> သီဟသူ [dot] blogspot [dot] com: နှစ်သစ်ကူး ဆုံးဖြတ်ချက်များ

Apr 17, 2013

နှစ်သစ်ကူး ဆုံးဖြတ်ချက်များ


ဘယ်နေရာမှာ ဒီအချိုးအကွေ့မှားတွေကို ပြုလုပ်မိခဲ့သလဲ*
၂၀၁၂-၁၃
ဘယ်နေရာက လိပ်ပြာတွေအတောင်ခတ်လို့ ဒီစမ္ပါနဂိုရ်က နွားမပေါင်ပဲ
လာ လာ ကျိုးနေရတာလဲ
၁၃၇၄-၇၄
မသိခြင်းဟာ ကောင်းချီးပေးခံရခြင်းပဲ (သုံးကြိမ်ရွတ်)
ဘုရားသခင် သိတော်မူ၏
သို့သော်
သို့သော်..
သို့သော်...
ကိန်းဂဏန်းများ အသက်ကိုစား၏
ခရစ်သက္ကရာဇ်၊ ကောဇာသက္ကရာဇ်များ
မေ့လျော့ခြင်း မြစ်အတွင်း
အကြိမ်ကြိမ် ရေချိုးဆင်းကာ
အချိုးအကွေ့မှားများ ဆက်လက်ပြုလုပ်ရန်
တေးမှတ်ထားဆဲ

သီဟသူ
ကောဇာသက္ကရာဇ် ၁၃၇၅ပြည့်နှစ် တခူးလဆန်း ၇ရက်
*Stephen Dobyns Lost ကဗျာမှ စာသား

No comments:

Post a Comment