> သီဟသူ [dot] blogspot [dot] com: ဓာတ်ပုံတွေ စကားပြောနိုင်လား။ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး

Oct 4, 2015

ဓာတ်ပုံတွေ စကားပြောနိုင်လား။ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး

ဓာတ်ပုံတွေ စကားပြောနိုင်လား။
မလုံလောက်ဘူး။
အဲဒါကြောင့် ဒီဟာကို ကျွန်တော်ရေး။



ပါ့စ်ပို့
ဓာတ်ပုံရိုက်ဖို့သွားခဲ့တိုင်း
အဖြူအမည်း
ပဲ ရိုက်ခဲ့။
ဆံပင်အရှည်၊
အမေဒေါသထွက်ရုံမျှ အရှည်၊
ကိုယ့်ကိုယ်ကို ဂေါ်တယ်
အထင်ရောက်ရုံမျှ အရှည်၊
ဒါပေမဲ့ မလုံလောက်ဘူး။
ဒါပေမဲ့ နေ့တွေကတော့
နာကျင်ရမှုကို လုံလုံလောက်လောက်
ပေးခဲ့တယ်။
လိုတာထက်ပိုခဲ့။
ဆယ်စုနှစ်
တစ်ခုကြာပြီးနောက်
ကျွန်တော်
ပိုပြီးတော့ နေလို့ကောင်း
မလာ။
ဒါပေမဲ့ အဖြူအမည်း
ပါ့စ်ပို့ဓာတ်ပုံ
ကာလာ ပါ့စ်ပို့
ဓာတ်ပုံ
ခွဲ ပြောမနေတာ့ဘူး။


သီဟသူ
၂၀၁၅၀၉၂၁

No comments:

Post a Comment