တောင်းဆိုမှုတွေခဏရပ်ကြပါ...
မင်းတို့ရဲ့ ပေးဆပ်မှုတွေအတွက်...
မင်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံခဲ့ရမှုတွေအတွက်...
မင်းတို့ရဲ့ အမှန်တရားတွေအတွက်...
မင်းတို့ရဲ့ စိတ်ညစ်စရာတွေအတွက်...
ခဏလောက်ပါ...
"ဘ၀ဆိုတာ တိုတိုလေးပါကွာ...
ဒီတော့..."
ဆိုတဲ့ ဒဿနတွေကလည်း အများသား...
ပြောပါဦး... အရှည်ကြီးနေရတော့ကော...
ဘာထူးသွားမှာလဲ...
ဘာ...
အများအတွက်.. ကမ္ဘာကြီးအတွက်...
နောင်လာနောက်သားတွေအတွက်...
အာဖရိကက ငတ်ပြတ်နေကြသူတွေအတွက်...
ရောဂါဘယတွေနဲ့ သေဆုံးနေကြသူတွေအတွက်...
ထားလိုက်ပါ...
အဓိပ္ပါယ်မရှိမှုတွေကို မရှည်ပါစေနဲ့တော့...
တရားသဘောတွေလဲ ငါသိပ်မသိဘူး...
ဒီသံသရာကလွတ်အောင် လမ်းပြနိုင်တယ်လို့တော့ ဖတ်ရတာပဲ...
ငါ့အတွက်တော့ မလွယ်ပြန်ဘူး...
ပြဿနာက လက်ရှိအချိန်ဟာ အဓိပ္ပါယ်မဲ့နေတာ...
မင်းကိုယ်တိုင်ကော စဉ်းစားမိလား...
သေချာတာတော့ ငါတစ်ယောက်ထဲ ဒါတွေတွေးမိနေတာမဟုတ်ဘူး..
အဖန်ငါးရာဆိုတာကြီးကို ကြောက်နေသရွေ့တော့...
အင်း... ဆက်ရှင်နေကြတာပေါ့...
ဒီအဓိပ္ပါယ်မဲ့လောကကနေ အခုချက်ချင်းလွတ်မြောက်ချင်ရင်တော့...
ကြောက်မနေနဲ့ ကိုယ့်လူ...
အဓိပ္ပါယ်ရှိလောက်တယ်ထင်တဲ့ illusion တွေနောက်လိုက်နေရတာနဲ့ပဲ...
အရူးတွေကြားမှာ အရူးကွက်တွေနင်းနေရတာနဲ့ပဲ...
အဖန်ငါးရာကို ကြောက်နေရတာနဲ့ပဲ...
ငါအခု...
တိတ်တိတ်လေးကွယ်ပျောက်သွားရရင် အဓိပ္ပါယ်ရှိမလား...
မှတ်ချက်။ ကျနော့်သူငယ်ချင်းတစ်ယောက် ပေးပို့လိုက်တဲ့ စာတစ်စောင်ပါ..
26.10.09
21.10.09
အလှပဆုံး အားကစား
အားလုံးအတွက် တစ်ယောက်
တစ်ယောက်အတွက် အားလုံး
ငါတို့
ဒါးတညံနှင့် အပေါင်းအပါများ မဟုတ်ပါ
(ရိုးရာ) ခြင်းလုံး ကစားနေကြတာ…
သီဟသူ
တစ်ယောက်အတွက် အားလုံး
ငါတို့
ဒါးတညံနှင့် အပေါင်းအပါများ မဟုတ်ပါ
(ရိုးရာ) ခြင်းလုံး ကစားနေကြတာ…
သီဟသူ
အရေးကြီးတာကို ပထမ
ကမ္ဘာကြီး ပူနွေးလာမှု
ဖန်လုံအိမ် အာနိသင် လျော့ချရေး၊ ကျိုတို ပရိုတိုကောလ်
နျူလက်နက်များ အပြီးတိုင် ဖျက်သိမ်းရေး၊
အကြမ်းဖက် ဝါဒ၊ မိစ္ဆာဝန်ရိုး နိုင်ငံများ
လစ်ဘရယ် ဒီမိုကရေစီ
ငြိမ်းချမ်းရေး တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီမှသည် တစ်ရက်
ဂလိုဘယ် ရီဆက်ရှင်း၊ ဒီပရက်ရှင်း
အေ အိတ်ခ်ျဝမ်းအန်ဝမ်း
ကြိုတင်ကာကွယ်ခြင်းသည်
ကုသခြင်းထက် ထိရောက်သည်။
သင့်လက်ကို မညစ်ပတ်ပါစေနှင့်။
သီဟသူ
ဖန်လုံအိမ် အာနိသင် လျော့ချရေး၊ ကျိုတို ပရိုတိုကောလ်
နျူလက်နက်များ အပြီးတိုင် ဖျက်သိမ်းရေး၊
အကြမ်းဖက် ဝါဒ၊ မိစ္ဆာဝန်ရိုး နိုင်ငံများ
လစ်ဘရယ် ဒီမိုကရေစီ
ငြိမ်းချမ်းရေး တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီမှသည် တစ်ရက်
ဂလိုဘယ် ရီဆက်ရှင်း၊ ဒီပရက်ရှင်း
အေ အိတ်ခ်ျဝမ်းအန်ဝမ်း
ကြိုတင်ကာကွယ်ခြင်းသည်
ကုသခြင်းထက် ထိရောက်သည်။
သင့်လက်ကို မညစ်ပတ်ပါစေနှင့်။
သီဟသူ
တစ်ဝက် အိပ်မက်
ရယ်သံလွင်လွင်လေး ကြားမိလိုက်သလား
ဒါ ၂၀၀၅ခုနှစ်လား
ဒါ ရွှေတိဂုံ ရာဟုထောင့်မှာလား
နေရာတကာ လူတွေ
လူတွေ
ဘယ်သွားနေကြတာလဲ
ဟယ်လို… ဟယ်လို…
အပူရှိန်မြင့်တက်လာတယ်
မာဆိုးကတော့ နေပူရှိန်ကြောင့် လူသတ်မိတယ်
(မိမိက) သူတစ်ပါးကို သတ်လိုက်လျှင် လူသတ်မှုဖြစ်၍ အသတ်ခံရသူသည် မိမိကိုယ်တိုင်ဖြစ်နေလျှင် ကိုယ့်ကိုကိုယ် သတ်သေမှုဖြစ်သည်။ *
ရင်ထဲမှာ အပူချိန် ရုတ်ချည်းတိုးလာ
ရေ ရေ ရေ ရေ
တစာစာအော်နေမိ
ရေ ရေ ရေ ရေ
ကတ္တရာလမ်းတွေ အရည်ပျော်ကျ
နေရာတကာ တံလျှပ်တွေ တလက်လက်
အိုအေစစ်ကို ဘယ်လိုသွားကြမလဲ
ရေ ရေ ရေ ရေ
ဒီည ပါတီမှာ မင်းကြိုက်တဲ့ Bud ရှိမယ်တဲ့
ပါတီ တေးသံတွေ လေထုထဲမှာ
ရေ ရေ ရေ ရေ
ရေအိုးကို ခွဲနေကြပြီ၊ ကြေးစည်ကို တီးနေကြပြီ
လူတွေ
လူတွေ ဘယ်က ပြန်လာကြတာလဲ
ပါတီပြီးသွားပြီလား
ပါတီက ရှိကော ရှိရဲ့လား
ခု ကြားနေရတာ
၂၀၀၅ခုနှစ်က
သူမရဲ့ ရယ်သံလွင်လွင်လေး မဟုတ်လား…
သီဟသူ
* သစ္စာနီ၊ လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ၊ သရဖူ - အမှတ် (၂၃)
ဒါ ၂၀၀၅ခုနှစ်လား
ဒါ ရွှေတိဂုံ ရာဟုထောင့်မှာလား
နေရာတကာ လူတွေ
လူတွေ
ဘယ်သွားနေကြတာလဲ
ဟယ်လို… ဟယ်လို…
အပူရှိန်မြင့်တက်လာတယ်
မာဆိုးကတော့ နေပူရှိန်ကြောင့် လူသတ်မိတယ်
(မိမိက) သူတစ်ပါးကို သတ်လိုက်လျှင် လူသတ်မှုဖြစ်၍ အသတ်ခံရသူသည် မိမိကိုယ်တိုင်ဖြစ်နေလျှင် ကိုယ့်ကိုကိုယ် သတ်သေမှုဖြစ်သည်။ *
ရင်ထဲမှာ အပူချိန် ရုတ်ချည်းတိုးလာ
ရေ ရေ ရေ ရေ
တစာစာအော်နေမိ
ရေ ရေ ရေ ရေ
ကတ္တရာလမ်းတွေ အရည်ပျော်ကျ
နေရာတကာ တံလျှပ်တွေ တလက်လက်
အိုအေစစ်ကို ဘယ်လိုသွားကြမလဲ
ရေ ရေ ရေ ရေ
ဒီည ပါတီမှာ မင်းကြိုက်တဲ့ Bud ရှိမယ်တဲ့
ပါတီ တေးသံတွေ လေထုထဲမှာ
ရေ ရေ ရေ ရေ
ရေအိုးကို ခွဲနေကြပြီ၊ ကြေးစည်ကို တီးနေကြပြီ
လူတွေ
လူတွေ ဘယ်က ပြန်လာကြတာလဲ
ပါတီပြီးသွားပြီလား
ပါတီက ရှိကော ရှိရဲ့လား
ခု ကြားနေရတာ
၂၀၀၅ခုနှစ်က
သူမရဲ့ ရယ်သံလွင်လွင်လေး မဟုတ်လား…
သီဟသူ
* သစ္စာနီ၊ လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ၊ သရဖူ - အမှတ် (၂၃)
20.10.09
အသည်းစွဲကဗျာဆရာ
အသည်းစွဲကဗျာဆရာ ၁
ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့ စာတန်းနဲ့ [ စာတန်းက Boney’m ရဲ့ Solgan ကို ကူးရေးထားတာ ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့် မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော…။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။
အသည်းစွဲကဗျာဆရာ ၂
လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။
လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။
အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။
ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။
အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ …
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။
အသည်းစွဲကဗျာဆရာ ၃
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။
သွားတိုက်ရမယ် ! ။
အဲဒီမှာ . .
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။
သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။
ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။
I am not an artist.
I am a ..worker တဲ့။
ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။
အသည်းစွဲကဗျာဆရာ ၎
အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။
တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။
အသည်းစွဲကဗျာဆရာ ၅
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တာမြစ်တဲ့အရာကို
ငွေမရာ ရွှေမရာ
ချစ်ခဲ့ရ။
အသည်းစွဲကဗျာဆရာ ၆
ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။
ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။
ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။
ပြီး။ စာအုပ်တွေ၊ ဝတ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမဝတွေ၊ သွေးသောက်တွေ
မြဝတီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။
ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။
ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။
တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။
ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။
အသည်းစွဲကဗျာဆရာ ၇
နေရတာ
ပျော်စရာကောင်းပါတယ်။
တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။
‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။
သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန်းငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။
အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။
အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။
အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။
ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။
အသည်းစွဲကဗျာဆရာ ၈
ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။
ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။
ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။
ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။
အသည်းစွဲကဗျာဆရာ ၉
အသက် ၂၀ ကနေ
အသက် ၅ နှစ် ကြီးလာခဲ့တုန်းက
နိပ်ပါတယ်
ကောင်းပါတယ်။
အသက် ၅၅ နှစ်ကနေ
အသက် ၅ နှစ် ကြီးလာတာကတော့
ချစ်သော ‘ဂျနီဖာ’
အတော်ဆိုးတာပဲ။
အသည်းစွဲကဗျာဆရာ ၁၀
သားရေဖိနပ် ၃၈၀၀
ကြက်ပေါင်းဆီချက် ၃၅၀
လက်ဖက်ရည် ၁၅၀၊ စီးကရက် (စီးကရက်၊ ဆေးလိပ်
သောက်ခြင်းဟာ ခေတ်မမီမှုပဲ) မသောက်
သီလရှင်လှူ ၁၀၀
ဆံပင်ညှပ် ၅၀၀
ဘတ်စ်ကားခ ၁၂၀၊ အရပ် ၅’ ၈”
ကိုယ်အလေးချိန် ၁၃၀ ပေါင်
ဆံစပ်မှဲ့ရှိ၊ အလုပ်အကိုင် ကဗျာဆရာ။
ငါဟာ ရုပ်ရှင်တွေထဲက သုံ့ပန်းနဲ့ တူလာတယ်။
(အခုတလောတော့ ဝလာတယ် ပြောတယ်)
မိန်းမကို မေးကြည့်ရဦးမယ်
ပြီးရင် ပြောမယ်၊ Game ဆော့မယ်။
တာဇံလား၊ ဂေါ့ဖားသားလား၊ ကဗျာဆရာလား၊
ဟဲ ဟဲ။ ကဗျာဆရာပါပဲ။
အသည်းစွဲကဗျာဆရာ ၁၁
လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။
ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။
မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။
အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။
ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။
အဖေနဲ့အမေရဲ့ ဘဝမှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။
Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။
အသည်းစွဲကဗျာဆရာ ၁၂
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
အရင်က တစ်မိနစ် အတိုင်းသာ။
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
Next, Next ပဲ နှိပ်ကာ နှိပ်ကာ။
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
ကျွန်တော် ဒီနေ့အပန်းဖြေသီချင်းနားထောင်မှု အဆင်မပြေလှပါ။
အသည်းစွဲကဗျာဆရာ ၁၃
မနက် ၂ နာရီမှာ ထ
မနက် ၂ နာရီမှာ ထ . . .
မနက် ၂ နာရီမှာ မထချင်လျှင်
မနက် ၂ နာရီမှာ ထ ။ ။
အသည်းစွဲကဗျာဆရာ ၁၄
ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဥာဏ်တွေလိုပါ။ ]
ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္တဝင်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်းမီးခိုးများ၊ အမှုန်အမွှားကင်းစက်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။
ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။
ကျွန်တော့ ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။
အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။
ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။
ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ ။ ။
အသည်းစွဲကဗျာဆရာ ၁၅
ဤတွင်ရွေ့
‘အသည်းစွဲကဗျာဆရာ’ ပြီး၏ ။ ။
ဒန်တန့်ဒန် . . .
အောင်ချိမ့်
==+==
ရှုံးပွဲများအတွက် အမှတ်အသား (အမှာ)
ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘဝဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။
မောင်ချောနွယ်က “ဘဝကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ဆိုပါတယ်။ မကြားသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက် ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာအံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။
တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။
“အသည်းစွဲကဗျာဆရာ”ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား
တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ”လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.
လေးစားစွာဖြင့်
အောင်ချိမ့်
၅ - ၉ - ၂၀၀၈
‘အသည်းစွဲကဗျာဆရာ’ ကဗျာအတွဲမှာ
၂၀၀၅ ဇူလိုင်မှ ၂၀၀၆ နိုဝင်ဘာအထိ
‘သရဖူ’ မဂ္ဂဇင်းတွင် တစ်လချင်း
ရေးစပ်ဖော်ပြခဲ့သော
ကဗျာများဖြစ်ပါသည်။ ယင်းကို ‘စိတ်ကူးချိုချို’မှ
တစ်စုတည်း တစ်ပေါင်းတည်း
ထုတ်ဝေခြင်းဖြစ်ပါသည်။
အောင်ချိမ့်၊ အသည်းစွဲကဗျာဆရာ
၂၀၀၈၊ ဒီဇင်ဘာ၊ ပထမအကြိမ်၊ စိတ်ကူးချိုချို။
ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့ စာတန်းနဲ့ [ စာတန်းက Boney’m ရဲ့ Solgan ကို ကူးရေးထားတာ ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့် မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော…။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။
အသည်းစွဲကဗျာဆရာ ၂
လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။
လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။
အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။
ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။
အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ …
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။
အသည်းစွဲကဗျာဆရာ ၃
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။
သွားတိုက်ရမယ် ! ။
အဲဒီမှာ . .
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။
သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။
ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။
I am not an artist.
I am a ..worker တဲ့။
ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။
အသည်းစွဲကဗျာဆရာ ၎
လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။
‘ဂျွန်လ၏ မိုးရေများ’.. မှ
အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။
တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။
အသည်းစွဲကဗျာဆရာ ၅
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တာမြစ်တဲ့အရာကို
ငွေမရာ ရွှေမရာ
ချစ်ခဲ့ရ။
အသည်းစွဲကဗျာဆရာ ၆
ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။
ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။
ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။
ပြီး။ စာအုပ်တွေ၊ ဝတ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမဝတွေ၊ သွေးသောက်တွေ
မြဝတီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။
ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။
ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။
တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။
ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။
အသည်းစွဲကဗျာဆရာ ၇
နေရတာ
ပျော်စရာကောင်းပါတယ်။
တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။
‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။
သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန်းငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။
အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။
အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။
အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။
ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။
အသည်းစွဲကဗျာဆရာ ၈
ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။
ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။
ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။
ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။
အသည်းစွဲကဗျာဆရာ ၉
အသက် ၂၀ ကနေ
အသက် ၅ နှစ် ကြီးလာခဲ့တုန်းက
နိပ်ပါတယ်
ကောင်းပါတယ်။
အသက် ၅၅ နှစ်ကနေ
အသက် ၅ နှစ် ကြီးလာတာကတော့
ချစ်သော ‘ဂျနီဖာ’
အတော်ဆိုးတာပဲ။
အသည်းစွဲကဗျာဆရာ ၁၀
သားရေဖိနပ် ၃၈၀၀
ကြက်ပေါင်းဆီချက် ၃၅၀
လက်ဖက်ရည် ၁၅၀၊ စီးကရက် (စီးကရက်၊ ဆေးလိပ်
သောက်ခြင်းဟာ ခေတ်မမီမှုပဲ) မသောက်
သီလရှင်လှူ ၁၀၀
ဆံပင်ညှပ် ၅၀၀
ဘတ်စ်ကားခ ၁၂၀၊ အရပ် ၅’ ၈”
ကိုယ်အလေးချိန် ၁၃၀ ပေါင်
ဆံစပ်မှဲ့ရှိ၊ အလုပ်အကိုင် ကဗျာဆရာ။
ငါဟာ ရုပ်ရှင်တွေထဲက သုံ့ပန်းနဲ့ တူလာတယ်။
(အခုတလောတော့ ဝလာတယ် ပြောတယ်)
မိန်းမကို မေးကြည့်ရဦးမယ်
ပြီးရင် ပြောမယ်၊ Game ဆော့မယ်။
တာဇံလား၊ ဂေါ့ဖားသားလား၊ ကဗျာဆရာလား၊
ဟဲ ဟဲ။ ကဗျာဆရာပါပဲ။
အသည်းစွဲကဗျာဆရာ ၁၁
လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။
ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။
မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။
အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။
ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။
အဖေနဲ့အမေရဲ့ ဘဝမှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။
Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။
အသည်းစွဲကဗျာဆရာ ၁၂
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
အရင်က တစ်မိနစ် အတိုင်းသာ။
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
Next, Next ပဲ နှိပ်ကာ နှိပ်ကာ။
တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
ကျွန်တော် ဒီနေ့အပန်းဖြေသီချင်းနားထောင်မှု အဆင်မပြေလှပါ။
အသည်းစွဲကဗျာဆရာ ၁၃
မနက် ၂ နာရီမှာ ထ
မနက် ၂ နာရီမှာ ထ . . .
မနက် ၂ နာရီမှာ မထချင်လျှင်
မနက် ၂ နာရီမှာ ထ ။ ။
အသည်းစွဲကဗျာဆရာ ၁၄
ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဥာဏ်တွေလိုပါ။ ]
ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္တဝင်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်းမီးခိုးများ၊ အမှုန်အမွှားကင်းစက်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။
ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။
ကျွန်တော့ ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။
အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။
ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။
ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ ။ ။
အသည်းစွဲကဗျာဆရာ ၁၅
ဤတွင်ရွေ့
‘အသည်းစွဲကဗျာဆရာ’ ပြီး၏ ။ ။
ဒန်တန့်ဒန် . . .
အောင်ချိမ့်
==+==
ရှုံးပွဲများအတွက် အမှတ်အသား (အမှာ)
ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘဝဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။
မောင်ချောနွယ်က “ဘဝကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ဆိုပါတယ်။ မကြားသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက် ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာအံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။
တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။
“အသည်းစွဲကဗျာဆရာ”ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား
တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ”လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.
လေးစားစွာဖြင့်
အောင်ချိမ့်
၅ - ၉ - ၂၀၀၈
‘အသည်းစွဲကဗျာဆရာ’ ကဗျာအတွဲမှာ
၂၀၀၅ ဇူလိုင်မှ ၂၀၀၆ နိုဝင်ဘာအထိ
‘သရဖူ’ မဂ္ဂဇင်းတွင် တစ်လချင်း
ရေးစပ်ဖော်ပြခဲ့သော
ကဗျာများဖြစ်ပါသည်။ ယင်းကို ‘စိတ်ကူးချိုချို’မှ
တစ်စုတည်း တစ်ပေါင်းတည်း
ထုတ်ဝေခြင်းဖြစ်ပါသည်။
အောင်ချိမ့်၊ အသည်းစွဲကဗျာဆရာ
၂၀၀၈၊ ဒီဇင်ဘာ၊ ပထမအကြိမ်၊ စိတ်ကူးချိုချို။
19.10.09
ဘယ်ရောက်နေလဲ၊ ဆက်သွယ်မှုဧရိယာပြင်ပ
လှစ်ခနဲဆို လွတ်ထွက်သွားပြီ
လေပြည်လိုညင်ညင်သာ
ဆီလို အပေါက်ရှာ
စိတ်တစ်ခုဟာ တစ်ကြိမ်တည်းမှာ နှစ်ခါမညစ်နိုင်
(တော်ပါပြီ တစ်ကြိမ်မှာ တစ်ခါညစ်နဲ့တင် လုံလောက်ပါပြီ)
ငါစကားပြောနေတုန်း ငါမျက်စိကိုကြည့်ပါ
ဗျာ.. ဘာပြောလိုက်တယ်..
… … … …
ဗျာ.. မကြားရဘူးခင်ဗျာ.. ဟယ်လို.. ဟယ်လို..
လေ လေ လေ
အငမ်းမရ ငါ ရှူသွင်းနေပုံ
လေ လေ လေ
လက်ရှိအချိန် အရေးအကြီးဆုံးပဲ
လေ လေ လေ
မင်း ရောက်နေတဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ လေထု သန့်စင်ပါရဲ့လား
ငါ ရောက်နေတဲ့ ဆက်သွယ်မှုကင်းမဲ့ဇုန်မှာတော့ လေထု ညစ်ညမ်းလှချည်ရဲ့
မြက်ခင်းစိမ်းစိမ်းကို မျက်စိထဲ မြင်လာ
ငယ်ရွယ်စဉ် ရှုရှိုက်ခဲ့ရသော လေပြေညင်းကို ပြန်ခံစားမိ
လုံလောက်တဲ့ အမြင့်တစ်ခုမှာ
အရာရာဟာ အစက်အပြောက်မျှသာ
ငါ တိုးဝင်လို့သွား
ဆက်သွယ်မှုဧရိယာအတွင်း။ ။
သီဟသူ
၁၉၊ ၁၀၊ ၀၉။
02:00 am
လေပြည်လိုညင်ညင်သာ
ဆီလို အပေါက်ရှာ
စိတ်တစ်ခုဟာ တစ်ကြိမ်တည်းမှာ နှစ်ခါမညစ်နိုင်
(တော်ပါပြီ တစ်ကြိမ်မှာ တစ်ခါညစ်နဲ့တင် လုံလောက်ပါပြီ)
ငါစကားပြောနေတုန်း ငါမျက်စိကိုကြည့်ပါ
ဗျာ.. ဘာပြောလိုက်တယ်..
… … … …
ဗျာ.. မကြားရဘူးခင်ဗျာ.. ဟယ်လို.. ဟယ်လို..
လေ လေ လေ
အငမ်းမရ ငါ ရှူသွင်းနေပုံ
လေ လေ လေ
လက်ရှိအချိန် အရေးအကြီးဆုံးပဲ
လေ လေ လေ
မင်း ရောက်နေတဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ လေထု သန့်စင်ပါရဲ့လား
ငါ ရောက်နေတဲ့ ဆက်သွယ်မှုကင်းမဲ့ဇုန်မှာတော့ လေထု ညစ်ညမ်းလှချည်ရဲ့
မြက်ခင်းစိမ်းစိမ်းကို မျက်စိထဲ မြင်လာ
ငယ်ရွယ်စဉ် ရှုရှိုက်ခဲ့ရသော လေပြေညင်းကို ပြန်ခံစားမိ
လုံလောက်တဲ့ အမြင့်တစ်ခုမှာ
အရာရာဟာ အစက်အပြောက်မျှသာ
ငါ တိုးဝင်လို့သွား
ဆက်သွယ်မှုဧရိယာအတွင်း။ ။
သီဟသူ
၁၉၊ ၁၀၊ ၀၉။
02:00 am
နေ၊ လ၊ ကြယ်
နေ
မင်းတို့အတွက်
အနွေးဓာတ်၊ အလင်းရောင်
စသည်ဖြင့် ပေးရန် မရည်ရွယ်မိပါ
ငါ့ အပူနဲ့ငါ. . .
လ
မှောင်မှောင်မည်းမည်း
အေးစက်
အငှားအလင်းနဲ့ တောက်ပရရှာသူ
ဒါကိုပဲ လူတွေက
မသာလည်း တ၊ သာလည်း တ။
ကြယ်
ငါ့ကို မင်းတို့ မမြင်နိုင်ကြ
ခု မြင်ရတဲ့ အလင်းရောင်ဟာ
လွန်ခဲ့တဲ့ အလင်းနှစ် သုံးသန်းက အလင်းရောင်မျှသာ. . .
သီဟသူ
၁၉၊ ၁၀၊ ၀၉။
01:00 am
မင်းတို့အတွက်
အနွေးဓာတ်၊ အလင်းရောင်
စသည်ဖြင့် ပေးရန် မရည်ရွယ်မိပါ
ငါ့ အပူနဲ့ငါ. . .
လ
မှောင်မှောင်မည်းမည်း
အေးစက်
အငှားအလင်းနဲ့ တောက်ပရရှာသူ
ဒါကိုပဲ လူတွေက
မသာလည်း တ၊ သာလည်း တ။
ကြယ်
ငါ့ကို မင်းတို့ မမြင်နိုင်ကြ
ခု မြင်ရတဲ့ အလင်းရောင်ဟာ
လွန်ခဲ့တဲ့ အလင်းနှစ် သုံးသန်းက အလင်းရောင်မျှသာ. . .
သီဟသူ
၁၉၊ ၁၀၊ ၀၉။
01:00 am
18.10.09
နေမဝင်တဲ့နေ့
လူတွေ ညစာ စားလိုက်ပြီးမှ
ဇဝေဇဝါ ဖြစ်သွားကြ
ပြတင်းတံခါးကို ပိတ်မယ်လုပ်ပြီးမှ
ပြန်ဖွင့်လိုက်ကြ
အိပ်ရာဝင်ဖို့ လုပ်သူများ
ပြန်ထလာကြ
ရွှေရောင်တောက်နေတဲ့ နေ့ဟာ သတ္တုတုံးလို
ငြိမ်သက်လို့
ဓမ္မသီချင်းသံက မဆုံးနိုင်အောင် ရှည်လျားပျံ့လွှင့်လို့
အစီအစဉ်များ လှုပ်ရှားမှုများ ရှေ့ကို မဆက်နိုင်ဘဲရပ်တန့်လို့
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’ဟာ အားလုံးအတွက်
နေမဝင်တဲ့နေ့ဟာ အိပ်မက်ကျမ်းအားလုံးကို ဖျက်သိမ်း
ငါတို့ဟာ
နေမဝင်တဲ့နေ့ကနေ လွတ်မြောက်အောင်
ဆုတောင်းကြ
နေမဝင်တဲ့နေ့
နေမဝင်တဲ့နေ့
ညစာ မစားနိုင်သူတွေအတွက် စောင့်နေတာလား
နေမဝင်တဲ့နေ့ဟာ ညစာ မရှိသူတွေအတွက်
ဝမ်းသာစရာလား ဝမ်းနည်းစရာလား
နေမဝင်တဲ့နေ့ကြောင့်
လူတွေ
လမ်းမပေါ် လေးလေးတွဲ့တွဲ့ ထွက်လာကြတယ်
ဘယ်ကို သွားရမှန်းမသိပုံနဲ့ ယောင်ချာချာ ရပ်သူရပ်
နောက် ဟိုနားဒီနားထိုင်လို့
တချို့က လှည့်လည်လို့
ယန္တရားတစ်ခုရဲ့ အစိတ်အပိုင်းလို
ဘယ်သူမှလည်း မပြင်တတ်တော့
နေဟာ ကောင်းကင်ပေါ်ရပ်လို့
လူတွေဟာ နေပေါ်ကို
ဘတ်စ်ကားတစ်စင်းနဲ့ မှားပြီးတက်နေကြ
ဘားတစ်ခုမှာ သစ်သားစည်ကြီးတွေ အားကိုးနဲ့
အရက်ခြင်သူဟာ
ခြင်တဲ့ခွက်ကလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိ
(သူတို့ နောက်ကျနေကြတာလား)
လူသတ်သမားစွပ်နေကျ လက်အိတ်လိုည
ဘယ်မှာလဲ
အသားကင်တဲ့ မီးဖိုက မီးခိုးခေါင်းတိုင်ကြီး
အငွေ့တလူလူထ
ရှေ့ကအပေါက်မှာ တံစို့ထိုးထားတဲ့
အသားသီတွေ စောင့်ဆိုင်းနေကြ
အသားကင်သမားက ပြီးခဲ့တဲ့ တနင်္ဂနွေက
ပျက်ကွက်သွားတဲ့ ဘုရားကျောင်းဝတ်ပြုပွဲအတွက်
ဒီနေ့ စိတ်စောနေ
နေမဝင်တဲ့နေ့မှာ
ဂျစ်ပဆီတစ်ယောက်
သူ ကုတ်အင်္ကျီကြီးကို လှည့်လည်ရောင်းချလို့
နေမဝင်တဲ့နေ့မှာ
ပြဇာတ်ရုံထဲ လူမရှိဘူး
နေမဝင်တဲ့နေ့မှာ
ကောင်းကင်ဘုံရှာသူတွေ လမ်းမှားသွားတယ်
နေမဝင်တဲ့နေ့မှာ
ကမ္ဘာကြီးဟာ
ပိတ်လို့မရတဲ့ မီးလုံးတစ်လုံးဖြစ်တယ်
နေမဝင်တဲ့နေ့မှာ
အမဲလိုက်သေနတ်များ
တောစီးဖိနပ်များ
လတ်ဆတ်သော ငန်းသားကင်များ
စစ်တုရင်ကွက်တွေ မပြီးသေးဘူး
ဘိလိယက်ခုံတွေ မပိတ်သေးဘူး
စန္ဒရားတွေ မနားသေးဘူး
သင်္ဘောတွေ မထွက်သေးဘူး
နေမဝင်သောနေ့မှာ နေလုံးဟာ မီးလောင်စပြုပြီ
နေကိုမော့ကြည့်ပြီး မြေခွေးတွေက
ဝမ်းသာအားရ ဖြစ်နေကြ
ငါတို့ချဉ်စရာ စပျစ်သီးတစ်လုံးတော့ ရပြန်ပဟေ့
ကျာပွတ်သမားတွေက နေကို လက်ညှိုးထိုးပြပြီး
ပိရမစ်ဆောက်ဖို့ ကျွန်တွေကို မနားတမ်းခိုင်းစေနေကြ
နေထဲမှာ ‘ကမ္ဘာကြီး ဘာဖြစ်ပါလိမ့်’ဆိုပြီး
ချောင်းကြည့်နေတဲ့ တခြားကမ္ဘာက
ဂြိုဟ်သားမျက်နှာတွေ တွေ့ရ
မဝင်တဲ့နေအောက်မှာ
အရူးတွေ နောက်တစ်ကြိမ် ကခုန်ဖို့ ထွက်လာကြ
ဝန်တင်မြည်းတွေ နေမဝင်သရွေ့
လမ်းမတွေပေါ် တညည်းညည်း တညူညူ သွားနေဆဲ
ဘုရားသခင်ဟာ ကဖေးဆိုင်ထဲက ထလာပြီး
အော်ပြောလိုက်တယ်
တဆိတ်-သည်းခံကြပါ လူကြီးမင်းတို့
ဒီဘိလိယက်ကို ကျုပ်စဉ်းစားနေလို့။ ။
ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး
ဇဝေဇဝါ ဖြစ်သွားကြ
ပြတင်းတံခါးကို ပိတ်မယ်လုပ်ပြီးမှ
ပြန်ဖွင့်လိုက်ကြ
အိပ်ရာဝင်ဖို့ လုပ်သူများ
ပြန်ထလာကြ
ရွှေရောင်တောက်နေတဲ့ နေ့ဟာ သတ္တုတုံးလို
ငြိမ်သက်လို့
ဓမ္မသီချင်းသံက မဆုံးနိုင်အောင် ရှည်လျားပျံ့လွှင့်လို့
အစီအစဉ်များ လှုပ်ရှားမှုများ ရှေ့ကို မဆက်နိုင်ဘဲရပ်တန့်လို့
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’ဟာ အားလုံးအတွက်
နေမဝင်တဲ့နေ့ဟာ အိပ်မက်ကျမ်းအားလုံးကို ဖျက်သိမ်း
ငါတို့ဟာ
နေမဝင်တဲ့နေ့ကနေ လွတ်မြောက်အောင်
ဆုတောင်းကြ
နေမဝင်တဲ့နေ့
နေမဝင်တဲ့နေ့
ညစာ မစားနိုင်သူတွေအတွက် စောင့်နေတာလား
နေမဝင်တဲ့နေ့ဟာ ညစာ မရှိသူတွေအတွက်
ဝမ်းသာစရာလား ဝမ်းနည်းစရာလား
နေမဝင်တဲ့နေ့ကြောင့်
လူတွေ
လမ်းမပေါ် လေးလေးတွဲ့တွဲ့ ထွက်လာကြတယ်
ဘယ်ကို သွားရမှန်းမသိပုံနဲ့ ယောင်ချာချာ ရပ်သူရပ်
နောက် ဟိုနားဒီနားထိုင်လို့
တချို့က လှည့်လည်လို့
ယန္တရားတစ်ခုရဲ့ အစိတ်အပိုင်းလို
ဘယ်သူမှလည်း မပြင်တတ်တော့
နေဟာ ကောင်းကင်ပေါ်ရပ်လို့
လူတွေဟာ နေပေါ်ကို
ဘတ်စ်ကားတစ်စင်းနဲ့ မှားပြီးတက်နေကြ
ဘားတစ်ခုမှာ သစ်သားစည်ကြီးတွေ အားကိုးနဲ့
အရက်ခြင်သူဟာ
ခြင်တဲ့ခွက်ကလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိ
(သူတို့ နောက်ကျနေကြတာလား)
လူသတ်သမားစွပ်နေကျ လက်အိတ်လိုည
ဘယ်မှာလဲ
အသားကင်တဲ့ မီးဖိုက မီးခိုးခေါင်းတိုင်ကြီး
အငွေ့တလူလူထ
ရှေ့ကအပေါက်မှာ တံစို့ထိုးထားတဲ့
အသားသီတွေ စောင့်ဆိုင်းနေကြ
အသားကင်သမားက ပြီးခဲ့တဲ့ တနင်္ဂနွေက
ပျက်ကွက်သွားတဲ့ ဘုရားကျောင်းဝတ်ပြုပွဲအတွက်
ဒီနေ့ စိတ်စောနေ
နေမဝင်တဲ့နေ့မှာ
ဂျစ်ပဆီတစ်ယောက်
သူ ကုတ်အင်္ကျီကြီးကို လှည့်လည်ရောင်းချလို့
နေမဝင်တဲ့နေ့မှာ
ပြဇာတ်ရုံထဲ လူမရှိဘူး
နေမဝင်တဲ့နေ့မှာ
ကောင်းကင်ဘုံရှာသူတွေ လမ်းမှားသွားတယ်
နေမဝင်တဲ့နေ့မှာ
ကမ္ဘာကြီးဟာ
ပိတ်လို့မရတဲ့ မီးလုံးတစ်လုံးဖြစ်တယ်
နေမဝင်တဲ့နေ့မှာ
အမဲလိုက်သေနတ်များ
တောစီးဖိနပ်များ
လတ်ဆတ်သော ငန်းသားကင်များ
စစ်တုရင်ကွက်တွေ မပြီးသေးဘူး
ဘိလိယက်ခုံတွေ မပိတ်သေးဘူး
စန္ဒရားတွေ မနားသေးဘူး
သင်္ဘောတွေ မထွက်သေးဘူး
နေမဝင်သောနေ့မှာ နေလုံးဟာ မီးလောင်စပြုပြီ
နေကိုမော့ကြည့်ပြီး မြေခွေးတွေက
ဝမ်းသာအားရ ဖြစ်နေကြ
ငါတို့ချဉ်စရာ စပျစ်သီးတစ်လုံးတော့ ရပြန်ပဟေ့
ကျာပွတ်သမားတွေက နေကို လက်ညှိုးထိုးပြပြီး
ပိရမစ်ဆောက်ဖို့ ကျွန်တွေကို မနားတမ်းခိုင်းစေနေကြ
နေထဲမှာ ‘ကမ္ဘာကြီး ဘာဖြစ်ပါလိမ့်’ဆိုပြီး
ချောင်းကြည့်နေတဲ့ တခြားကမ္ဘာက
ဂြိုဟ်သားမျက်နှာတွေ တွေ့ရ
မဝင်တဲ့နေအောက်မှာ
အရူးတွေ နောက်တစ်ကြိမ် ကခုန်ဖို့ ထွက်လာကြ
ဝန်တင်မြည်းတွေ နေမဝင်သရွေ့
လမ်းမတွေပေါ် တညည်းညည်း တညူညူ သွားနေဆဲ
ဘုရားသခင်ဟာ ကဖေးဆိုင်ထဲက ထလာပြီး
အော်ပြောလိုက်တယ်
တဆိတ်-သည်းခံကြပါ လူကြီးမင်းတို့
ဒီဘိလိယက်ကို ကျုပ်စဉ်းစားနေလို့။ ။
ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး
ပိရမစ်များ
ငါ့နှလုံးသားထဲ ပျောက်ကွယ်သွားတဲ့ ‘မြို့တစ်မြို့’ကို
ဒီကနေ့ ပြန်ရှာတွေ့ခဲ့တယ်လို့ ကြွေးကြော်ခဲ့ခြင်းဟာ
ဘယ်လောက်များ မြေခွေးတစ်ကောင်
ဆန်လိုက်ပါလိမ့်။
ဒုက္ခဘီးတွေ တအီအီလိမ့်နေတဲ့မြို့
ကောက်ကျစ်တဲ့ မီးလုံးတွေ
အစီအရီတပ်ဆင်ထားတဲ့မြို့
အာဃာတနှင်းတွေ တစ်မြို့လုံးပိကျနေတဲ့မြို့
မြွေတစ်ကောင်လို ခြေထောက်မရှိဘဲ
သွားလာနေတဲ့မြို့
ဘုရားရှိခိုးကျောင်းက နာရီကိုကြည့်ပြီး
ထွက်ပြေးသွားတဲ့မြို့
တိတ်ဆိတ်နက်ရှိုင်းလှတဲ့ ခြောက်သွေ့ပင်လယ်ပြင်ထဲ
အတိတ်က အရက်စည်နဲ့ ခေါင်းစည်းပဝါတွေ
ဆန်ဆန်မျောလွင့်
ပင်လယ်ဓားပြတစ်ယောက်လို
အာသာငန်းငန်း ကြေကွဲခဲ့တဲ့မြို့။
ငါ့မြို့ထဲ ညစာစားပွဲများနဲ့ အလည်ခေါ်ချင်ပါရဲ့
ငါ့မြို့က လူကြီးလူကောင်းယဉ်ကျေးမှု တစ်စုံတစ်ရာ
မပေးအပ်မှာ ကြောက်တယ်
အရေးပါပါ အခမ်းအနားဖွဲ့ ကဗျာရှည်ကြီးတွေလည်း
မထွန်းကားခဲ့ဘူး
အဲဒီမြို့ထဲ နတ်ဆိုးနဲ့ ဝိုင်အရက်ဟာ
ကျိန်စာနဲ့အပြစ်ကို သယ်ဆောင်ခဲ့ပြီးမှ
ငါ့ကိုထုံအနေတဲ့ ကျမ်းစာတစ်စောင်ဖတ်ပြတယ်။
ငါပြောခဲ့ပြီးပါပကောလား
ဝေးလံလှတဲ့ ခေတ်တစ်ခုဆီက
အလဲလဲအပြိုပြို အတွေးများဟာ
သစ်ကုလားအုပ်တစ်ကောင်လို
တရွေ့ရွေ့ ပြန်လာနေပုံက
အဲဒီခေတ်က အတိုင်းပါပဲလို့၊ ငါက ဒီခေတ်ထဲမှာ
တစ္ဆေလေ။
သေဆုံးသွားတဲ့ ငါ့ရုပ်အလောင်းကို
လံချားဘီးအိုကြီးများပေါ် တင်ဆောင်လာတဲ့
ငါ့မြို့က
တိတ်ဆိတ်အထီးကျန်ဘာတစ်ခုမှ ဖြစ်လာဖွယ်မရှိတဲ့
ဟင်းလင်း ပြင်တစ်နေရာမှာ
လက်တစ်ဖက်ကို ချွန်မြနေအောင် မြှောက်ရင်း
ရပ်တန့်သေဆုံးလို့။
နေ့လယ်စာ ဆာလောင်နေသူတွေအတွက်
ဖဲချပ်များလှည့်စားဖို့
ပြတိုက်တံခါးအိုကြီးတွေ သော့ခတ်ပိတ်ထားဆဲ
သူတို့ကို အခမဲ့
ဝင်ကြည့်ခွင့်ပေးလိုက်ပါဘုရားသခင်
ကောင်းကင်ကြီးက အယ်နီညိုးတွေနဲ့
အရိုးကြဲနီရဲနေတဲ့ ဟောဒီနေ့မျိုးမှာ
ငါကိုယ်တိုင်က အရုပ်စာများရဲ့ တစပြင်ထဲမှာ
ကိုယ့်ခေါ်သံကိုယ်မကြားရတဲ့ လဲလျောင်းမှု။ ။
ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး
ဒီကနေ့ ပြန်ရှာတွေ့ခဲ့တယ်လို့ ကြွေးကြော်ခဲ့ခြင်းဟာ
ဘယ်လောက်များ မြေခွေးတစ်ကောင်
ဆန်လိုက်ပါလိမ့်။
ဒုက္ခဘီးတွေ တအီအီလိမ့်နေတဲ့မြို့
ကောက်ကျစ်တဲ့ မီးလုံးတွေ
အစီအရီတပ်ဆင်ထားတဲ့မြို့
အာဃာတနှင်းတွေ တစ်မြို့လုံးပိကျနေတဲ့မြို့
မြွေတစ်ကောင်လို ခြေထောက်မရှိဘဲ
သွားလာနေတဲ့မြို့
ဘုရားရှိခိုးကျောင်းက နာရီကိုကြည့်ပြီး
ထွက်ပြေးသွားတဲ့မြို့
တိတ်ဆိတ်နက်ရှိုင်းလှတဲ့ ခြောက်သွေ့ပင်လယ်ပြင်ထဲ
အတိတ်က အရက်စည်နဲ့ ခေါင်းစည်းပဝါတွေ
ဆန်ဆန်မျောလွင့်
ပင်လယ်ဓားပြတစ်ယောက်လို
အာသာငန်းငန်း ကြေကွဲခဲ့တဲ့မြို့။
ငါ့မြို့ထဲ ညစာစားပွဲများနဲ့ အလည်ခေါ်ချင်ပါရဲ့
ငါ့မြို့က လူကြီးလူကောင်းယဉ်ကျေးမှု တစ်စုံတစ်ရာ
မပေးအပ်မှာ ကြောက်တယ်
အရေးပါပါ အခမ်းအနားဖွဲ့ ကဗျာရှည်ကြီးတွေလည်း
မထွန်းကားခဲ့ဘူး
အဲဒီမြို့ထဲ နတ်ဆိုးနဲ့ ဝိုင်အရက်ဟာ
ကျိန်စာနဲ့အပြစ်ကို သယ်ဆောင်ခဲ့ပြီးမှ
ငါ့ကိုထုံအနေတဲ့ ကျမ်းစာတစ်စောင်ဖတ်ပြတယ်။
ငါပြောခဲ့ပြီးပါပကောလား
ဝေးလံလှတဲ့ ခေတ်တစ်ခုဆီက
အလဲလဲအပြိုပြို အတွေးများဟာ
သစ်ကုလားအုပ်တစ်ကောင်လို
တရွေ့ရွေ့ ပြန်လာနေပုံက
အဲဒီခေတ်က အတိုင်းပါပဲလို့၊ ငါက ဒီခေတ်ထဲမှာ
တစ္ဆေလေ။
သေဆုံးသွားတဲ့ ငါ့ရုပ်အလောင်းကို
လံချားဘီးအိုကြီးများပေါ် တင်ဆောင်လာတဲ့
ငါ့မြို့က
တိတ်ဆိတ်အထီးကျန်ဘာတစ်ခုမှ ဖြစ်လာဖွယ်မရှိတဲ့
ဟင်းလင်း ပြင်တစ်နေရာမှာ
လက်တစ်ဖက်ကို ချွန်မြနေအောင် မြှောက်ရင်း
ရပ်တန့်သေဆုံးလို့။
နေ့လယ်စာ ဆာလောင်နေသူတွေအတွက်
ဖဲချပ်များလှည့်စားဖို့
ပြတိုက်တံခါးအိုကြီးတွေ သော့ခတ်ပိတ်ထားဆဲ
သူတို့ကို အခမဲ့
ဝင်ကြည့်ခွင့်ပေးလိုက်ပါဘုရားသခင်
ကောင်းကင်ကြီးက အယ်နီညိုးတွေနဲ့
အရိုးကြဲနီရဲနေတဲ့ ဟောဒီနေ့မျိုးမှာ
ငါကိုယ်တိုင်က အရုပ်စာများရဲ့ တစပြင်ထဲမှာ
ကိုယ့်ခေါ်သံကိုယ်မကြားရတဲ့ လဲလျောင်းမှု။ ။
ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး
ရန်ကုန်ည
ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။
ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။
ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။
လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။
ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။
သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။
ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။
စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်
စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။
ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။
ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။
မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
ရွှေအမြုတေစာပေဆု (၂၀၀၇)
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။
ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။
ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။
လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။
ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။
သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။
ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။
စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။
စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်
စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။
ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။
ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။
မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
ရွှေအမြုတေစာပေဆု (၂၀၀၇)
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing
ဖီးနစ် (PHOENIX)
ပထမ
ငါ့နာမည်ကို မေ့လိုက်ပါ။
ဒုတိယ
ငါ့နာမည် စာလုံးပေါင်းကို မေ့လိုက်ပါ။
တတိယ်
ငါ့ပါးစပ်ထဲက
ဒဏ္ဍာရီဆန်ဆန်
မီးလျှံတွေကို မေ့လိုက်ပါ။
နောက်ဆုံး
တောင်တွေကိုကျော်လွှား
တိမ်တွေကိုတွန်းလှန်
စိမ်းလန်းသော မနက်ဖြန်ဆီ အရောက်ပျံမယ့်
ငါ့အတောင်ပံတွေကိုပါ မေ့လိုက်ပါ။
မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဇန်နဝါရီ၊ ၂၀၀၈
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing
ငါ့နာမည်ကို မေ့လိုက်ပါ။
ဒုတိယ
ငါ့နာမည် စာလုံးပေါင်းကို မေ့လိုက်ပါ။
တတိယ်
ငါ့ပါးစပ်ထဲက
ဒဏ္ဍာရီဆန်ဆန်
မီးလျှံတွေကို မေ့လိုက်ပါ။
နောက်ဆုံး
တောင်တွေကိုကျော်လွှား
တိမ်တွေကိုတွန်းလှန်
စိမ်းလန်းသော မနက်ဖြန်ဆီ အရောက်ပျံမယ့်
ငါ့အတောင်ပံတွေကိုပါ မေ့လိုက်ပါ။
မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဇန်နဝါရီ၊ ၂၀၀၈
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing
ကိုချောလာတယ် - ၂
ကိုယ့်လူရေ . . . ကိုယ်ပြန်လာပြီ
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။
ဇေယျာလင်း
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၃
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။
ဇေယျာလင်း
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၃
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
အစ
အစဟာမထင်ရှားဘူး
စကတည်းက မထင်ရှားတဲ့အစ
စစချင်းမှာ ထင်ရှားတာမရှိတဲ့အစ
အစမှာ အစဟာမထင်ရှားဘူး
မထင်ရှားတာ စစချင်းရဲ့အစ
စစချင်း မထင်ရှားတဲ့ အစရဲ့အစ
အစဟာ ဘယ်လိုထင်ရှားမယ်
ထင်ရှားမှုရဲ့ အစဟာစစချင်း
ထင်ရှားစမှာ အစဟာဘယ်လိုစသလဲ
အစမှာ ထင်ရှားလာတာ ထင်ရှားလာတဲ့အစလား
ထင်ရှားမှုရဲ့ အစဟာ တစ်စတစ်စ
အစစအရာရာ ထင်ရှားစရာမရှိတဲ့ အစတစ်စ
ထင်ရှားစရာဆိုလို့ အစစအရာရာဟာ တစ်စပြီးတစ်စ
တစ်စပြီး တစ်စ အစစအရာရာဟာထင်ရှားစ စလာတယ်
ဘယ်အစဟာ အစရဲ့အစ စစချင်းလို မထင်ရှားတော့
အစ တစ်စမဟုတ်တစ်စဟာ မထင်မရှားစခဲ့ပြီ
မထင်မရှားနဲ့ တစ်စပြီးတစ်စ အစရှာတွေ့ခဲ့ပြီလား
စလာပြီပေါ့တစ်စ ပြီးတစ်စ ပြီးတစ်စ
စစရာအစတိုင်းဟာ တစ်စတစ်စ ထင်ရှားလာတော့တယ်
ထင်ရှားစရာတိုင်းဟာ တစ်စပြီးတစ်စ စစလာနေပြီ
လာနေပြီ တစ်စစ
လာစဟာ မထင်မရှားစခဲ့တယ်
တစ်စပြီးတစ်စ အစစအရာရာဟာ ထင်ရှားလာနေပြီ
အစရဲ့ အစကို ပြန်စရာမလိုတော့ဘူး
ထင်ထင်ရှားရှားပဲ တစ်စစရဲ့အစကိုစလိုက်ပြီ
ဒီအစနဲ့ပဲ စလိုက်ကြရမှာဖြစ်တယ်
အစဆိုတာ ဘာလဲ
စတယ်ဆိုတာ ဘာလဲ
ဒါဟာ စလိုက်တဲ့အစပဲ။ ။
ဇေယျာလင်း
၁၁ ဖေဖော်ဝါရီလ ၂၀၀၄
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
စကတည်းက မထင်ရှားတဲ့အစ
စစချင်းမှာ ထင်ရှားတာမရှိတဲ့အစ
အစမှာ အစဟာမထင်ရှားဘူး
မထင်ရှားတာ စစချင်းရဲ့အစ
စစချင်း မထင်ရှားတဲ့ အစရဲ့အစ
အစဟာ ဘယ်လိုထင်ရှားမယ်
ထင်ရှားမှုရဲ့ အစဟာစစချင်း
ထင်ရှားစမှာ အစဟာဘယ်လိုစသလဲ
အစမှာ ထင်ရှားလာတာ ထင်ရှားလာတဲ့အစလား
ထင်ရှားမှုရဲ့ အစဟာ တစ်စတစ်စ
အစစအရာရာ ထင်ရှားစရာမရှိတဲ့ အစတစ်စ
ထင်ရှားစရာဆိုလို့ အစစအရာရာဟာ တစ်စပြီးတစ်စ
တစ်စပြီး တစ်စ အစစအရာရာဟာထင်ရှားစ စလာတယ်
ဘယ်အစဟာ အစရဲ့အစ စစချင်းလို မထင်ရှားတော့
အစ တစ်စမဟုတ်တစ်စဟာ မထင်မရှားစခဲ့ပြီ
မထင်မရှားနဲ့ တစ်စပြီးတစ်စ အစရှာတွေ့ခဲ့ပြီလား
စလာပြီပေါ့တစ်စ ပြီးတစ်စ ပြီးတစ်စ
စစရာအစတိုင်းဟာ တစ်စတစ်စ ထင်ရှားလာတော့တယ်
ထင်ရှားစရာတိုင်းဟာ တစ်စပြီးတစ်စ စစလာနေပြီ
လာနေပြီ တစ်စစ
လာစဟာ မထင်မရှားစခဲ့တယ်
တစ်စပြီးတစ်စ အစစအရာရာဟာ ထင်ရှားလာနေပြီ
အစရဲ့ အစကို ပြန်စရာမလိုတော့ဘူး
ထင်ထင်ရှားရှားပဲ တစ်စစရဲ့အစကိုစလိုက်ပြီ
ဒီအစနဲ့ပဲ စလိုက်ကြရမှာဖြစ်တယ်
အစဆိုတာ ဘာလဲ
စတယ်ဆိုတာ ဘာလဲ
ဒါဟာ စလိုက်တဲ့အစပဲ။ ။
ဇေယျာလင်း
၁၁ ဖေဖော်ဝါရီလ ၂၀၀၄
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။
16.10.09
ငြိမ်းချမ်းရေး တစ်နေ့ / Peace One Day
ငြိမ်းချမ်းရေး တစ်နေ့
လူတိုင်းပဲ လိုချင်တာပေါ့
ဒီ
“ ငြိ မ်း ချ မ်းေ ရး ”
ခဏလေး…
ခုပဲ (ယူအက်စ် ဒေါ်လာ) ၃ဘီလီယံဖိုး “ကာကွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာများ”
အမှာစာ အီးမေးလ်ရောက်လာလို့
ပြီးမှ
စကားဆက်တာပေါ့။
Peace One Day
Of course, everyone wants
This.
“ P E A C E ”
Wait a sec.
Just got this eamil, 3 billions (u.s. dollar) worth of order
For various kinds of “Defence System and Equipment”.
We could chat
Later.
သီဟသူ
၁၆၊ ၁၀၊ ၀၉။
စာကြွင်း
စက်တင်ဘာ ၂၁ အား ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် ကုလမှ သတ်မှတ်ထား။
၃၆၅ရက်တွင် တစ်ရက်လောက် ငြိမ်းချမ်းရေးအရသာကို ခံစားကြည့်ဖို့ဖြစ်သည်။
လူတိုင်းပဲ လိုချင်တာပေါ့
ဒီ
“ ငြိ မ်း ချ မ်းေ ရး ”
ခဏလေး…
ခုပဲ (ယူအက်စ် ဒေါ်လာ) ၃ဘီလီယံဖိုး “ကာကွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာများ”
အမှာစာ အီးမေးလ်ရောက်လာလို့
ပြီးမှ
စကားဆက်တာပေါ့။
Peace One Day
Of course, everyone wants
This.
“ P E A C E ”
Wait a sec.
Just got this eamil, 3 billions (u.s. dollar) worth of order
For various kinds of “Defence System and Equipment”.
We could chat
Later.
သီဟသူ
၁၆၊ ၁၀၊ ၀၉။
စာကြွင်း
စက်တင်ဘာ ၂၁ အား ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် ကုလမှ သတ်မှတ်ထား။
၃၆၅ရက်တွင် တစ်ရက်လောက် ငြိမ်းချမ်းရေးအရသာကို ခံစားကြည့်ဖို့ဖြစ်သည်။
ဟာသ
ပေါ့စေလိုလို့ ကြောင်ဆေးထိုးတယ်
ဆေးလည်းထိုးအပြီး (အဲ့ကောင်) ကြောင်သွားတယ်
ကမ္ဘာကြီး စိန်းလမ်းစေဖို့တဲ့
အိမ်နောက်ဖေး မာရှီစိုက်တယ်
မင့်ခံစားမှုက အတုပဲ၊ လန်ကြုပ်ပဲတဲ့
(ပြောတဲ့ကောင်က) ဖြတ် ညှပ် ကပ် သီချင်း/ကဗျာ/စာ ရေးတယ်
ထန်းပင်အောက်ကစောင့်တာတောင်
ထန်းရည်အစစ်မရဘူး
ဘဝကြီးကိုက
ဟာသပဲ။
သီဟသူ
၁၆၊ ၁၀၊ ၀၉။
ဆေးလည်းထိုးအပြီး (အဲ့ကောင်) ကြောင်သွားတယ်
ကမ္ဘာကြီး စိန်းလမ်းစေဖို့တဲ့
အိမ်နောက်ဖေး မာရှီစိုက်တယ်
မင့်ခံစားမှုက အတုပဲ၊ လန်ကြုပ်ပဲတဲ့
(ပြောတဲ့ကောင်က) ဖြတ် ညှပ် ကပ် သီချင်း/ကဗျာ/စာ ရေးတယ်
ထန်းပင်အောက်ကစောင့်တာတောင်
ထန်းရည်အစစ်မရဘူး
ဘဝကြီးကိုက
ဟာသပဲ။
သီဟသူ
၁၆၊ ၁၀၊ ၀၉။
ချောမောစွာ ရောက်ရှိကြောင်း
အစကတည်းက အစစအရာရာ
မသေချာခြင်းသာ
သေချာခဲ့
ကြိုတင်သေချာခဲ့မှုများ မသေချာတော့တဲ့
ဒီခရီးအတွက်
ဒီကွေ့မှာ ဒီတက်နဲ့ ဒီလိုလှော်၊ ဟိုကွေ့မှာ ဟိုတက်နဲ့ ဟိုလိုလှော်
စာသင်ခန်းမှ သင်ခန်းစာများ၊
(စေတနာနဲ့)မျှဝေကြတဲ့ အတွေ့အကြုံများ
(သတ်မှတ်ကီလိုထက်ပို၍ (လူကြုံပေးမှုများလည်းပါ)
ဒဏ်ကြေးပေးဆောင်ခဲ့ရ၊
ဒဏ်ကြေးကား ဆုံးစမဲ့ သံသရာဝဋ်ဒုက္ခ)
စသည်တို့ဖြင့်
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့
ချောမောစွာ ရောက်ရှိကြောင်း. . .
ရှေ့တွင် မြင်နေရပါပြီ
“ မစ္စတာ သီဟသူအား လောကဓံရှစ်ပါးမှ
အထူး (အထူး) ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ ”
သီဟသူ
၁၅၊ ၁၀၊ ၀၉။
မသေချာခြင်းသာ
သေချာခဲ့
ကြိုတင်သေချာခဲ့မှုများ မသေချာတော့တဲ့
ဒီခရီးအတွက်
ဒီကွေ့မှာ ဒီတက်နဲ့ ဒီလိုလှော်၊ ဟိုကွေ့မှာ ဟိုတက်နဲ့ ဟိုလိုလှော်
စာသင်ခန်းမှ သင်ခန်းစာများ၊
(စေတနာနဲ့)မျှဝေကြတဲ့ အတွေ့အကြုံများ
(သတ်မှတ်ကီလိုထက်ပို၍ (လူကြုံပေးမှုများလည်းပါ)
ဒဏ်ကြေးပေးဆောင်ခဲ့ရ၊
ဒဏ်ကြေးကား ဆုံးစမဲ့ သံသရာဝဋ်ဒုက္ခ)
စသည်တို့ဖြင့်
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့
ချောမောစွာ ရောက်ရှိကြောင်း. . .
ရှေ့တွင် မြင်နေရပါပြီ
“ မစ္စတာ သီဟသူအား လောကဓံရှစ်ပါးမှ
အထူး (အထူး) ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ ”
သီဟသူ
၁၅၊ ၁၀၊ ၀၉။
ဝေဒနာ
နေမယ်ဆို နေလို့ရသေးတယ်
သေဖို့ဆိုတာကတော့
အင်း…
သူ့ရင်ထဲမှာ ခံစားမှုတွေရှိတယ်
နာကြည်းမှုတွေရှိတယ်
မကြေနပ်မှုတွေရှိတယ်
မြတ်နိုးမှုတွေရှိတယ်
စေတနာတွေရှိတယ်
သူ့မိသားစု၏ ပြောကြားချက် -
“သူ နောက်ဆုံးအချိန်မှာ သက်သက်သာသာပါပဲ။
ဝေဒနာမခံစားသွားရပါဘူး။”
တစ်ဘဝလုံး
ရင်နှင့်မဆံ့ ခံစားခဲ့ရပြီးမှတော့၊
ယင်းခံစားခဲ့ရမှုများကိုတောင်မှ
ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့သည့်အတွက်
နောက်ဆုံးအချိန်တွင် သက်သက်သာသာရှိခဲ့ကြောင်း
(မိသားစု၏ ပြောကြားချက်)
ကျွန်တော် ထပ်မံ မဖော်ပြတော့ပါ. . .
သီဟသူ
၁၅၊ ၁၀၊ ၀၉။
သေဖို့ဆိုတာကတော့
အင်း…
သူ့ရင်ထဲမှာ ခံစားမှုတွေရှိတယ်
နာကြည်းမှုတွေရှိတယ်
မကြေနပ်မှုတွေရှိတယ်
မြတ်နိုးမှုတွေရှိတယ်
စေတနာတွေရှိတယ်
သူ့မိသားစု၏ ပြောကြားချက် -
“သူ နောက်ဆုံးအချိန်မှာ သက်သက်သာသာပါပဲ။
ဝေဒနာမခံစားသွားရပါဘူး။”
တစ်ဘဝလုံး
ရင်နှင့်မဆံ့ ခံစားခဲ့ရပြီးမှတော့၊
ယင်းခံစားခဲ့ရမှုများကိုတောင်မှ
ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့သည့်အတွက်
နောက်ဆုံးအချိန်တွင် သက်သက်သာသာရှိခဲ့ကြောင်း
(မိသားစု၏ ပြောကြားချက်)
ကျွန်တော် ထပ်မံ မဖော်ပြတော့ပါ. . .
သီဟသူ
၁၅၊ ၁၀၊ ၀၉။
ကစားပွဲ
ဟိုးယခင်မှအစ
ယခုထိတိုင်
နောင်လည်းရှိနေဦးမည့်
ကစားပွဲ
ကစားမလား၊ နားမလား
ချမ်းသာရေးလား၊ ကျန်းမာရေးလား
ကြောင်ဖြူလား၊ ကြောင်မည်းလား
(ကြွက်မိမည်ဟု သေချာပေါက် အာမ မခံ)
ပါဝင်သူများအားလုံးကို မေတ္တာတုံ့ပြန်သောအားဖြင့်
ရွေးချယ်နိုင်မည့်အခွင့်အရေး…
နေမလား၊ သေမလား
နောက်ဘဝ၊ ဒီအချိန်၊ ဒီကစားပွဲမှာ ပြန်လည်ဆုံတွေ့ ရွေးချယ်ကြပါစို့…
သီဟသူ
၁၅၊ ၁၀၊ ၀၉။
ယခုထိတိုင်
နောင်လည်းရှိနေဦးမည့်
ကစားပွဲ
ကစားမလား၊ နားမလား
ချမ်းသာရေးလား၊ ကျန်းမာရေးလား
ကြောင်ဖြူလား၊ ကြောင်မည်းလား
(ကြွက်မိမည်ဟု သေချာပေါက် အာမ မခံ)
ပါဝင်သူများအားလုံးကို မေတ္တာတုံ့ပြန်သောအားဖြင့်
ရွေးချယ်နိုင်မည့်အခွင့်အရေး…
နေမလား၊ သေမလား
နောက်ဘဝ၊ ဒီအချိန်၊ ဒီကစားပွဲမှာ ပြန်လည်ဆုံတွေ့ ရွေးချယ်ကြပါစို့…
သီဟသူ
၁၅၊ ၁၀၊ ၀၉။
15.10.09
ခါချဉ်ကောင်
အစွယ်ရှိတဲ့သူက အစွယ်အားကိုးနဲ့ ဂုဏ်မောက်တယ်
အဆိပ်ရှိတဲ့သူက အဆိပ်အားကိုးနဲ့ ဂုဏ်မောက်တယ်
ငွေရှိတဲ့သူက ငွေအားကိုးနဲ့ ဂုဏ်မောက်တယ်
အာဏာရှိတဲ့သူက အာဏာအားကိုးနဲ့ ဂုဏ်မောက်တယ်
မေမေရေ…
မေမေ့သားလေ
ကဗျာလေး နှစ်ပုဒ်၊ သုံးပုဒ်နဲ့
မောက်မာနေလိုက်ပုံများ…
သီဟသူ
၁၄၊ ၁၀၊ ၀၉။
အဆိပ်ရှိတဲ့သူက အဆိပ်အားကိုးနဲ့ ဂုဏ်မောက်တယ်
ငွေရှိတဲ့သူက ငွေအားကိုးနဲ့ ဂုဏ်မောက်တယ်
အာဏာရှိတဲ့သူက အာဏာအားကိုးနဲ့ ဂုဏ်မောက်တယ်
မေမေရေ…
မေမေ့သားလေ
ကဗျာလေး နှစ်ပုဒ်၊ သုံးပုဒ်နဲ့
မောက်မာနေလိုက်ပုံများ…
သီဟသူ
၁၄၊ ၁၀၊ ၀၉။
14.10.09
ရန်ကုန်
ရန်ကုန်ဟာ မြို့ဖြစ်တယ်၊ မြို့တော်ဖြစ်တယ်
ရန်ကုန်ဟာ အန်စာတုံးပဲ… ဘုရားသခင် ကြွေအန်ကစားတယ်
မျက်မမြင် ပုဏ္ဏားတစ်ယောက်လို ရန်ကုန်ကို ငါ ထိစမ်းမိတယ်
ရန်ကုန်မှာ ရင်တုန်ရတယ်၊ ရင်ခုန်ရတယ်
ရန်ကုန်ဟာ ညစ်ပတ်ပေရေနေသလို၊ နှစ်သက်နေချင်စရာလည်း ဖြစ်နေတယ်
ရန်ကုန်မှာ လူငယ်ရှိတယ်၊ ကဗျာရှိတယ်
ရန်ကုန်မှာ အနုပညာရှိတယ်၊ ခံစားမှုရှိတယ်
ရန်ကုန်ဟာ ငရဲဖြစ်သလို၊ နိဗ္ဗာန်လည်းဖြစ်တယ်
ကမ္ဘာတစ်ခြမ်း မှောင်နေချိန် ကျန်တစ်ခြမ်း လင်းသလို၊ ရန်ကုန်ဟာ ကမ္ဘာကြီးဖြစ်တယ်
ရန်ကုန်မှာ မညီမျှမှုတွေရှိတယ်၊ မကြည်သာမှုတွေရှိတယ်
ဒါတွေဟာ ငါ့ရဲ့ ထိစမ်းမိမှုများသာဖြစ်တယ်၊ အန်စာတုံးရဲ့ မျက်နှာတစ်ဖက်မျှသာဖြစ်တယ်
ငါ… ကြွေအန်ကစားတယ်
ဒေါက်ခနဲ ပစ်ချလိုက်တယ်
ရန်ကုန်…
သီဟသူ
၁၃၊ ၁၀၊ ၀၉။
ရန်ကုန်ဟာ အန်စာတုံးပဲ… ဘုရားသခင် ကြွေအန်ကစားတယ်
မျက်မမြင် ပုဏ္ဏားတစ်ယောက်လို ရန်ကုန်ကို ငါ ထိစမ်းမိတယ်
ရန်ကုန်မှာ ရင်တုန်ရတယ်၊ ရင်ခုန်ရတယ်
ရန်ကုန်ဟာ ညစ်ပတ်ပေရေနေသလို၊ နှစ်သက်နေချင်စရာလည်း ဖြစ်နေတယ်
ရန်ကုန်မှာ လူငယ်ရှိတယ်၊ ကဗျာရှိတယ်
ရန်ကုန်မှာ အနုပညာရှိတယ်၊ ခံစားမှုရှိတယ်
ရန်ကုန်ဟာ ငရဲဖြစ်သလို၊ နိဗ္ဗာန်လည်းဖြစ်တယ်
ကမ္ဘာတစ်ခြမ်း မှောင်နေချိန် ကျန်တစ်ခြမ်း လင်းသလို၊ ရန်ကုန်ဟာ ကမ္ဘာကြီးဖြစ်တယ်
ရန်ကုန်မှာ မညီမျှမှုတွေရှိတယ်၊ မကြည်သာမှုတွေရှိတယ်
ဒါတွေဟာ ငါ့ရဲ့ ထိစမ်းမိမှုများသာဖြစ်တယ်၊ အန်စာတုံးရဲ့ မျက်နှာတစ်ဖက်မျှသာဖြစ်တယ်
ငါ… ကြွေအန်ကစားတယ်
ဒေါက်ခနဲ ပစ်ချလိုက်တယ်
ရန်ကုန်…
သီဟသူ
၁၃၊ ၁၀၊ ၀၉။
Subscribe to:
Posts (Atom)