> သီဟသူ [dot] blogspot [dot] com: May 2013

May 4, 2013

နှစ်ထောင့်တစ်ဆယ့်သုံး

ဧပြီ
----

တစ်စက္ကန့် မှ တစ်စက္ကန့်
ကူးပြောင်းဖို့ ကြာမြင့်ပုံ
နေ့ရက်များ မြန်မြန်ဆန်ဆန်
ကူးပြောင်းသွားပုံ
အားလုံး ပုံမှန်အတိုင်း
ပုံမမှန်တဲ့ စိတ်နဲ့
မှန်ပုံမပေါ်တော့တဲ့ အမှန်တရား
ဒီနွေမှာ
ငါ့လှေငါထိုး ဘယ်ပဲရောက်ရောက်
ကိုယ့်တရားနဲ့ ကိုယ်ဖြေပါတယ်
နေတတ်တတ်
မနေတတ်တတ်
ကျေနပ်ဖို့ပါပဲ။

သီဟသူ
၀၄-၀၅-၂၀၁၃