အရက်ဆိုင်မှာ
ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့
လွတ်မတဲ့လား
ရှောင်ပြေးလို့
လွတ်မတဲ့လား
ရှောင်ပြေးလို့
လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို
လွှတ်မချချင်စမ်းပါနဲ့။
ယမကာတစ်ခွက်ကို
တပ်မက်နှစ်ခြိုက်
အကြီးစား
မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို
ဖြတ်ကျော်သွားမယ့်
အာကာသလွန်းပျံယာဉ်တစ်စင်း
မင်းက
အဆိပ်ပြင်းတဲ့
နှင်းဆီတစ်ပွင့်
ပါးပြင်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေကြားထဲ
ကျယ်လောင်စွာ
အပြုစားခံခဲ့ရတယ်။
ဘာကိုယုံရမှာလဲ
“လုံခြုံမှု...”
တဲ့
“ဘဝ
အာမခံချက်...” တဲ့
လူတစ်ယောက်ရဲ့
ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက်ပေးနိုင်မှာလဲ။
အချစ်ကို
ယုံလို့
မြစ်ထဲ
ခုန်ချခဲ့တာပဲ
ဒါ
စုံလုံးကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ
ခွင့်လွှတ်ပါ။
မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားဒယား
တွန်းရှာ
အဆုံးမှာ
ကိုယ့်အမည် ကိုယ် ပြန်သတိရ
ဒီ့ထက်
စိတ်ချရတာ ဘာရှိသေးလို့လဲ။
ဒီလိုနဲ့
သူဟာ
သီချင်းတွေကို
ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို
ချစ်ခဲ့တယ်
လက်ဖက်ရည်ကို
ချစ်ခဲ့တယ်
“.......” ကို
ချစ်ခဲ့တယ်။
လှသန်း
ကျွန်တော်ရဲ့
ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊ ဧပြီ၊ ၂၀၁၂
No comments:
Post a Comment