> သီဟသူ [dot] blogspot [dot] com: စနေ နေ့တစ်ဝက် (၁၇) - မပျော်နိုင်တဲ့ လူရွှင်တော်သို့ အမှတ်ရချက်

Sep 1, 2012

စနေ နေ့တစ်ဝက် (၁၇) - မပျော်နိုင်တဲ့ လူရွှင်တော်သို့ အမှတ်ရချက်


ပြန့်ကားထွက်နေတဲ့စကြာဝဠာ အယူအဆကို လက်ခံထားလို့
အတွင်းထဲက ဗလာကျင်းမှုဟာလည်း နေ့စဉ်အမျှ ကြီးမားလာတယ် - လူရွှင်တော်က ပြောတယ်။

လူရွှင်တော် ပြောရင် ရယ်ရမှာပေါ့။
ကျွန်တော်တို့ ရယ်လိုက်ကြတယ်။
လူရွှင်တော်လည်း လိုက် ရယ်တယ်။
မပျော်နိုင်ရှာတဲ့ လူရွှင်တော်၊
အပျော်မရှာနိုင်တဲ့ ပရိသတ်တွေဆိုတော့
ရယ်သံတွေဟာလည်း
ခြောက်ကပ်နိုင်လွန်းတယ်။

သီဟသူ
၀၁၊ ၀၉၊ ၂၀၁၂

No comments:

Post a Comment