> သီဟသူ [dot] blogspot [dot] com: သို့/ ဗျူကောင်းစကီး (၅)

Apr 4, 2015

သို့/ ဗျူကောင်းစကီး (၅)

ဦးလေးကြီးရဲ့ ပေးစာအဟောင်းတွေကို
ကျွန်တော် ဖတ်နေတယ်။ အိုအိုး တော်တော်လည်း
စကားများတဲ့ အမူးသမား ဦးလေးကြီးပါလား။

စကားပြောဖို့ / စာရေးဖို့
လူတွေရှိနေတာ
ကောင်းတာပဲ။

ဒီမှာ ကျွန်တော်ကတော့
ဦးလေးကြီးဆီ စိတ်ကူးယဉ်ပေးစာတွေ
ရေးလို့။ စာတစ်စောင်မှ မပို့ဖြစ်ဘူး

ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဆီ။
စကားစမြည်တော့ ပြောဖြစ်ရဲ့။ ဒါပေမဲ့
ကျွန်တော် ပျင်းအားကြီး၊

ဂျီတော့ခ်က ချက်လော့တွေ၊
ဖေ့ဘုတ်က မက်ဆေ့တွေ၊
ပြန်ရှာဖတ်ကြည့်ဖို့။ ဒီအတိုင်းဆို

ဦးလေးကြီးဆီ မကြာခင်အတွင်း
(မကြာခဏ) စာရေးဖြစ်ဦးမယ်ထင်တယ်။
ကျန်းမာရေး ဂရုစိုက်ပါ။ ။

သီဟသူ
၂၉/၀၃/၂၀၁၅

No comments:

Post a Comment