ဇန်နဝါရီ
-----
ပြန်ခေါ်ကြည့်တော့
မှတ်ဉာဏ်မှာ
ဘာမှ မကျန်ခဲ့၊
အလင်း
အမှောင် ပုံရိပ်များသာ (MB
အချို့)
ကျန်ရစ်ခဲ့။
ငါ့
ဓါတ်ပုံများ -
ဒါကြောင့်
ငါဖြစ်သည်။
ဖေဖေါ်ဝါရီ
------
ပြည်ထောင်စုနေ့၊
ဗိုလ်ချုပ်မွေးနေ့ -
ကလေးများနေ့၊
ချစ်သူများနေ့၊
အဖေ့မွေးနေ့၊
အစ်မမွေးနေ့၊
တရုတ်နှစ်ကူးနေ့၊
တစ်နေ့
ပြီး
တစ်နေ့
ဒီ
ကွန်ပျူတာ ဖန်သားပြင်ရှေ့။
သီဟသူ
၂၀-၀၂-၂၀၁၃