာ လုပ်ရတာ လွယ်တယ်
လုပ်ပြီးတော့ အဲဒီအတိုင်းပဲ နေရတာ လွယ်တယ်
စိတ်ညစ်စရာက
အလင်းပြောင်ပြောင်ကြီးထဲ
ပြဇာတ်ဆန်ဆန် ပြန်ပြန်လာရတာ
အဲဒီ ယခင်နေရာ အဲဒီ ယခင်မျက်နှာ
အဲဒီ ယခင်အခြေအနေအတိုင်း
ကြမ်းကြမ်းကြုတ်ကြုတ် ပျော်ရွှင်နေကြတဲ့
အော်သံကြီးဆီ
'အံ့ဖွယ်ပဲဟေ့၊
ဘုရားသခင် တန်ခိုးပြတာပဲ။'
အဲဒီစကားမျိုးတွေပေါ့
ကျွန်မကို အလဲထိုးပစ်တာ။
အခကြေးငွေ ပေးရတယ်
ကျွန်မရဲ့ အမာရွတ်တွေ ကြည့်ရဖို့
အခကြေးငွေပေးရတယ်
ကျွန်မရဲ့ နှလုံးခုန်သံကို နားထောင်ဖို့
တကယ်လည်း တဒိတ်ဒိတ်ခုန်ပါတယ်။
အခြားအခအကြေးငွေတွေ ရှိသေးတယ်
တန်ဖိုးကြီးကြီး ပေးရတယ်
ကျွန်မဆီက စကားတစ်ခွန်းအတွက်
ကျွန်မ အသားကို ထိရဖို့အတွက်
ဒါမှမဟုတ် ကျွန်မရဲ့ သွေးတစ်စ
ဒါမှမဟုတ် ကျွန်မရဲ့ ဆံခြည်တစ်မျှင်
ကျွန်မကိုယ်ပေါ်က အဝတ်အစားအပိုင်းအစ။
အဲဒီတော့၊ အဲဒီတော့၊ ဟာ(ရ်)ဒေါက်တာ
အဲဒီတော့၊ ဟာ(ရ်)ရန်သူတော်ကြီးငဲ့။
ကျွန်မဟာ ရှင့်ရဲ့လက်ရာမြောက်
ကျွန်မဟာ ရှင့်ရဲ့ အဖိုးတန်ဆုံး၊
အော်သံထဲ အရည်ပျော်သွားတဲ့
ရွှေသားစစ်စစ် အချစ်ကလေးပေါ့။
ဟိုဘက် ဒီဘက် ကျွန်မ လှည့်စောင်းပြီး
တစ်ကိုယ်လုံး လောင်မြိုက်လို့နေတယ်။
ရှင့်ရဲ့ ကြီးမားတဲ့ စိုးရိမ်မ၍ကို
ကျွန်မ လျှော့တွက်တယ်လို့ မထင်ပါနဲ့။
ရှင် ထိုးလိုက် ဆွလိုက်လုပ်နေတာ
ဘာရမယ် ထင်လို့လဲရှင်
ပြာတွေ၊ ပြာတွေပဲ
အသား၊ အရိုး ရှိမှ မရှိတာပဲ-
ဆပ်ပြာတစ်ခဲ
မဂဿ လာဆောင် လက်စွပ်တစ်ကွင်း
သွားအပေါက်ဖာတဲ့ ရွှေစ
အဲဒါတွေပဲ။
ဟာ(ရ်)ဖန်ဆင်းရှင်
ဟာ(ရှ်)ယမမင်း
သတိထား
သတိထား။
ပြာပုံထဲက
ဆံပင်နီရဲနဲ့ ကျွန်မ
ထိုးထွက်ထလာပြီး
ယောက်ျားတွေကို
လေလိုစားပစ်တယ်။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 2, 2011
ဒယ်ဒီ
မတော်တော့ဘူး မဆန့်တော့ဘူး
ဟောဒီ ဖိနပ်မည်းမည်းကြီး
ဒီထဲမှာသမီး ခြေတစ်ဖက်လိုနေခဲ့ရ
နှစ်ပေါင်းသုံးဆယ်ရှိပြီပေါ့၊
ဆင်းရဲနွမ်းပါးဖြူဖျော့၊
အသက်ဝဝမရှုရဲ
ဟပ်ချိုးတောင် မချေရဲခဲ့ဘူး။
ဒယ်ဒီ၊
ဒယ်ဒီ့ကို သမီးသတ်လိုက်ရပြီ။
သမီးအချိန်မရခင် ဒယ်ဒီက သေနှင့်ခဲ့တာကိုး
စကျင်ကျောက်လို လေးလေးကြီး
ဘုရားသခင် ပြည့်သိပ်နေတဲ့ အိတ်တစ်လုံး
ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုး ကျောက်ရုပ်ကြီး
"ဖရစဿစကို" ပင်လယ်ဖျံလောက်ကြီးမားတဲ့
မီးခိုးရောင်ခြေချောင်းကြီးတစ်ချောင်းနဲ့
ဦးခေါင်းကတော့
ဖောက်လွဲဖောက်ပြန်တတ်တဲ့ အတဿတလနိဿတတ္ထဲမွာ
အပြာရောင်အစိမ်းရောင်တွေ သွန်လောင်းချတဲ့
လှပတဲ့ "နောစက်" ကမ်းခြေရဲ့
ပင်လယ်ရေမှာပေါ့။
ဒယ်ဒီ့ကို ပြန်လည်ရရှိဖို့
သမီး တောင်းဆုတွေ ပြုခဲ့လိုက်ရတာလေ။
သြော်-- ဒယ်ဒီ။
ဂျာမန်ဘာသာစကားနဲ့
စစ်တွေ စစ်တွေ စစ်တွေရဲ့
ဒလိမ့်တုံးအောက်မှာ ပြားချပ်ခဲ့ရတဲ့
ပိုလန်မြို့ကလေးမှာပေါ့။
ဒါပေမဲ့
ဒီမြို့ရဲ့ နာမည်ဟာ သာမန်အများသုံးနာမည်ပါပဲ။
သမီးရဲ့ ပိုလန်လူမျိုး သူငယ်ချင်းရဲ့
အဆိုအရတော့
ဒီနာမည်မျိုးဟာ တစ်ဒါဇင် နှစ်ဒါဇင်ရှိသတဲ့။
အဲတော့
ဒယ်ဒီ့ခြေ ဒယ်ဒီ့အမြစ်
ဘယ်မှာချလို့ ဘယ်မှာစမှန်း
သမီး ဘယ်လိုမှ မသိခဲ့ရဘူး။
ဒယ်ဒီနဲ့သမီး
စကားပြောလို့ကို မရခဲ့ဘူး။
လျှာဟာ သမီးရဲ့မေးရိုးထဲမှာ
ညပ်ညပ်နေခဲ့တယ်။
သမီးရဲ့လျှာဟာ
သံစူးကြိုးထောင်ချောက်ထဲမှာ
ငြိငြိနေခဲ့တယ်။
သမီး၊ ကျွန်မ၊ ငါ၊ ငါ၊ ငါ
အဲသိလို အစ်အစ်အာအာနဲ့
ဘာမှဆက်ပြောလို့မရတော့ဘူး။
ဂျာမန်လူမျိုးတိုင်းကို
ဒယ်ဒီလို့ပဲထင်ခဲ့တယ်။
ဂျာမန်ဘာသာစကားဟာလည်း
ညစ်ညမ်း
မီးရထားစက်ခေါင်း
မီးရထားစက်ခေါင်းတစ်လုံးပဲ
သမီးကို ဂျူးတစ်ယောက်လို
အဝေးကို တင်ခုတ်မောင်းသွားတာ။
ဂျူးတွေပို့တဲ့နေရာ သမီးလည်း ပါသွားရ
'ဒါ့(က်)ဟောင်း၊ သြရှဝစ်(တ်)(ဇ်)၊ ဘယ်(လ်)ဆင်'။
ဂျူးတစ်ယောက်ပြောပုံမျိုး သမီးပါးစပ်က ထွက်နေမိ။
ဂျူးတစ်ယောက်လို့တောင်
သမီးကိုယ်သမီး ထင်နေမိတော့တယ်။
'တိုင်ရိုး(လ်)' က နှင်းခဲတွေ
'ဗီယင်နာ' က ကြည်လဲ့လဲ့ဘီယာတွေ၊
တကယ်တမ်းတော့ မသန့်စင်
မစစ်မှန်ကြပါဘူး။
သမီးရဲ့ သွေးထဲမှာ ဂျစ်ပစီမျိုးရိုးနဲ့
သမီးရဲ့ ထူးခြားဆန်းပြားတဲ့ ကံမျိုးနဲ့
ပြီးတော့ သမီးရဲ့ လက်ဆွဲ
'တာရော့' ဖဲထုတ်၊ 'တာရော့' ဖဲထုတ်နဲ့
သမီးဟာ ဂျူးတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။
သမီး အမြဲကြောက်ခဲ့ရတာ ဒယ်ဒီ့ကို
ဒယ်ဒီ့ရဲ့ 'လုပ်(ဖ်) ဝါ့(ဖ်)(တ်)' လေတပ်
ဒယ်ဒီ့ရဲ့ သာမန်လူနားမလည်တဲ့ စကားတွေ။
ပြီးတော့
ဒယ်ဒီ့ရဲ့ သပ်သပ်ရပ်ရပ်တိထားတဲ့ နှုတ်ခမ်းမွှေး
ဒယ်ဒီ့ရဲ့ အာရီယန်မျက်လုံးပြာလဲ့လဲ့။
တင့်ကားတပ်သား တင့်ကားတပ်သား
အဲဒါ ဒယ်ဒီပဲ-
ဘုရားသခင်မဟုတ်တဲ့
စြာဿ(စ)တီကာ စျကာပတ္ပုံ
မည်းနက်လွန်းလို့ ဘယ်ကောင်းကင်မှ
'ကျွီ' ခနဲ တိုးဝင်လို့ မရခဲ့ဘူး။
မိန်းမတိုင်းဟာ 'ဖက်ဆစ်' ဆို မြတ်နိုးတယ်၊
မျက်နှာကို ကျွေးလိုက်တဲ့ ဘွတ်ဖိနပ်၊
ပက်ပက်စက်စက် ရက်စက်တဲ့ နှလုံးသားနဲ့
ပက်ပက်စက်စက် ရက်စက်ရဲတဲ့သူ
ဒယ်ဒီ့လိုလူပေါ့။
ကျောက်သင်ပုန်းရှေ့မှာ ဒယ်ဒီဟာ ရပ်လို့
သမီးမှာရှိတဲ့ ဒယ်ဒီ့ဓါတ်ပုံထဲမှာလေ၊
အကွဲကြောင်းဟာ ဒယ်ဒီ့ခြေမှာမဟုတ်ဘဲ
ဒယ်ဒီ့မေးစေ့မှာ။
ဒါပေမဲ့ ဘာထူးလဲ
ဒယ်ဒီလည်း အကွဲကြောင်းနဲ့ မကောင်းဆိုးဝါးမိစဿဆာပဲ။
သမီးရဲ့ ချစ်စရာ အနီရောင်အသည်းလေးကို
နှစ်ပိုင်းကိုက်ဖြတ်ပစ်လိုက်တဲ့
အဲဒီလူမည်းကြီးနဲ့
ဘာထူးလို့လဲ။
ဒယ်ဒီ့ကို သူတို့မြှုပ်လိုက်တုန်းက
သမီးဟာ ဆယ်နှစ်ပဲရှိသေး။
အသက်နှစ်ဆယ်မှာ သမီး
သေဖို့ကြိုးစားခဲ့ဖူးတယ်၊
ဒယ်ဒီ့ဆီ ပြန်လာဖို့၊
ဒယ်ဒီ့အရိုးတွေဆီ ပြန်ရောက်ရင်လည်း
ကျေနပ်ဖို့ သမီးအအဆင်သင့်ပဲ။
အဲဒီ ပိတ်ကြမ်းအိတ်ထဲက
သူတို့ သမီးကို ဆွဲထုတ်ခဲ့ရ၊
သမီးကို သူတို့
ကော်တွေနဲ့ ပြန်ကပ်ပေးလိုက်တယ်။
အဲဒါပြီး ဘာလုပ်ရမယ် သမီးသိသွားတယ်။
ဒယ်ဒီ့ပုံတူ အရုပ်တစ်ရုပ်
သမီးလုပ်လိုက်တယ်၊
အနက်ရောင်ဝတ်စုံဝတ်
မိုင်းကမ့်(ဖ်) ရုပ်မျိုးနဲ့ ယောက်ျားတစ်ယောက်
အရိုးတွေ ကျွတ်ကျွတ်ကျိုးအောင်
ညှဿဉ်းပန်းတဲ့ ယနဿတရားကို ချစ်တဲ့သူ။
သူ့ကို သမီးချစ်ပါ့မယ်၊ ကြည်ဖြူပါ့မယ်၊
မြတ်နိုးပါ့မယ်၊
ကတိတွေပေးပြီး ယူလိုက်တယ်။
အဲတော့ ဒယ်ဒီ
သမီး ဇာတ်စုံခင်းလိုက်ပြီ။
အနက်ရောင်တယ်လီဖုန်းကို
ကြိုးကနေဖြုတ်လိုက်ပြီ၊
ဘာစကားသံမှ ဖျစ်ညှစ်ဝင်လို့ မရတော့ဘူး။
အကယ်ဿ၍ သမီး ယောက်ျားတစ်ယောက်ကို သတ်မိရင်
တကယ်ဆို နှစ်ယောက်ကို သတ်လိုက်ပြီ-
သူ့ကိုယ်သူ ဒယ်ဒီပါလို့ ပြောပြောပြီး
သမီးသွေးကို တစ်နှစ်လုံးလုံး စုပ်ခဲ့တဲ့ ဖုတ်ကောင်၊
ဒယ်ဒီသိချင်ရင် ပြောပြလိုက်ပါဦးမယ်
တစ်နှစ်မက ခုနှစ်နှစ်၊ ခုနှစ်နှစ်လုံးလုံးပဲ။
ကဲ... ဒယ်ဒီ
ပြန်လှဲအိပ်လို့ရပါပြီ။
ဒယ်ဒီ့ရဲ့ မည်းနက်တဲ့ နှလုံးသားအစ်အစ်ကြီးမှာ
စူးချွန်တစ်ချောင်း စိုက်နေပြီ
ရွာသားတွေဟာ ဒယ်ဒီ့ကို
ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
အခု သူတို့ ကလို့ခုန်
ဒယ်ဒီ့ပေါ်တက်နင်း ဆောင့်ကြပြီ။
ဒယ်ဒီ့ရဲ့ ပယောဂ သူတို့ အမြဲသိခဲ့ပေါ့။
ဒယ်ဒီ ဒယ်ဒီ ရှင် လူယူတ်မာကြီး၊
ဒီမှာ သမီး ဇာတ်သိမ်းပြီ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၂၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
ဟောဒီ ဖိနပ်မည်းမည်းကြီး
ဒီထဲမှာသမီး ခြေတစ်ဖက်လိုနေခဲ့ရ
နှစ်ပေါင်းသုံးဆယ်ရှိပြီပေါ့၊
ဆင်းရဲနွမ်းပါးဖြူဖျော့၊
အသက်ဝဝမရှုရဲ
ဟပ်ချိုးတောင် မချေရဲခဲ့ဘူး။
ဒယ်ဒီ၊
ဒယ်ဒီ့ကို သမီးသတ်လိုက်ရပြီ။
သမီးအချိန်မရခင် ဒယ်ဒီက သေနှင့်ခဲ့တာကိုး
စကျင်ကျောက်လို လေးလေးကြီး
ဘုရားသခင် ပြည့်သိပ်နေတဲ့ အိတ်တစ်လုံး
ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုး ကျောက်ရုပ်ကြီး
"ဖရစဿစကို" ပင်လယ်ဖျံလောက်ကြီးမားတဲ့
မီးခိုးရောင်ခြေချောင်းကြီးတစ်ချောင်းနဲ့
ဦးခေါင်းကတော့
ဖောက်လွဲဖောက်ပြန်တတ်တဲ့ အတဿတလနိဿတတ္ထဲမွာ
အပြာရောင်အစိမ်းရောင်တွေ သွန်လောင်းချတဲ့
လှပတဲ့ "နောစက်" ကမ်းခြေရဲ့
ပင်လယ်ရေမှာပေါ့။
ဒယ်ဒီ့ကို ပြန်လည်ရရှိဖို့
သမီး တောင်းဆုတွေ ပြုခဲ့လိုက်ရတာလေ။
သြော်-- ဒယ်ဒီ။
ဂျာမန်ဘာသာစကားနဲ့
စစ်တွေ စစ်တွေ စစ်တွေရဲ့
ဒလိမ့်တုံးအောက်မှာ ပြားချပ်ခဲ့ရတဲ့
ပိုလန်မြို့ကလေးမှာပေါ့။
ဒါပေမဲ့
ဒီမြို့ရဲ့ နာမည်ဟာ သာမန်အများသုံးနာမည်ပါပဲ။
သမီးရဲ့ ပိုလန်လူမျိုး သူငယ်ချင်းရဲ့
အဆိုအရတော့
ဒီနာမည်မျိုးဟာ တစ်ဒါဇင် နှစ်ဒါဇင်ရှိသတဲ့။
အဲတော့
ဒယ်ဒီ့ခြေ ဒယ်ဒီ့အမြစ်
ဘယ်မှာချလို့ ဘယ်မှာစမှန်း
သမီး ဘယ်လိုမှ မသိခဲ့ရဘူး။
ဒယ်ဒီနဲ့သမီး
စကားပြောလို့ကို မရခဲ့ဘူး။
လျှာဟာ သမီးရဲ့မေးရိုးထဲမှာ
ညပ်ညပ်နေခဲ့တယ်။
သမီးရဲ့လျှာဟာ
သံစူးကြိုးထောင်ချောက်ထဲမှာ
ငြိငြိနေခဲ့တယ်။
သမီး၊ ကျွန်မ၊ ငါ၊ ငါ၊ ငါ
အဲသိလို အစ်အစ်အာအာနဲ့
ဘာမှဆက်ပြောလို့မရတော့ဘူး။
ဂျာမန်လူမျိုးတိုင်းကို
ဒယ်ဒီလို့ပဲထင်ခဲ့တယ်။
ဂျာမန်ဘာသာစကားဟာလည်း
ညစ်ညမ်း
မီးရထားစက်ခေါင်း
မီးရထားစက်ခေါင်းတစ်လုံးပဲ
သမီးကို ဂျူးတစ်ယောက်လို
အဝေးကို တင်ခုတ်မောင်းသွားတာ။
ဂျူးတွေပို့တဲ့နေရာ သမီးလည်း ပါသွားရ
'ဒါ့(က်)ဟောင်း၊ သြရှဝစ်(တ်)(ဇ်)၊ ဘယ်(လ်)ဆင်'။
ဂျူးတစ်ယောက်ပြောပုံမျိုး သမီးပါးစပ်က ထွက်နေမိ။
ဂျူးတစ်ယောက်လို့တောင်
သမီးကိုယ်သမီး ထင်နေမိတော့တယ်။
'တိုင်ရိုး(လ်)' က နှင်းခဲတွေ
'ဗီယင်နာ' က ကြည်လဲ့လဲ့ဘီယာတွေ၊
တကယ်တမ်းတော့ မသန့်စင်
မစစ်မှန်ကြပါဘူး။
သမီးရဲ့ သွေးထဲမှာ ဂျစ်ပစီမျိုးရိုးနဲ့
သမီးရဲ့ ထူးခြားဆန်းပြားတဲ့ ကံမျိုးနဲ့
ပြီးတော့ သမီးရဲ့ လက်ဆွဲ
'တာရော့' ဖဲထုတ်၊ 'တာရော့' ဖဲထုတ်နဲ့
သမီးဟာ ဂျူးတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။
သမီး အမြဲကြောက်ခဲ့ရတာ ဒယ်ဒီ့ကို
ဒယ်ဒီ့ရဲ့ 'လုပ်(ဖ်) ဝါ့(ဖ်)(တ်)' လေတပ်
ဒယ်ဒီ့ရဲ့ သာမန်လူနားမလည်တဲ့ စကားတွေ။
ပြီးတော့
ဒယ်ဒီ့ရဲ့ သပ်သပ်ရပ်ရပ်တိထားတဲ့ နှုတ်ခမ်းမွှေး
ဒယ်ဒီ့ရဲ့ အာရီယန်မျက်လုံးပြာလဲ့လဲ့။
တင့်ကားတပ်သား တင့်ကားတပ်သား
အဲဒါ ဒယ်ဒီပဲ-
ဘုရားသခင်မဟုတ်တဲ့
စြာဿ(စ)တီကာ စျကာပတ္ပုံ
မည်းနက်လွန်းလို့ ဘယ်ကောင်းကင်မှ
'ကျွီ' ခနဲ တိုးဝင်လို့ မရခဲ့ဘူး။
မိန်းမတိုင်းဟာ 'ဖက်ဆစ်' ဆို မြတ်နိုးတယ်၊
မျက်နှာကို ကျွေးလိုက်တဲ့ ဘွတ်ဖိနပ်၊
ပက်ပက်စက်စက် ရက်စက်တဲ့ နှလုံးသားနဲ့
ပက်ပက်စက်စက် ရက်စက်ရဲတဲ့သူ
ဒယ်ဒီ့လိုလူပေါ့။
ကျောက်သင်ပုန်းရှေ့မှာ ဒယ်ဒီဟာ ရပ်လို့
သမီးမှာရှိတဲ့ ဒယ်ဒီ့ဓါတ်ပုံထဲမှာလေ၊
အကွဲကြောင်းဟာ ဒယ်ဒီ့ခြေမှာမဟုတ်ဘဲ
ဒယ်ဒီ့မေးစေ့မှာ။
ဒါပေမဲ့ ဘာထူးလဲ
ဒယ်ဒီလည်း အကွဲကြောင်းနဲ့ မကောင်းဆိုးဝါးမိစဿဆာပဲ။
သမီးရဲ့ ချစ်စရာ အနီရောင်အသည်းလေးကို
နှစ်ပိုင်းကိုက်ဖြတ်ပစ်လိုက်တဲ့
အဲဒီလူမည်းကြီးနဲ့
ဘာထူးလို့လဲ။
ဒယ်ဒီ့ကို သူတို့မြှုပ်လိုက်တုန်းက
သမီးဟာ ဆယ်နှစ်ပဲရှိသေး။
အသက်နှစ်ဆယ်မှာ သမီး
သေဖို့ကြိုးစားခဲ့ဖူးတယ်၊
ဒယ်ဒီ့ဆီ ပြန်လာဖို့၊
ဒယ်ဒီ့အရိုးတွေဆီ ပြန်ရောက်ရင်လည်း
ကျေနပ်ဖို့ သမီးအအဆင်သင့်ပဲ။
အဲဒီ ပိတ်ကြမ်းအိတ်ထဲက
သူတို့ သမီးကို ဆွဲထုတ်ခဲ့ရ၊
သမီးကို သူတို့
ကော်တွေနဲ့ ပြန်ကပ်ပေးလိုက်တယ်။
အဲဒါပြီး ဘာလုပ်ရမယ် သမီးသိသွားတယ်။
ဒယ်ဒီ့ပုံတူ အရုပ်တစ်ရုပ်
သမီးလုပ်လိုက်တယ်၊
အနက်ရောင်ဝတ်စုံဝတ်
မိုင်းကမ့်(ဖ်) ရုပ်မျိုးနဲ့ ယောက်ျားတစ်ယောက်
အရိုးတွေ ကျွတ်ကျွတ်ကျိုးအောင်
ညှဿဉ်းပန်းတဲ့ ယနဿတရားကို ချစ်တဲ့သူ။
သူ့ကို သမီးချစ်ပါ့မယ်၊ ကြည်ဖြူပါ့မယ်၊
မြတ်နိုးပါ့မယ်၊
ကတိတွေပေးပြီး ယူလိုက်တယ်။
အဲတော့ ဒယ်ဒီ
သမီး ဇာတ်စုံခင်းလိုက်ပြီ။
အနက်ရောင်တယ်လီဖုန်းကို
ကြိုးကနေဖြုတ်လိုက်ပြီ၊
ဘာစကားသံမှ ဖျစ်ညှစ်ဝင်လို့ မရတော့ဘူး။
အကယ်ဿ၍ သမီး ယောက်ျားတစ်ယောက်ကို သတ်မိရင်
တကယ်ဆို နှစ်ယောက်ကို သတ်လိုက်ပြီ-
သူ့ကိုယ်သူ ဒယ်ဒီပါလို့ ပြောပြောပြီး
သမီးသွေးကို တစ်နှစ်လုံးလုံး စုပ်ခဲ့တဲ့ ဖုတ်ကောင်၊
ဒယ်ဒီသိချင်ရင် ပြောပြလိုက်ပါဦးမယ်
တစ်နှစ်မက ခုနှစ်နှစ်၊ ခုနှစ်နှစ်လုံးလုံးပဲ။
ကဲ... ဒယ်ဒီ
ပြန်လှဲအိပ်လို့ရပါပြီ။
ဒယ်ဒီ့ရဲ့ မည်းနက်တဲ့ နှလုံးသားအစ်အစ်ကြီးမှာ
စူးချွန်တစ်ချောင်း စိုက်နေပြီ
ရွာသားတွေဟာ ဒယ်ဒီ့ကို
ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
အခု သူတို့ ကလို့ခုန်
ဒယ်ဒီ့ပေါ်တက်နင်း ဆောင့်ကြပြီ။
ဒယ်ဒီ့ရဲ့ ပယောဂ သူတို့ အမြဲသိခဲ့ပေါ့။
ဒယ်ဒီ ဒယ်ဒီ ရှင် လူယူတ်မာကြီး၊
ဒီမှာ သမီး ဇာတ်သိမ်းပြီ။ ။
ဆစ်လ်ဗီယာ ပလာ့သ်
၁၂၊ အောက်တိုဘာ၊ ၁၉၆၂
ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃
May 1, 2011
သာမန်/ပုံမှန်
လက်ကောက်ဝတ်မှာရှိတဲ့ အမာရွတ်က
မအောင်မြင်ခဲ့ခြင်း သက်သေ
ငြီးငွေ့ခြင်းကို ပျော်မွေ့မိတဲ့ စိတ်နဲ့
ငါ့ရဲ့ စနေများ
ဗလာဖြစ်နေဆဲ စာရွက်များ
ဖောင်းပွနေဆဲ စကားလုံးများ
လူတွေထဲမှာ လူတွေနဲ့ ဝေး
လှုပ်လေမြုပ်လေ ဘာသာစကား
အာရုံစိုက်မှု ကင်းမဲ့နေတဲ့ မျက်လုံးများ။
သီဟသူ
၀၁-၀၅-၂၀၁၁
မအောင်မြင်ခဲ့ခြင်း သက်သေ
ငြီးငွေ့ခြင်းကို ပျော်မွေ့မိတဲ့ စိတ်နဲ့
ငါ့ရဲ့ စနေများ
ဗလာဖြစ်နေဆဲ စာရွက်များ
ဖောင်းပွနေဆဲ စကားလုံးများ
လူတွေထဲမှာ လူတွေနဲ့ ဝေး
လှုပ်လေမြုပ်လေ ဘာသာစကား
အာရုံစိုက်မှု ကင်းမဲ့နေတဲ့ မျက်လုံးများ။
သီဟသူ
၀၁-၀၅-၂၀၁၁
Apr 23, 2011
စနေ နေ့တစ်ဝက် (၁၀)
အထူးအဆန်းတွေပဲ ကြုံကြုံလာတော့
ထူးဆန်းတယ်ဆိုတာလည်း မထူးဆန်းတော့
မျှော်လင့်ထားတဲ့ မမျှော်လင့်ထားတာတွေရယ်
ပြန်မလာတော့တဲ့ ပျော်ရွှင်ခြင်းများရယ်
မရေးဖြစ်သေးတဲ့ အရေးအသားတွေရယ်
ဗလာဖြစ်နေဆဲ အတွေးများရယ်
နာကျင်မှုကိုမှ သာယာခြင်းတွေရယ်
ဘာကြောင့် စနေ ဆိုတဲ့ အကြောင်းပြချက်မလိုတဲ့
ရောက်မြဲ ရောက်လာဆဲ
စနေနေ့တွေရယ်
သီဟသူ
၂၃-၀၄-၂၀၁၁
ထူးဆန်းတယ်ဆိုတာလည်း မထူးဆန်းတော့
မျှော်လင့်ထားတဲ့ မမျှော်လင့်ထားတာတွေရယ်
ပြန်မလာတော့တဲ့ ပျော်ရွှင်ခြင်းများရယ်
မရေးဖြစ်သေးတဲ့ အရေးအသားတွေရယ်
ဗလာဖြစ်နေဆဲ အတွေးများရယ်
နာကျင်မှုကိုမှ သာယာခြင်းတွေရယ်
ဘာကြောင့် စနေ ဆိုတဲ့ အကြောင်းပြချက်မလိုတဲ့
ရောက်မြဲ ရောက်လာဆဲ
စနေနေ့တွေရယ်
သီဟသူ
၂၃-၀၄-၂၀၁၁
Apr 20, 2011
တွင်းနက်
ဒီလိုခေတ်ကြီးထဲ
လွယ်လွယ်
မြန်မြန်ပဲ
ကျ
ပျောက် သွား နိုင်ပါတယ်။
ပဲ့တင်ထပ်ဖို့ နံရံများအား
ငါ့ အော်သံ ရှာမတွေ့သေးပါ။
သီဟသူ
၂၀-၀၄-၂၀၁၁
လွယ်လွယ်
မြန်မြန်ပဲ
ကျ
ပျောက် သွား နိုင်ပါတယ်။
ပဲ့တင်ထပ်ဖို့ နံရံများအား
ငါ့ အော်သံ ရှာမတွေ့သေးပါ။
သီဟသူ
၂၀-၀၄-၂၀၁၁
Apr 4, 2011
ကဗျာကို ကဗျာလိုရေး
ကဗျာကို ကဗျာလိုရေး
အနုပညာကို အနုပညာလိုရေး။
အချစ်ရယ်
မင်းကို ကိုယ်က သိပ်လိုအပ်လှတာမဟုတ်ပါဘူး
ကိုယ့်ပျော်ရွှင် မှုပဲ ကိုယ်က ဆာလောင်ခဲ့သူပါ။
တစ်ပါးသူကို မထိခိုက်ဘဲ အသက်ရှင်လို့ရခဲ့လို့လား
အချစ်ရယ်။
တောင်းပန်ပါတယ်
ပျော်ရွှင်မှု ဆိုတာမှာ၊ အချစ်ဆိုတာမှာ
အချစ်ပဲ ထိခိုက်ရတာရယ်မလား။
လောကမှာ ကိုယ့်သာယာမှု ပျော်ရွှင်မှု လောက်
အရေးကြီးတာ ရှိအုံးမလားကွဲ့။
ဒါနဲ့များ မင်းကိုယ့်ကို ချစ်တယ်တဲ့။
လူတွေက ဆန့်ကျင်ဘက် လိင်ရယ်။ ဆာလောင်မှုရယ် ၊ သာယာမှုရယ်
အဲ့ဒါတွေ စုံသွားတော့ အချစ်တဲ့။
ကိုယ် မငြင်းဆိုလိုပါ။
တကယ်ပါ လှလှပပ ၀န်ခံလိုက်စမ်းပါ
ကိုယ့် ရဲ့ အတ္တစိတ် ထကြွသောင်းကျန်းမှုကို
လောကမှာ ဘာကို မှ မမျှော်လင့်တာပဲ အေးတယ်တဲ့
ဘယ်သူများ ပြောခဲ့တာလဲလို့၊
ဟုတ်ကဲ့၊ မျှော်လင့်ချက် မဲ့မှု ကို လည်းပဲ
မျှော်လင့် ရတာပဲ မဟုတ်လား။
နောက်တခါ များ လူပြန်ဖြစ်ခွင့်ရခဲ့ရင်
ဆိုတဲ့ မျှော်လင့်ချက် ကတောင် အနာတရပါ။
အမြဲတမ်း အနာတရ တွေပါ။
အနာတရ တွေကိုပဲ။
လှလှပပ သိပ်ဟန်ဆောင်ကောင်းရတာ။
လှလှပပ သိပ်ဖွဲ့နွဲ့ခွင့်ရခဲ့တာ။
လှလှပပ ဆိုပြခဲ့ကြရတာ။
လှလှပပ ဖုံးဖိခဲ့ကြတာ။
အမှန်အတိုင်းပြောလိုက်စမ်းပါ ၊ အချစ်ရယ်
ငါ ပျော်ရွှင်မှု လိုအပ်တယ်၊ သာယာမှု လိုအပ်တယ်
ဆန့်ကျင်ဘက် လိင် လိုအပ်တယ်လို့။
ဒါနဲ့များ...
ငါနဲ့ပဲ ပျော်ရွှင်ရမယ် တခြားသူနဲ့မပျော်ရွှင်ရဘူးဆိုတာ
တရားရော တရားရဲ့လား အချစ်ရဲ့။
ပြောပါအုံး။
ရီ စရာကြီးပါ။
အဲ့ဒါ့ ကိုများ၊
ကိုယ်ကလည်း မင့်တွေ့တိုင်း ချစ်တယ်ချည်း ပြောပြောနေတာပဲ။
ကိုယ်ပြောခဲ့တယ်မလား
ကဗျာကို ကဗျာလိုရေး
အနုပညာ ကို အနုပညာလိုရေးလို့။
တကယ်ပါ
ရီ စရာကြီးရယ်ပါ။
ကို ဘာပြောစရာ ကျန်သေးလဲ ဆိုတော့
ချစ်တယ်တဲ့။
မင်း ကစားခဲ့ဖူးတဲ့ အာရုံကြောများက တခုတ်တရ။
ထွန်းနွယ်
အနုပညာကို အနုပညာလိုရေး။
အချစ်ရယ်
မင်းကို ကိုယ်က သိပ်လိုအပ်လှတာမဟုတ်ပါဘူး
ကိုယ့်ပျော်ရွှင် မှုပဲ ကိုယ်က ဆာလောင်ခဲ့သူပါ။
တစ်ပါးသူကို မထိခိုက်ဘဲ အသက်ရှင်လို့ရခဲ့လို့လား
အချစ်ရယ်။
တောင်းပန်ပါတယ်
ပျော်ရွှင်မှု ဆိုတာမှာ၊ အချစ်ဆိုတာမှာ
အချစ်ပဲ ထိခိုက်ရတာရယ်မလား။
လောကမှာ ကိုယ့်သာယာမှု ပျော်ရွှင်မှု လောက်
အရေးကြီးတာ ရှိအုံးမလားကွဲ့။
ဒါနဲ့များ မင်းကိုယ့်ကို ချစ်တယ်တဲ့။
လူတွေက ဆန့်ကျင်ဘက် လိင်ရယ်။ ဆာလောင်မှုရယ် ၊ သာယာမှုရယ်
အဲ့ဒါတွေ စုံသွားတော့ အချစ်တဲ့။
ကိုယ် မငြင်းဆိုလိုပါ။
တကယ်ပါ လှလှပပ ၀န်ခံလိုက်စမ်းပါ
ကိုယ့် ရဲ့ အတ္တစိတ် ထကြွသောင်းကျန်းမှုကို
လောကမှာ ဘာကို မှ မမျှော်လင့်တာပဲ အေးတယ်တဲ့
ဘယ်သူများ ပြောခဲ့တာလဲလို့၊
ဟုတ်ကဲ့၊ မျှော်လင့်ချက် မဲ့မှု ကို လည်းပဲ
မျှော်လင့် ရတာပဲ မဟုတ်လား။
နောက်တခါ များ လူပြန်ဖြစ်ခွင့်ရခဲ့ရင်
ဆိုတဲ့ မျှော်လင့်ချက် ကတောင် အနာတရပါ။
အမြဲတမ်း အနာတရ တွေပါ။
အနာတရ တွေကိုပဲ။
လှလှပပ သိပ်ဟန်ဆောင်ကောင်းရတာ။
လှလှပပ သိပ်ဖွဲ့နွဲ့ခွင့်ရခဲ့တာ။
လှလှပပ ဆိုပြခဲ့ကြရတာ။
လှလှပပ ဖုံးဖိခဲ့ကြတာ။
အမှန်အတိုင်းပြောလိုက်စမ်းပါ ၊ အချစ်ရယ်
ငါ ပျော်ရွှင်မှု လိုအပ်တယ်၊ သာယာမှု လိုအပ်တယ်
ဆန့်ကျင်ဘက် လိင် လိုအပ်တယ်လို့။
ဒါနဲ့များ...
ငါနဲ့ပဲ ပျော်ရွှင်ရမယ် တခြားသူနဲ့မပျော်ရွှင်ရဘူးဆိုတာ
တရားရော တရားရဲ့လား အချစ်ရဲ့။
ပြောပါအုံး။
ရီ စရာကြီးပါ။
အဲ့ဒါ့ ကိုများ၊
ကိုယ်ကလည်း မင့်တွေ့တိုင်း ချစ်တယ်ချည်း ပြောပြောနေတာပဲ။
ကိုယ်ပြောခဲ့တယ်မလား
ကဗျာကို ကဗျာလိုရေး
အနုပညာ ကို အနုပညာလိုရေးလို့။
တကယ်ပါ
ရီ စရာကြီးရယ်ပါ။
ကို ဘာပြောစရာ ကျန်သေးလဲ ဆိုတော့
ချစ်တယ်တဲ့။
မင်း ကစားခဲ့ဖူးတဲ့ အာရုံကြောများက တခုတ်တရ။
ထွန်းနွယ်
Apr 2, 2011
ညကဖေး
ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဆိုတာ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ပေါ့။ ညဘက်မှာဖွင့်တဲ့ ကဖေးဆိုင်ဆိုတော့ ညဘက်မှာ ကျင်လည်တဲ့သူတွေထိုင်ကြတဲ့ နေရာတစ်ခုလေ။ ညကဖေးမှာ ကျွန်တော်တို့ ထိုင်နေတယ်။ ညကဖေးဟာ မီးကျီခဲတွေရဲလို့။ ရေနွေးငွေ့တွေ ဆူလို့။ လူသံသူသံ၊ ယာဉ်ရထားသံတွေတိတ်လို့။ လမင်းကသာလို့။ နီယွန်မီးတွေထိန်လို့။ ကျွန်တော်ဟာ ညလူတစ်ယောက်အဖြစ်နဲ့ ညကဖေးမှာ ရောက်နေတယ်။ ကျွန်တော် ညဘက်ဆင်းရတဲ့အလုပ်က သန်းခေါင်လောက်မှာ ပြီးသွားတယ်။ ညကဖေးမှာ တစ်ခုခုသောက်ဖို့ ရောက်လာခဲ့တာပေါ့။ တိတ်တိတ်ဆိတ်ဆိတ် ညကဖေးမှာ မိတ်ဆွေတစ်ယောက်နဲ့ ထိုင်နေမိတယ်။ ညကဖေးမှာ ထိုင်သူတွေဟာ ငြိမ်ငြိမ်သက်သက်နဲ့ တချို့စကားကို တီးတိုးသံနဲ့ပြောလို့။ အရူးကြီးတစ်ယောက်၊ အပေါစား ပြည့်တန်ဆာတစ်ယောက်၊ လေလွင့်နေတဲ့ အိမ်ပြေးတစ်ယောက်၊ ဒုက္ခိတတစ်ယောက် ညကဖေးမှာ ရောက်နေကြတယ်။ သူတို့ တစ်နေရာစီမှာ ငြိမ်ငြိမ်သက်သက်ထိုင်လို့။ ကျွန်တော်သိပ်စိတ်ဝင်စားဖူးတဲ့သူတွေပါ။ စာတွေထဲမှာသာ သူတို့အကြောင်းကိုဖတ်ခဲ့ဖူးရဲ့။ ခုတော့ ညကဖေးမှာ တွေ့နေရပြီ။ ပြည့်တန်ဆာမဟာ စီးကရက်တစ်လိပ်ကိုဖွာနေတယ်။ သူ့ဆံပင်တွေဟာ ဖြစ်သလိုနဲ့ ကျောဘက်မှာ ဖရိုဖရဲကျနေတယ်။ သူ့နှုတ်ခမ်းတွေဟာ ခြောက်သွေ့နေတယ်။ သူ့မျက်လုံးတွေဟာ နာကျင်မှုနဲ့ အံ့ဖွယ် အဓိပ္ပါယ်ကို ဆောင်တယ်။ သူဟာလည်း တစ်ချိန်က အပျိုစင်ဖြစ်ခဲ့ဖူးသူပါပဲကွာ။ သူ့မှာ ရွှေရောင်တောက်ပတဲ့ အဖိုးထိုက်နေ့ရက်တွေ ရှိခဲ့တယ်ဆိုရင်ဖြင့် အဲဒီနေ့ ရက်တွေဟာ ကုန်ဆုံးလွတ်မြောက်သွားခဲ့ပြီ။ အရည်တွေညှစ်ထုတ်ထားတဲ့ ပျားလပို့တစ်ခုနှယ် အချည်းအနှီးနေ့ရက်တွေကိုသာ ခုအခါဖြတ်သန်းနေရတာပဲ။ လိုချင်သူမဲ့တဲ့ စွန့်ပစ်ခံ အရုပ်တစ်ရုပ်နှယ်သာသာပါ။ သူ့ကိုယ်ခန္ဓာဟာ ပိုးမွှားတွေသိုလှောင်ထားတဲ့ အသားစိုင်ကြီးတစ်ခုမျှာသာဖြစ်နေပေါ့။ အရူးကြီးက စားပွဲမှာ သူ့ဦးခေါင်းကို ငုံ့ကိုင်းပြီးထိုင်နေတယ်။ သူ့နှုတ်ခမ်းမွေးတွေဟာ ရိုင်းကြမ်းစွာပေါက်နေကြတယ်။ ဘယ်ကိုမှမကြည့်၊ ဘာကိုမှလည်း မပြောပဲ သည်အတိုင်းငြိမ်သက်လို့။ သူ့ဦးခေါင်းထဲမှာ အတွေးတစ်ခုဟာ မြွေပွေးတစ်ကောင်လို ခွေနေမလား။ မီးကျီခဲတစ်ခုလို တရိပ်ရိပ်လောင်ကျွမ်းနေမလား။ သိချင်မိတယ်။ သူကရော တစ်ချိန်က ပျော်ရွှင်ရယ်မောနေတဲ့ လူငယ်ဘဝကို ရဖူးပါစ။ လေလွင့်နေတဲ့ အိမ်ပြေးကလေးကတော့ ကျောပိုးအိတ်ကို ဘေးမှာချလို့ စာအုပ်တစ်အုပ်ကို သဲသဲမဲမဲဖတ်နေတယ်။ ဒါဟာ သူ့ဘဝပဲ။ သူဖတ်နေတဲ့စာအုပ်က လူကလေးသို့ ပေးစာများတဲ့။ သူ့ရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပနေတယ်။ သူဟာ ဘယ်မြို့တွေကို ဖြတ်သန်းခဲ့ပြီလဲ။ ဘယ်မြို့တွေကို ဖြတ်သန်းဦးမှာလဲ။ သူ့အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်သေးသလဲ။ ကျွန်တော်နဲ့ မိတ်ဆွေဟာ ညကဖေးမှာ ထိုင်နေကြတယ်။ ညကဖေးဟာ ပလက်ဖောင်းဘေးမှာပါ။ တစ်ဖက်မှာ ဘဏ်တိုက်ကြီးတစ်ခု၊ တစ်ဖက်မှာ အထူးကုဆေးရုံတစ်ရုံ၊ ဟိုးတစ်ဖက်မှာတော့ မြို့ရဲ့အထင်ကရဈေးကြီး။ အားလုံးတိတ်ဆိတ်လို့။ ကတ္တရာလမ်းနှစ်ခုက တစ်ခုကိုတစ်ခု ဖြတ်လို့။ ညကဖေးဆိုင်ရှင်ဟာ သူ့ဆိုင်ထဲဝင်ရောက်လာသူတွေကို ဧည့်ဝတ်ကျေလို့။ ရေနွေး၊ စီးကရက်၊ ကော်ဖီ၊ ချာပါတီ အာလုး လိုအပ်တာ လိုက်ချပေးစေတယ်။ ဒုက္ခိတ တစ်ယောက်ကတော့ သူ့ချိုင်းထောက်ကို စားပွဲပေါ်မှာထောင်ပြီး ချာပါတီအာလူးကို မြိန်ရှက်စွာ စားသောက်နေတယ်။ (၂၈)လမ်းနဲ့ (၈၂)လမ်းမကြီးနှစ်ခုဟာ ညကဖေးအနီးမှာ တစ်ခုကိုတစ်ခု ကန့်လန့်ဖြတ်သွားကြတယ်လေ။ ခုတော့ လမ်းမကြီးနှစ်ခုပေါ်မှာ လူတွေရှင်းလို့လင်းလို့။ ဟိုးခပ်လှမ်းလှမ်းရပ်နေတဲ့ သစ်ပင်အောက်မှာ ခွေးတစ်ကောင် တရွေ့ရွေ့ လျှောက်သွားနေတယ်။ ညကဖေးက လူတွေဟာသန်းခေါင်ယံကျော်ရင် ညကဖေးနဲ့အတူ ပျောက်ကွယ်သွားကြမှာပဲ။ ဒါပေမဲ့ နေဝင်ရီတရော ညအမှောင်ဝင်လာခဲ့ရင်တော့ ညကဖေးနဲ့အတူ သူတို့ ပြန်ရောက်လာကြဦးမှာပေါ့။
နေမျိုး
၂၀၀၃၊ ၄၊ ၃
နေမျိုး
၂၀၀၃၊ ၄၊ ၃
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
Subscribe to:
Posts (Atom)