မနက်ဖြန်ကျရင်
လခထုတ်မယ်
မနက်ဖြန်ကျရင်
ငါနေကောင်းပြီ
မနက်ဖြန်ကျရင်
အဖေပြန်လာတော့မှာ
မနက်ဖြန်ကျရင်
အဖူးတွေဖူးပြီ
မနက်ဖြန်ကျရင်
စာပို့သမားလာမယ်ထင်တယ်
မနက်ဖြန်ကျရင်
ဒီပုစ္ဆာကို နောက်တစ်ခါ
ပြန်မတွက်တော့ဘူး
မနက်ဖြန်ကျရင်
စာရွက်ပေါ်မှာ ငါဆိုတဲ့စာလုံးရေးပြီး
ပြတင်းပေါက်ကနေ
လွှတ်ချလိုက်မယ်
မနက်ဖြန်ကျရင်
ငါ့ကိုမမေ့ပါနဲ့
မနက်ဖြန်ကျရင်
ပဲစေ့ကလေးတွေအတိုင်း
ငါလိုက်သွားမယ်
အားလုံးပြန်ဆုံကြမှာပါ။
နေမျိုး
နေမျိုး
မြွေကြီးပါခင်ဗျာ
ခေတ်ပေါ်ကဗျာ၊
ပုံဝတ္ထု၊ အတွေ့အကြုံ နှင့်
ရယ်ရွှင်ဖွယ်များ
ဟစ်တိုင်စာပေ
ဇန်နဝါရီ၊ ၂၀၁၂
ဇန်နဝါရီ၊ ၂၀၁၂
No comments:
Post a Comment