> သီဟသူ [dot] blogspot [dot] com: ချစ်သောကျေးဇူးများ

Nov 10, 2013

ချစ်သောကျေးဇူးများ

ဘဂျမ်း
အောင်ရှိန်၊ မောင်စိန်
သန်းကြွယ်၊ ဘကြည်
ဝေါ့ဒ်ဒစ္စနေတို့ဟာ
ကျွန်တော့်ရဲ့ ရှေးဦးအစ
ဇာတ်လိုက်ကြီးတွေပေါ့။

ရှုံ့မဲ့ပြီး အောက်စိုက်နေသော နှုတ်ခမ်းများ
ပုံမှန်နေသားတကျပြုံးလို့ရအောင်
သူတို့ပြုပြင်ပေးသွားကြတာလေ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment