> သီဟသူ [dot] blogspot [dot] com

Apr 9, 2021

ငါဟာ ပုံမှန်
မဟုတ်ဘူး ဆိုတာ ငါမသိခဲ့ဘူး


ငါမွေးဖွားခဲ့ရာ ဒေသရဲ့
ရေ မြေ လေ
ပုံမမှန်မှုကို
ငါမသိခဲ့ဘူး။

ရွာမလို တိမ်မည်းတွေရဲ့
အနောက်က 
အတိတ်ရဲ့ အရိပ်မည်း
ငါမသိခဲ့ဘူး။

နေရောင်ဟာ
အမှောင်ထဲ အလင်းတကွက်ထိုး
ငါ့မျက်စိကို စူးစေခဲ့
အမှောင်တွေကို
ငါမမြင်နိုင်ခဲ့ဘူး။

ပျော်ရွှင်ရီမောဖို့ထက်
ရီဝေ မူးလိုက်ရတယ်
ငါ့ လူငယ်ဘဝ
ပုံမှန် မဟုတ်ခဲ့ဘူး။

ဒီနွေဦး
ငါနေထိုင်ရတာ ပုံမှန်
မဟုတ်ဘူး၊
ဒါကို ငါသိတယ်။

ဒီနွေဦး
ကျဆုံးသူတွေ
စစ်ပွဲရှောင် ထွက်ပြေးရသူတွေ
နာကျင်
ငိုကြွေးသံတွေ
ငါမြင်တယ်
ငါကြားတယ်
ငါတောက်ခေါက်တယ်
ငါဟစ်အော်တယ်
ငါငိုတယ်။

ငါသိတယ်
ဒီနွေဦးမှ စ၍
အာဏာရူးကို ကမ္ဘာမကျေဘူး။ ။


သီဟသူ
ဧပြီ ၉၊ ၂၀၂၁။ 

No comments:

Post a Comment