==========
ကိုယ့်လိပ်ပြာကို ဝိုင်ဖိုင်ပတ်စဝဒ် နဲ့ လဲ လိုက်ရပြီ
ကား နဲ့ ရထား ဟာ တလမ်းထဲ သွားနေပေမဲ့
အမှိုက်တွေကျ တပုံးထဲ မထား
ရေလဲ ရှားတယ်
လေလဲ ပါးတယ်
အိပ်မက်အထူကြီး ဝတ်ပြီး နေမပွင့်ခင် လမ်းပေါ်ထွက်ခဲ့ပြီ
၁၉/၁၀/၂၀၂၆
တနင်္လာ
==========
ဂရပ်ဖီတီ အပြည့်နဲ့ မြေအောက်လျှောက်လမ်းထဲ ကတ္တရာအနံ့ က အရင်ဆုံး နှုတ်ဆက်တယ်
ကိုယ် မရင်းနှီး တဲ့ မျက်နှာတွေ
ကိုယ် မနှစ်သက်တဲ့ အသံတွေ
ပလက်ဖောင်းတလျှောက် သစ်ရွက်အကြွေတွေ နဲ့ ခြောက်သွေ့နေတဲ့ မြက်ပင်တွေ
ရင်နဲ့ မဆံ့တော့လို့ ပါးစပ်ကနေ အံထွက်လာတဲ့ အထီးကျန်မှုပါ မကျန်
အရာရာ ဟာ အေးစက်မှုန်မှိုင်း
၂၀/၁၀/၂၀၂၆
အင်္ဂါ
#ဝင်းမင်းထွန်း