> သီဟသူ [dot] blogspot [dot] com: February 2013

Feb 20, 2013

နှစ်ထောင့်တစ်ဆယ့်သုံး


ဇန်နဝါရီ
-----
ပြန်ခေါ်ကြည့်တော့
မှတ်ဉာဏ်မှာ ဘာမှ မကျန်ခဲ့၊
အလင်း အမှောင် ပုံရိပ်များသာ (MB အချို့)
ကျန်ရစ်ခဲ့။

ငါ့ ဓါတ်ပုံများ -
ဒါကြောင့် ငါဖြစ်သည်။


ဖေဖေါ်ဝါရီ
------
ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့ -
ကလေးများနေ့၊
ချစ်သူများနေ့၊
အဖေ့မွေးနေ့၊ အစ်မမွေးနေ့၊
တရုတ်နှစ်ကူးနေ့၊
တစ်နေ့
ပြီး
တစ်နေ့
ဒီ ကွန်ပျူတာ ဖန်သားပြင်ရှေ့။

သီဟသူ
၂၀-၀၂-၂၀၁၃