> သီဟသူ [dot] blogspot [dot] com: October 2015

Oct 4, 2015

ဝိုင်ဂျီအန် '၁၅ (ဖျတ်ခနဲ ရန်ကုန်)

ရက်အနည်းငယ်မျှသာ
မိုင်ထောင်အနည်းငယ်
အဝေး
အဲဒီသောက်မီးခိုးငွေ့တွေရဲ့
အဝေး
ဒါပေမဲ့ ဒီမှာ သောက်လမ်းတွေ
ပိတ်တာကို ကျွန်တော် သောက်ရမ်းမုန်း
အနည်းငယ် စိတ်ကျဖို့ကောင်း
အနည်းငယ် ဈေးပိုသက်သာ
ဒါပေမဲ့ ပန်းသီး
ဟာ အပင်ရဲ့ဝေးဝေးကို ကြွေမကျဘူး
လူတွေဟာ ပြောင်းလဲသွားကြ
ဒါပေမဲ့ များသောအားဖြင့် ပိုလို့တော့ ကောင်းမလာ
ဒါတွေအားလုံး
မလုံလောက်ဘူး
အခု လူတိုင်း ပျံသန်းလို့ရနိုင်ပါပြီ။ ။


သီဟသူ
၂၄၊ ၀၉၊ ၂၀၁၅

ဓာတ်ပုံတွေ စကားပြောနိုင်လား။ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး

ဓာတ်ပုံတွေ စကားပြောနိုင်လား။
မလုံလောက်ဘူး။
အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး။



ပါ့စ်ပို့
ဓာတ်ပုံရိုက်ဖို့သွားခဲ့တိုင်း
အဖြူအမည်း
ပဲ ရိုက်ခဲ့။
ဆံပင်အရှည်၊
အမေဒေါသထွက်ရုံမျှ အရှည်၊
ကိုယ့်ကိုယ်ကို ဂေါ်တယ်
အထင်ရောက်ရုံမျှ အရှည်၊
ဒါပေမဲ့ မလုံလောက်ဘူး။
ဒါပေမဲ့ နေ့တွေကတော့
နာကျင်ရမှုကို လုံလုံလောက်လောက်
ပေးခဲ့တယ်။
လိုတာထက်ပိုခဲ့။
ဆယ်စုနှစ်
တစ်ခုကြာပြီးနောက်
ကျွန်တော်
ပိုပြီးတော့ နေလို့ကောင်း
မလာ။
ဒါပေမဲ့ အဖြူအမည်း
ပါ့စ်ပို့ဓာတ်ပုံ
ကာလာ ပါ့စ်ပို့
ဓာတ်ပုံ
ခွဲ ပြောမနေတာ့ဘူး။


သီဟသူ
၂၀၁၅၀၉၂၁