လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ
လွတ်ကျခဲ့ပြီလဲ။
လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ
လွတ်ကျခဲ့ပြီလဲ။
နွေးထွေးလုံခြုံတဲ့
တွင်းတစ်တွင်း
ပြင်းပြစွာ
တောင့်တ
စောင့်နေရတာ
မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက်တစ်ခုပဲ။
“ချစ်ခြင်း"
ကို မျှော်လင့်
တရားသဖြင့်
တွေးခေါ်
ပျော်ရွှင်မှုတွေဟာ
အသေအချာ ရှိခဲ့ပါတယ်။
ဒီလိုနဲ့
ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ
ဝင်ခွေနေတတ်တဲ့
မြွေပွေးတစ်ကောင်
အဆိပ် မရှိချင်ယောင်ဆောင်လို့။
မိုးတိမ်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက်
စိုးရိမ်မကင်းဖြစ်နေရတာ
ရှက်စရာ
မကောင်းဘူးလား။
လောကကြီးကလဲ
သူမရဲ့
ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကိုတင်လို့
သူကလည်း
သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း
ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ
သိပြီးသားပါ။
ညကတော့
ပြည့်လုဆဲဆဲ
လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ်
ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ
တိမ်းရှောင်ရင်း …
တိမ်းရှောင်ရင်း
...
ကျွန်တော်ရဲ့
ယခုအချိန်နှင့် အခြားမငြိမ်သက်မှုများ
ပထမအကြိမ်၊
ဧပြီ၊ ၂၀၁၂
No comments:
Post a Comment