> သီဟသူ [dot] blogspot [dot] com: January 2015

Jan 3, 2015

တနင်္ဂနွေစကား-၄

ပြန်မလာ ဒီအတိတ်
ဘီယာဟာ အရက်တော့မဟုတ်ပါ ရီဝေညများ

ထပ်ခိုးလေးပေါ်က ရီဝေညများ
နိုင်တီတူး နှပ်ဆေး ရီဝေညများ

အချစ်ရွာ၊ လမ်းနဲ့အလွမ်း၊
လက်ဖက်ရည်ရိုးရိုး၊ ကျောက်မြောင်းရီဝေညများ

ဘီယာဟာ အရက်တော့မဟုတ်ပါ
ဘီယာဟာ အရင်လို မခါးသက်တော့ပါ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
၀၇-၁၂-၂၀၁၄

Jan 1, 2015

ဒိုင်ယာရီ ၂၀၁၄

သွားမတိုက်ပဲ အိပ်ပျော်သွားခဲ့ရင် အပြစ်ရှိသလို အမြဲခံစားရတယ်။
လူ့မျက်စိဟာ ကင်မရာမှန်ဘီလူးဆို ၄၃မမ ဖြစ်လိမ့်မယ်။ ငါ့ဖုန်းက ကင်မရာမှန်ဘီလူးက ၂၈မမတဲ့။
နေ့လည်စာစားပြီး ရုံးစားပွဲပေါ်မှောက်မအိပ်ခင် ပြက္ခဒိန်ပေါ်က ဒီနေ့နေ့စွဲကို ကြက်ခြေခတ်လိုက်တယ်။
ရိုက်ပြီးသား ဖလင်လိပ်များ ဆေးဖြစ်ရန် မသေချာသေး။

သီဟသူ
၀၇-၁၂-၂၀၁၄