> သီဟသူ [dot] blogspot [dot] com: နေရောင်အောက်က ကဗျာများ

Apr 2, 2009

နေရောင်အောက်က ကဗျာများ

အကာလည မှောင်လှချည့်
စာဖတ်မရ
အေးလှချည့်

------

အိမ်ထဲ
စာဖတ်လျက် တစ်ကိုယ်တည်း
အဖန်ရည်တစ်အိုးနဲ့ပဲ။

------

တောကို ငါသွားခဲ့
ကမ္မဌာန်းထိုင်ဖို့ကွဲ့
ဒါပေတဲ့ အေးလွန်းရဲ့။

------

ခွေးအူတဲ့အထဲ
ကျုပ်ပရိတ်သံ
ကွယ်သွားတာပါပဲ

------

ချုပ်ညရီပြီ
နေဝင်ပေတော့မည်
ကျုပ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်

------

ကော်ဖီပူပူ
ဆေးလိပ်တစ်လိပ်
ဘာကြောင့် ကမ္မဌာန်းထိုင်မတုန်း

------

မုန်တိုင်း
ဒေါ့စတိုယက်ဗစကီးလိုပဲ
အလိုများရင် ဖြစ်လာတာပဲ

------

နေ့ရက်တွေ ရွေ့သွား
ရပ်မနေပါကလား
ကျုပ်မသိသား ဆိုးရွား

------

သော်တလ
မျက်စိကန်းတဲ့
ရှောက်သီးပ

------

အား... ပုရစ်များ
လကို
အော်နေတာလား

------

စားပွဲခုံ
စာတွေနဲ့ ရှုပ်ထွေးသလေ
ကျုပ်စိတ် တည်ငြိမ်နေ

------

နိုးတော့ကွယ်
ညနေခင်း ထင်းရှုးပင်များ
လေနဲ့ကစား

------

အား... ငှက်တွေပ
နေ့နုပျိုစ
ကျုပ်အမေနဲ့ အဖေ သတိရ

------

နှင်းဆီနီတို့ တိမ်ဖြူတို့
ကောင်းကင်ပြာနေတယ် ဟရို့
ကျုပ်မွေးနေ့မို့

------

ကိုတာ (မြန်မာပြန်)
နေရောင်အောက်က ကဗျာများ ကဗျာစာအုပ်။

2 comments:

  1. ကိုတာရဲ့ စာတွေကို နှစ်သက်ခဲ့မိတယ်..
    ဒီ ကဗျာလေးကိုလည်း နှစ်သက်မြတ်နိုးစွာနဲ့ ပြန်ဖတ်သွားခဲ့ပါတယ်
    ခင်မင်လေးစားစွာ

    ReplyDelete
  2. ဒီစာအုပ် ရှိခဲ့ဖူးတယ်။ လွမ်းလိုက်တာ။

    ReplyDelete