> သီဟသူ [dot] blogspot [dot] com: အိမ်ထောင်စုဇယား၊ အိမ်ခန်းဖွဲ့စည်းပုံနှင့် မိသားစုဓာတ်ပုံ

Feb 14, 2015

အိမ်ထောင်စုဇယား၊ အိမ်ခန်းဖွဲ့စည်းပုံနှင့် မိသားစုဓာတ်ပုံ

အိမ်လိပ်စာပြောင်းတိုင်း အိမ်ထောင်စု
ဇယားမှာ လိုက်ပြောင်းရတယ်။ ဒါပေမဲ့
လူတွေပြောင်းမသွားဘူး။ ဒါပေမဲ့ အိမ်ပြောင်းရတော့
အခန်းဖွဲ့စည်းပုံတွေ ပြောင်းသွားတယ်။ ဒါပေမဲ့
နံရံမှာ ဓာတ်ပုံတွေချိတ်မြဲ။ ဒါပေမဲ့
ကြာလာတော့ ဓာတ်ပုံတွေ
ဆေးသားပြယ်လာတယ်။ ဒါပေမဲ့ ပြောင်းမသွားဘူး
မိသားစု။ ။

သီဟသူ
၁၁/၀၂/၂၀၁၅

No comments:

Post a Comment