သတိရခြင်း
လေထဲက အမှုန်တွေကို ဖမ်းဆုပ်လို့ ရနိုင်ပါမလား
ကျားကွက်သစ်ဟာ အသက်ဝင်မြဲ၊ အသက်ဝင်နေဆဲ
ကျစိမ့်ဟာ ကျစိမ့်အရသာ အမြဲပေါ်ဖို့
နှုတ်မှ တဖွဖွ ရွတ်တယ်
“မင်းမရှိလည်း ဖြစ်တယ်”
“မင်းမရှိလည်း ဖြစ်တယ်... ငါ့ရဲ့ မရှိမဖြစ် မိုး”
သတိရခြင်း -၂
မြင်ကွင်းဟာ မရိုးနိုင်ဘူး
လှည်းတန်း - လူအုပ် နဲ့ ဘတ်စ်ကားများ
သတိရခြင်း -၃
ညနေဆို အဝိုင်းထိပ်မှာ ရှိမယ်
ညနေဆို အဝိုင်းထိပ်က ထိုင်နေကျဆိုင်မှာ ရှိမယ်
ညနေဆို ထိုင်နေကျ အဝိုင်းထိပ်ကဆိုင် ရှိသေးရဲ့လား
သတိရခြင်း -၎
ခဲခြစ်ကောက်ကြောင်းလို
ရေးဆွဲခဲ့
ဒိုင်ယာရီနေ့ရက်များ
အချိန်နဲ့အတူ
ခဲသားတို့ မှေးမှိန်သွားကြ
အတိတ်တို့ မှေးမှိန်သွားကြ
ချစ်ခြင်းတို့ အေးစက်သွားကြ
ခဲခြစ်ဒိုင်ယာရီ စာမျက်နှာများ
သီဟသူ
၂၅-နိုဝင်ဘာ-၂၀၁၀
Nov 22, 2010
လှည်းတန်း
အမေတွေ သားပျောက်ရှာနေကျ
သင်္ချိုင်းတစ်ဝက် ပန်းခြံတစ်ဝက်
တောမှောက်တတ်တဲ့နေရာ
ပေါက္ခရ၀ဿတိမ်တွေ ဆာနေတဲ့
ရေငတ်တောလေးရဲ့
ဖိနပ်ဗလာခြေရာလေးများ အထပ်ထပ်
လက်ပူတိုက်ထားတဲ့ မြို့လေးရဲ့
မျက်ရည်ဝနေတဲ့ စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့ လမ်းမများကျောပေါ်က
ခေါင်းစဉ်မတပ်နိုင်တဲ့ တေးတွေကို သီဆိုသူ
သူဖုန်းစားကြီး မဟတ္တမဂန္ဓီ ခွက်မှောက်တဲ့နေရာ
သူဖုန်းစားကြီး ဒေါက်တာရီဇော် ခွက်ပျောက်ခဲ့တဲ့နေရာ
မိုးမလင်းသေးတဲ့ အကျဉ်းသား ရပ်ကွက်လေး
ရိတ်သိမ်းခွင့်မရရှာတဲ့
စိုက်ပျိုးသူတို့လက်တွေရဲ့
လက်သီးများ ပွက်ပွက်ထရာ လယ်ယာမြေ
အစိမ်းကြွေတွေရဲ့ တလင်း
အသွေးအသားနဲ့ ခင်းကျင်းလို့
အနှစ်လေးဆယ်အဓမ္မ အိပ်ယာကြီးကို ကုတ်ခြစ်ခဲ့တဲ့
ငါတို့အစ်မရဲ့ လက်ရုံးကြောတွေ အဲဒီမှာ
အဲဒီမှာ
မာရ်နတ်တွေရဲ့ နှလုံးသားကို တောင်းခံနေရင်း
အဆုတ်ထဲက ဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေး ဖြစ်သွားရှာတဲ့
ငါတို့ညီမလေးရဲ့ တော်လဲသံတွေလည်း ရှိတယ်
အဲဒီမှာ
ကိုယ့်အကိုင်းအခက်နဲ့ ကိုယ်မသီးနိုင်ရှာတဲ့
နှင်းခါးရိုက်ခံရတဲ့ အပွင့်တွေလည်းရှိတယ်
အဲဒီမှာ
ပရောဂအကိုက်ခံနေရဆဲ
ရောဂါသည်တွေရဲ့ ခြင်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလည်း ရှိတယ်
အဲဒီမှာ
ကိုဗဟိန်းရဲ့ မြင်းခွာပေါက်သံတွေအောက်က
သွေးဖောက်ခံရတဲ့ မီးတောက်တွေလည်း ရှိတယ်
အဲဒီမှာ
ဘ၀များစွာရဲ့ ရုပ်ကြွင်းတွေကို ရှာနေရင်း
ကိုယ့်ဘ၀ကိုယ် ထိုးထည့်ထားရတဲ့
အိပ်တန်းပျက်လွယ်အိပ်ပေါက်တွေလည်း ရှိတယ်
ရှိတယ်
ဖြစ်တယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုဟာ
အမဲလိုက်ခွေးတွေရဲ့
ကျည်တစ်တောင့်ရဲ့
ပစ်မှတ်အပြော့ဖြစ်တယ်
အလံတစ်ပိုင်းဟာ သွေးတိတ်စေတဲ့ ပတ်တီးစ
ပုဝါတစ်ထည်ဟာ သွေးစွန်းနေတဲ့ အလံတစ်ခု ဖြစ်တယ်
ကံ့ကော်ပွင့်တွေ ကစော်ဖောက်သောက်လိုက်တဲ့
ဖုန်းဆိုးရာသီရဲ့
လိမ္မော်ရောင် ကြိုးဝိုင်းဖြစ်တယ်
အဲဒီမှာ
အရည်ပြားတွေပေါ်က ဗုံသံတွေ
ဗုံသံတွေကို တံစို့ထိုး“က”နေကြတဲ့
လမ်းလျှောက်သင်ခါစ စည်းချက်တွေ
ဗုံသံတွေ
စည်းချက်တွေ
ဒရွတ်တိုက်လဲလဲကျနေတဲ့
စည်းချက်တွေ
ဗုံသံတွေ
အဲဒီမှာ
အလင်းပျက်တွေ ချောက်ချား
ညဟာ တိတ်တဆိတ်အူပြီလားဆိုမှဖြင့်
လမ်းမများရဲ့ မွေးညင်းပေါက်တွေထဲက
အမှောင်ရဲ့ သင်္ချိုင်းဟာ ကုန်း ရုန်း ထ
အမှောင်ရဲ့ သင်္ချိုင်းဟာ
ကုန်း ရုန်း ထ
ဇော်လူစိမ်း
၁၉၉၉
သင်္ချိုင်းတစ်ဝက် ပန်းခြံတစ်ဝက်
တောမှောက်တတ်တဲ့နေရာ
ပေါက္ခရ၀ဿတိမ်တွေ ဆာနေတဲ့
ရေငတ်တောလေးရဲ့
ဖိနပ်ဗလာခြေရာလေးများ အထပ်ထပ်
လက်ပူတိုက်ထားတဲ့ မြို့လေးရဲ့
မျက်ရည်ဝနေတဲ့ စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့ လမ်းမများကျောပေါ်က
ခေါင်းစဉ်မတပ်နိုင်တဲ့ တေးတွေကို သီဆိုသူ
သူဖုန်းစားကြီး မဟတ္တမဂန္ဓီ ခွက်မှောက်တဲ့နေရာ
သူဖုန်းစားကြီး ဒေါက်တာရီဇော် ခွက်ပျောက်ခဲ့တဲ့နေရာ
မိုးမလင်းသေးတဲ့ အကျဉ်းသား ရပ်ကွက်လေး
ရိတ်သိမ်းခွင့်မရရှာတဲ့
စိုက်ပျိုးသူတို့လက်တွေရဲ့
လက်သီးများ ပွက်ပွက်ထရာ လယ်ယာမြေ
အစိမ်းကြွေတွေရဲ့ တလင်း
အသွေးအသားနဲ့ ခင်းကျင်းလို့
အနှစ်လေးဆယ်အဓမ္မ အိပ်ယာကြီးကို ကုတ်ခြစ်ခဲ့တဲ့
ငါတို့အစ်မရဲ့ လက်ရုံးကြောတွေ အဲဒီမှာ
အဲဒီမှာ
မာရ်နတ်တွေရဲ့ နှလုံးသားကို တောင်းခံနေရင်း
အဆုတ်ထဲက ဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေး ဖြစ်သွားရှာတဲ့
ငါတို့ညီမလေးရဲ့ တော်လဲသံတွေလည်း ရှိတယ်
အဲဒီမှာ
ကိုယ့်အကိုင်းအခက်နဲ့ ကိုယ်မသီးနိုင်ရှာတဲ့
နှင်းခါးရိုက်ခံရတဲ့ အပွင့်တွေလည်းရှိတယ်
အဲဒီမှာ
ပရောဂအကိုက်ခံနေရဆဲ
ရောဂါသည်တွေရဲ့ ခြင်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလည်း ရှိတယ်
အဲဒီမှာ
ကိုဗဟိန်းရဲ့ မြင်းခွာပေါက်သံတွေအောက်က
သွေးဖောက်ခံရတဲ့ မီးတောက်တွေလည်း ရှိတယ်
အဲဒီမှာ
ဘ၀များစွာရဲ့ ရုပ်ကြွင်းတွေကို ရှာနေရင်း
ကိုယ့်ဘ၀ကိုယ် ထိုးထည့်ထားရတဲ့
အိပ်တန်းပျက်လွယ်အိပ်ပေါက်တွေလည်း ရှိတယ်
ရှိတယ်
ဖြစ်တယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုဟာ
အမဲလိုက်ခွေးတွေရဲ့
ကျည်တစ်တောင့်ရဲ့
ပစ်မှတ်အပြော့ဖြစ်တယ်
အလံတစ်ပိုင်းဟာ သွေးတိတ်စေတဲ့ ပတ်တီးစ
ပုဝါတစ်ထည်ဟာ သွေးစွန်းနေတဲ့ အလံတစ်ခု ဖြစ်တယ်
ကံ့ကော်ပွင့်တွေ ကစော်ဖောက်သောက်လိုက်တဲ့
ဖုန်းဆိုးရာသီရဲ့
လိမ္မော်ရောင် ကြိုးဝိုင်းဖြစ်တယ်
အဲဒီမှာ
အရည်ပြားတွေပေါ်က ဗုံသံတွေ
ဗုံသံတွေကို တံစို့ထိုး“က”နေကြတဲ့
လမ်းလျှောက်သင်ခါစ စည်းချက်တွေ
ဗုံသံတွေ
စည်းချက်တွေ
ဒရွတ်တိုက်လဲလဲကျနေတဲ့
စည်းချက်တွေ
ဗုံသံတွေ
အဲဒီမှာ
အလင်းပျက်တွေ ချောက်ချား
ညဟာ တိတ်တဆိတ်အူပြီလားဆိုမှဖြင့်
လမ်းမများရဲ့ မွေးညင်းပေါက်တွေထဲက
အမှောင်ရဲ့ သင်္ချိုင်းဟာ ကုန်း ရုန်း ထ
အမှောင်ရဲ့ သင်္ချိုင်းဟာ
ကုန်း ရုန်း ထ
ဇော်လူစိမ်း
၁၉၉၉
Nov 20, 2010
ဆက်လက်ရေးသားဆဲကိစ္စ
တစ်ညတည်းနဲ့ အပြီးအပြတ် ကုသနိုင်ဖို့ဆိုတာ မရေရာတဲ့ကိစ္စ။ မနေ့က အကြောင်းတွေ၊ ပြီးတော့ တနေ့က အကြောင်းတွေ၊ လေးထောင့်ပုံစံ အရေးအသားတွေ ရင်ဘတ်ထဲမှာ လာလာပြီး ခိုဝင်နေတယ်။ လက်ညှိုးနဲ့ လက်ခလယ်ကြားက စီးကရက်ထိပ်ဖျားမှာ လာရောက် ခိုနားနေတယ်။ ထွေးပစ်လိုက် တဲ့ ကွမ်းသွေးတွေထဲ၊ မျိုချလိုက်ရတဲ့ ပူပြင်း ခါးသီးတဲ့ အရသာပျော်ရည်တွေထဲ မှာပါ စီးမျောနေတယ်။ ဒါပေမယ့် မပြီးနိုင်အောင်ပဲ ငါက ဆက်လက်ရေးသားနေ လို့၊ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ဂီတတွေက ငါ့ကို ဆက်လက်ရေးသားနေ လို့၊ ခဲကောက်ကြောင်းတွေက ငါ့အတ္တကိုပါ ကျူးကျော်ပြီးတော့ ဆက်လက်ရေး သားနေကြလို့။ ငါ ငါ ငါ ဘယ်သူမှ မပါဘဲ တစ်ယောက်တည်း ရန်ဖြစ်နေတယ်။ ဘယ်သူ့ကိုမှ စိန်မခေါ်ရဘဲ ငါ့ကိုယ်ငါ ကုန်းကိုက်နေတယ်။ သွေးတွေ၊ ကိုယ်ခန္ဓာ၊ အမှတ်သညာတွေကို ထွေးထုတ်လိုက်၊ မျိုချလိုက်၊ ဖြစ်တည်မှုကို ကျိတ်ခွဲလိုက်၊ ဖွဲ့စည်းစေလိုက်၊ လွန်းသွားတစ်ချောင်း၊ ပစ္စတင်တစ်ချောင်း။ အကောင်းစားတွေနဲ့ နေပေဦးတဲ့ … သေရာပါကိစ္စတွေက မသေသေးကြဘူး။ ဒီတော့ နောက်တစ်လ၊ နောက်တစ်ပတ်၊ နောက်တစ်ရက် ဆက်ပြီးဖတ်ရှုဖို့ စာညွှန်းတိုတိုလေး တပ် မထားရင်တောင်မှ အသက်ရှုနေတာကို ရပ်တန့်လိုက်ဖို့ကိုသာ စဉ်းစား၊ ဆက် လက်ရေးသားဆဲကိစ္စ။
ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀
Nov 17, 2010
ဆူးတွေနဲ့လူ
မြို့ထဲသို့ လူတစ်ယောက်ဝင်လာသည်။ သူ့ကိုယ်ပေါ်မှာ အင်္ကျီ အဝတ်အစားမပါ။ အင်္ကျီအဝတ်အစားမပါသော ကိုယ်ခန္ဓာပေါ်တွင် ဆူးချွန်ကြီးများ ပေါက်ရောက်နေသည်။ ဆူးချွန်ကြီးများက သူ့ကိုယ်ပေါ်မှ အရပ်မျက်နှာအသီးသီးသို့ ချိန်ရွယ်ဆန့်တန်းလျက်ရှိသည်။ သူ့တစ်ကိုယ်လုံး ဆူးတွေကိုးရိုးကားရားနှင့်။ ကလေးငယ်လေးတစ်ယောက်က ဆူးတွေနဲ့လူကို စတင်တွေ့မြင်ခဲ့သည်။ ဆူးတွေနဲ့လူကြီး၊ ဆူးတွေနဲ့လူကြီး၊ ကလေးငယ်သည် ဤသို့အော်ဟစ်ကာ လမ်းပေါ်မှာ ဆော့ကစားနေရာမှ အိမ်ထဲသို့ ကြောက်လန့်တကြား ပြေးဝင်သွားသည်။ အိမ်ထဲမှာ လူကြီးတွေရှိပုံမရ။ တိတ်ဆိတ်နေသည်။ ကလေးငယ်သည် အိမ်တံခါးမကို အမြန်ပိတ်ကာ ပြတင်းပေါက်မှ ချောင်းကြည့်နေသည်။ အကြောက်ကတော့ မပြေသေး။ ဆူးတွေနဲ့လူသည် ကလေးငယ်ပုန်းအောင်းနေသောအိမ်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ပြီးတော့ လမ်းမအတိုင်း ခြေလှမ်းမှန်မှန်ဖြင့် ဆက်လျှောက်သွားသည်။ ဆူးတွေနဲ့လူသည် သူ့ကိုယ်သူ ကျေနပ်ဟန်ဖြင့် လမ်းကိုဆက်လျှောက်သွားနေသလား။ ဒါမှမဟုတ် မကျေမနပ်ဟန်ဖြင့် လမ်းကိုဆက်လျှောက်သွားနေသလား ခန့်မှန်း၍မရ။ အကြောင်းက သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသူလို ထင်မှတ်ရသောကြောင့် ဖြစ်သည်။ ဆူးတွေနဲ့လူသည် လမ်းမကြီးကို ဖြတ်ကူးလိုက်သည်။ ထရပ်ကားကြီးတစ်စီးက သူ့ကို ဝင်တိုက်မိတော့မလိုဖြစ်ကာ ဘရိတ်ကို ကျယ်လောင်စွာ အုပ်လိုက်ရသည်။ ဒရိုင်ဘာ၏ဦးခေါင်းက ကားရှေ့ခန်းမှပေါ်လာကာ ကြမ်းတမ်းသောစကားဖြင့် ရေရွတ်ဆဲဆိုလိုက်သည်။ ဆူးတွေနဲ့လူက သူ့ကို ဆဲဆိုအော်ဟစ်သည့် ဒရိုင်ဘာကို ဘာမျှမဖြစ်သလိုလှမ်းကြည့်လိုက်သည်။ ဒရိုင်ဘာက ဆူးတွေနဲ့လူကို မြင်တွေ့သွားပြီ။ ဟာ ... တစ်ကိုယ်လုံးဆူးတွေပေါက်နေတဲ့ လူတစ်ယောက်။ ဒရိုင်ဘာသည် အံ့သြထိတ်လန့်စွာဖြင့် ထရပ်ကားကြီးကို အရှိန်မြှင့်မောင်းကာ ပြေးထွက်သွားတော့သည်။ ဆူးတွေနဲ့လူသည် လမ်းမပေါ်မှာဆက်၍ လျှောက်လာခဲ့သည်။ ရှေ့တွင်လူတွေတရုန်းရုန်း ဝိုင်းအုံကြည့်နေသော ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိသည်။ လူတွေက ဆူးတွေနဲ့လူကို မမြင်ကြ။ ရုပ်ရှင်ရိုက်ကွင်းမှာ ငေးမောကြည့်ရှုနေကြသည်။ ဆူးတွေနဲ့လူက ရုပ်ရှင်ရိုက်ကွင်းထဲ ဝင်ရောက်သွားသည်။ အဝတ်အစား မလုံမလဲနှင့် မင်းသမီးက စူးစူးရဲရဲ အထိတ်တလန့်အော်ကာ ထခုန်သည်။ ဗီလိန်တွေ နောက်ဆုတ်သွားကြသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသောလူတွေက မထင်မှတ်သောပြကွက်ကို တွေ့မြင်လိုက်ရသဖြင့် တအံ့တသြဖြစ်ကာ စိတ်ဝင်တစား ငေးမောကြည့်နေကြသည်။ ဆူးတွေနဲ့လူက ကင်မရာကို ဖြတ်ကျော်သွားသည်။ ထိုအချိန်မှာပင် အဝေးမှ ဝိုင်ယာလက်ဥသြဆွဲသံများကို စတင်ကြားလာရသည်။ ရုပ်ရှင်ရိုက်ကွင်းကို ဝိုင်းအုံကြည့်နေကြသော လူများ သဲသဲရုတ်ရုတ်ဖြစ်သွားသည်။ဆူးတွေနဲ့လူသည် လူစည်ကားသော မြို့ထဲသို့ တိုး၍ဝင်သွားသည်။ လူတွေက ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်ရင်း ရှဲပေးကြသည်။ ဆူးတွေနဲ့လူ၏ ခြေလှမ်းများက မရပ်သေး။ အဝေးမှဝိုင်ယာလက်ကား၏ အရေးပေါ်ဥသြဆွဲသံများ တစ်စတစ်စ နီးကပ်လာသည်။ ရုပ်ရှင်ရိုက်ကွင်းမှာ ဖရိုဖရဲဖြစ်ကာကျန်ရစ်ခဲ့ပြီ။ ဝိုင်းအုံကြည့်နေသာလူများထဲမှ တစ်စုံတစ်ယောက်က ခဲဖြင့် ပေါက်လိုက်သည်။ ခဲလုံးသည် ဆူးတွေနဲ့လူကို ပြင်းစွာထိမှန်သွားသည်။ ဆူးတွေနဲ့ လူ၏ ခြေလှမ်းများ တုံ့ကနဲရပ်သွားသည်။ လူအုပ်ကြီးကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ လူအုပ်ကြီးကလည်း ဆူးတွေနဲ့လူကို အံ့သြထိတ်လန့်စွာ ကြည့်နေကြ၏။ သူတို့ဝိုင်းအုံကြည့်နေကြစဉ်မှာပင် စောစောက ခဲမှန်သွားသောနေရာ၌ ဆူးကြီးတစ်ချောင်း လူးလွန့်ကာ တလှုပ်လှုပ်နှင့် ထိုးထွက်ပေါက်ရောက်လာသည်။ လူအုပ်ကြီး နောက်သို့ ထပ်၍ ရှဲသွားကြပြန်သည်။ ဝိုင်ယာလက်ကားများ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီ။ ထရပ်ကားကြီးကတော့ အဝေးကိုမနားတမ်း မောင်းနှင်သွားနေခဲ့ပြီ။ ဆူးတွေနဲ့လူက မြို့လယ်ကောင်မှာ။
နေမျိုး
၂၀၀၃၊ ၂၊ ၆
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
နေမျိုး
၂၀၀၃၊ ၂၊ ၆
နေမျိုး
မြည်နေတဲ့ထရမ်းပက် (ဝတ္ထုတိုငယ်စု)
ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၀၆
မိုးကောင်းစာအုပ်တိုက်
Nov 16, 2010
လွတ်လပ်သော လမ်းကလေး
သော့ခလောက်နှင့် တံခါးချက်တို့
ပါးစပ်ပေါက်ဖွင့်ဟ
သီချင်းဆိုကြလေပြီ။
ငှက်တို့ စိုးရိမ်ကင်းစွာ
ဝင်ရောက်ခိုနားသော သစ်ပင်။
သွေးစွန်းသော မြေပြင်ကို
ပြစ်မဲ့ခြေအစုံတို့ဖြင့်
မနင်းမထိစိမ့်သောငှာ
နတ်များက လက်တို့ဖြင့်
ပင့်မသယ်ဆောင်လေသော်
ကမ္ဘာမြေလည်း တုန်ဟည်းလေ၏။
ရေ၀တီ
၁၅၊ နိုဝင်ဘာ ၂၀၁၀
တက္ကသိုလ်ရိပ်သာလမ်း အမှတ်တရ
ပါးစပ်ပေါက်ဖွင့်ဟ
သီချင်းဆိုကြလေပြီ။
ငှက်တို့ စိုးရိမ်ကင်းစွာ
ဝင်ရောက်ခိုနားသော သစ်ပင်။
သွေးစွန်းသော မြေပြင်ကို
ပြစ်မဲ့ခြေအစုံတို့ဖြင့်
မနင်းမထိစိမ့်သောငှာ
နတ်များက လက်တို့ဖြင့်
ပင့်မသယ်ဆောင်လေသော်
ကမ္ဘာမြေလည်း တုန်ဟည်းလေ၏။
ရေ၀တီ
၁၅၊ နိုဝင်ဘာ ၂၀၁၀
တက္ကသိုလ်ရိပ်သာလမ်း အမှတ်တရ
Nov 12, 2010
မိုးမရွာတဲ့ နေ့တုန်းက
ခင်ဗျား ရွေးချယ်ရမှာက
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…
ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…
ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀
Nov 7, 2010
လေပြင်းတွေကျနေချိန်
အခုလို လေပြင်းတွေကျနေချိန်
အခုလို လေပြင်းတွေထဲ ဓာတုအဆိပ်ငွေ့တွေ ထုတ်လွှင့်နေချိန်
ငါ့အသံတွေ မင်းဆီကို ပေးပို့ချင်ပါရဲ့။
အကြောင်းကြောင်းနဲ့ စံပယ်ပန်းကုံးကလေးတွေ
ကတ္တီပါသေတ္တာထဲ သော့ခတ်သိမ်းဆည်းကာ ထားခဲ့တယ်
ငါတို့ဟာ ချစ်လို့ ဝေးကွာနေကြရတာပါကွာ။
မင်းထက်မောင်
၅၊ ဇူလိုင်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆
အခုလို လေပြင်းတွေထဲ ဓာတုအဆိပ်ငွေ့တွေ ထုတ်လွှင့်နေချိန်
ငါ့အသံတွေ မင်းဆီကို ပေးပို့ချင်ပါရဲ့။
အကြောင်းကြောင်းနဲ့ စံပယ်ပန်းကုံးကလေးတွေ
ကတ္တီပါသေတ္တာထဲ သော့ခတ်သိမ်းဆည်းကာ ထားခဲ့တယ်
ငါတို့ဟာ ချစ်လို့ ဝေးကွာနေကြရတာပါကွာ။
မင်းထက်မောင်
၅၊ ဇူလိုင်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆
Oct 31, 2010
မာရီယာ (၂)
မာရီယာ
မာရီယာ
အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။
မင်း ဘာ ထပ်ပေးမှာလဲ
ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ
ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။
ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။
ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။
မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။
မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။
မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊
အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။
ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။
ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။
လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။
တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။
နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။
ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။
ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။
ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။
ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။
ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)
မာရီယာ
အလွမ်းတွေနဲ့ ပြည့်နေတဲ့မျက်ဝန်း
ဆွဲ မိ ဆွဲရာ စွဲ ခဲ့ ကြရတာ မာ ရီ ယာ။
မင်း ဘာ ထပ်ပေးမှာလဲ
ငါတို့ မှာ ကြောက်ကြောက်လန့်လန့် နဲ့ တမ်းတ
ငါ့ဆီက မင်းတို့ ဘာတွေမျှော်လင့် နေတာလဲ တဲ့
လား မာရီယာ။
ငါတို့မှာ မမျှော်လင့်တတ်ခဲ့ပါ။
ငါတို့မှာ မျှော်လင့် တတ်ခဲ့တာ။
မင်းရက်စက်တတ်မှန်း သိပါတယ် မာရီယာ
ဒါပေမဲ့ မင်းရက်စက်တယ် မာရီယာ လို့
ခပ်တည်တည် နဲ့ ညည်းညူ မျှော်လင့်။
မင့် ရက်စက်မှုမှာ တို့တွေ
ညည်းတွားမှုတွေ အော်သံတွေ သွေးခန်းလုမတတ်
ချွေး တဒီးဒီး သေခြင်း ထိ တိုင်
မင့် မာယာ တွေ။
မင့် မာယာတွေ မာရီယာ
မင့် မာယာတွေ
မာယာကော့ခ်စကီး ကို သတ်ပစ်ခဲ့တာ
မြို့မငြိမ်းကို ကားဘီးအောက်ပို့ပစ်ခဲ့တာ
ဆယ်ဗီယာ ပလပ် ခမျာ၊ ကက်ကိုဘိန်း ခမျာ
ဒါဇိုင်းခမျာ ၊
အို မာရီယာ
ဘုရားသခင် တော် တွေ ကိုယ်တိုင်တောင်မှ
မင့်လက်ချက်က လွတ်ခဲ့လို့လား။
ဒါနဲ့များ မင့် က ပြောသေးတယ်
ဘုရားသခင် တကယ် ကြင်နာတတ်ရင်
လူသားတွေ ကို မကြင်နာမှ ဖြစ်မယ်လို့။
ဟေ တီမှာ ၊ အင်ဒိုမှာ ၊ နာဂစ်မှာ ၊ ကက်ထရီနာမှာ
အီရတ်မှာ ၊ အီရန်မှာ၊ ဆာယာယေဗိုမှာ ၊ ဟီရိုရှီးမားမှာ
နာဂါစကီမှာ
မင့် ခပ်ပြုံးပြုံး နဲ့ ထေ့ပြုံးလေးနဲ့
နောက် ၀မ်းနည်းမျက်ရည်နဲ့ နောက် ချွေး တဒီးဒီး
တကုပ်ကုပ် တလုပ်လုပ်
မာရီယာ မင့် သိပ်ကြင်နာတတ်တယ်ပေါ့လေ
မာရီယာ ဟ ဟား။
လူ အစုလိုက် အပြုံလိုက် သတ်ပွဲတွေ
မင်း ငိုယိုနေခဲ့ပါသလား မာရီယာ။
မင်း ရယ်မောနေခဲ့ပါသလား မာရီယာ။
မင်း ရဲ့ လှပတဲ့ မာယာတွေ
အတွက် မင်း ဘယ်လို ခံစားရပါသလဲ မာရီယာ
တစ်ဆိတ်လောက်။
တစ်ဆိတ်လောက်
မင့် မာယာ ကင်းပြီး ငါတို့ နေခဲ့ချင်ပါရဲ့။
ဒါပေမယ့် အဲ့တောင့်တမှုအတွက်
ငါတို့ ငိုကြွေးခဲ့ရတာ။
နေပါအုံး မာရီယာ
ဒီဟာက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတာနဲ့ပဲ
ငါတို့တွေ ဘုရားသခင်ကို လိုအပ်ခဲ့ရတယ်ပေါ့။
ဒါဆို မာရီယာ
ငါ ဘုရား သခင် ကိုကျေးဇူးတင်ပါတယ်
မီး ထိန်ထိန်လင်းနေတဲ့ မြို့ပြကြီးကို ကျေးဇူးတင်ပါတယ်
ကလက်ရှနီကော့ခ် ကို ကျေးဇူးတင်ပါတယ်
ဖက်ဘွိုင်းကို ကျေးဇူးတင်ပါတယ်
ဆူနာမီကို ကျေးဇူးတင်ပါတယ်
နာဂစ်ကို ကျေးဇူးတင်ပါတယ်
ဟေတီငလျင်ကို ကျေးဇူးတင်ပါတယ်
ကမ္ဘာကြီးကိုလည်း ကျေးဇူးတင်ပါတယ်
ဒါပေမဲ့ မင့်ကိုတော့ ကျေးဇူးမတင်ပါရစေနဲ့ မာရီယာ။
ကိုချောလို မင့်ရက်စက်မှုဟာ ကမ္ဘာမှာ မရှိတော့ပါဘူးလို့လဲ
မညည်းတွား ရပါစေနဲ့။
ဖော်ဝေးလို နှလုံးအိမ်ထဲမှာလည်း ရေမငတ်ရပါစေနဲ့။
ကိုက်လမ်းကိုလည်း မလျှောက်ရ ပါစေနဲ့။
မနက် ၂ နာရီမှာ မထချင်လို့ မနက်၂ နာရီ မှာ မထ ရပါစေနဲ့။
လွှမ်းမိုးမှုအပြီး မှာ နုန်းများလည်း တင်မကျန်ခဲ့ရပါစေနဲ့။
အကောင်းဆုံးတွေကိုလည်း ရွေးမပြောရပါစေနဲ့။
ငါ့နာမည်လည်း ဂုဏ်သရေမရှိရပါစေနဲ့။
ခရေပန်းလည်း မခူးရပါစေနဲ့ လားကွယ် မာရီယာ။
ငါ အဲလို မင်းကို တောင်းပန်ချင်ပါတယ်
ဒါပေမဲ့ ငါ မတောင်းပန်ချင်ပါ။
မာယာကောခ့်စကီးရဲ့
ကိုယ့်ကိုရိုက်တဲ့လက်ကို
ပြန်လျက် နေမိတဲ့ ခွေးလိုပေါ့။
ဟော
ငါ မင်းအကြောင်းတွေ
ပြောနေမိပြန်ပါပကောလား ၊ မာရီယာ။ ။
ထွန်းနွယ်
(၃၁.၁၀.၂၀၁၀)
Oct 19, 2010
ကျီးကန်းအတု
ရွေ့လျားနိုင်တဲ့ သစ်ပင်အတုတွေရှိတယ်ဆိုတာ
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ
ခင်ဗျားမယုံတာတွေက အများသား။
ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။
ရေ၀တီ
၃၊ အောက်တိုဘာ ၂၀၁၀
ဝတ္တရားတွေကို မေ့လျော့တတ်တဲ့ အကောင်တွေနဲ့
တိရစ္ဆာန်ရုံအတု ရှိတယ်ဆိုတာ
သရသံနဲ့ ဗျည်းသံပေါင်းစပ်တတ်ရုံနဲ့
အသံထွက်လို့မရတဲ့ ဘာသာစကား ရှိတယ်ဆိုတာ
နောက်ဆုံးပိတ်ကျတော့ မသေချာခြင်းတွေပဲ ရှိတယ်ဆိုတာ
စပ်ဖြဲဖြဲအပြုံးတွေနဲ့ မိုက်ကန်းကန်း အကြည့်တွေဟာ
အချစ်မှာ မူးယစ်မေ့မြောနေတတ်သူတစ်ဦးရဲ့ ပိုင်ဆိုင်မှုဆိုတာ
ကွန်ပျူတာဝင်းဒိုးတက်သံတွေက ဘ၀အစအလယ်အဆုံးကို
ဆုံးဖြတ်တတ်တယ်ဆိုတာ
ခင်ဗျားမယုံတာတွေက အများသား။
ကောက်ချက်မချလိုပေမယ့်
ကျုပ်သော်လည်းကောင်း
ခင်ဗျားသော်လည်းကောင်း
ကျီးကန်းအတုတစ်ကောင် ဖြစ်ရမယ်ဆိုတာ
ခင်ဗျားယုံနိုင်မှာလား။
ရေ၀တီ
၃၊ အောက်တိုဘာ ၂၀၁၀
Oct 16, 2010
Subscribe to:
Posts (Atom)