> သီဟသူ [dot] blogspot [dot] com: တနင်္ဂနွေစကား-၄

Jan 3, 2015

တနင်္ဂနွေစကား-၄

ပြန်မလာ ဒီအတိတ်
ဘီယာဟာ အရက်တော့မဟုတ်ပါ ရီဝေညများ

ထပ်ခိုးလေးပေါ်က ရီဝေညများ
နိုင်တီတူး နှပ်ဆေး ရီဝေညများ

အချစ်ရွာ၊ လမ်းနဲ့အလွမ်း၊
လက်ဖက်ရည်ရိုးရိုး၊ ကျောက်မြောင်းရီဝေညများ

ဘီယာဟာ အရက်တော့မဟုတ်ပါ
ဘီယာဟာ အရင်လို မခါးသက်တော့ပါ

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
၀၇-၁၂-၂၀၁၄

No comments:

Post a Comment