ဘယ်နေရာမှာ
ဒီအချိုးအကွေ့မှားတွေကို
ပြုလုပ်မိခဲ့သလဲ*
၂၀၁၂-၁၃
ဘယ်နေရာက
လိပ်ပြာတွေအတောင်ခတ်လို့
ဒီစမ္ပါနဂိုရ်က နွားမပေါင်ပဲ
လာ
လာ ကျိုးနေရတာလဲ
၁၃၇၄-၇၄
မသိခြင်းဟာ
ကောင်းချီးပေးခံရခြင်းပဲ
(သုံးကြိမ်ရွတ်)
ဘုရားသခင်
သိတော်မူ၏
သို့သော်
သို့သော်..
သို့သော်...
ကိန်းဂဏန်းများ
အသက်ကိုစား၏
ခရစ်သက္ကရာဇ်၊
ကောဇာသက္ကရာဇ်များ
မေ့လျော့ခြင်း
မြစ်အတွင်း
အကြိမ်ကြိမ်
ရေချိုးဆင်းကာ
အချိုးအကွေ့မှားများ
ဆက်လက်ပြုလုပ်ရန်
တေးမှတ်ထားဆဲ
သီဟသူ
ကောဇာသက္ကရာဇ်
၁၃၇၅ပြည့်နှစ် တခူးလဆန်း
၇ရက်
*Stephen Dobyns ၏
Lost ကဗျာမှ
စာသား