> သီဟသူ [dot] blogspot [dot] com: ဗင်းဆင့်ဗန်ဂိုးရဲ့ဆက်သွယ်ရေးလုပ်ငန်း

May 20, 2014

ဗင်းဆင့်ဗန်ဂိုးရဲ့ဆက်သွယ်ရေးလုပ်ငန်း

တစ်ခါတုန်းက
ခင်ဗျားကိုင်ထားတဲ့ 'ဟန်းဖုန်း'မျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
သူချစ်တဲ့ သူ့ကောင်မလေး ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်လေး တစ်ဖက်ကိုတော့
လက်ဆောင်အဖြစ် ဖြတ်ပေးခဲ့ဖူးရဲ့
တစ်ခါတုန်းက
ခင်ဗျားစီးနေတဲ့ မော်တော်ကားလှလှေလေးတစ်စီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး
ဒါပေမဲ့
ခင်ဗျားစိတ်ကူးတွေ လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်ပင်တွေနဲ့လမ်း ပန်းချီကားကိုတော့
(လက်ဆောင်အဖြစ်)
ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။

၆၊ မတ်၊ ၂၀၀၄
ဟန်သစ်မဂ္ဂဇင်း၊ ဇွန်၊ ၂၀၀၄။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

No comments:

Post a Comment