> သီဟသူ [dot] blogspot [dot] com: ဖြစ်တည်မှု (၅)

Aug 14, 2015

ဖြစ်တည်မှု (၅)

အခု မြေနီကုန်းမှာ၊ ဖတ်လက်စ စာအုပ်
၂၃.၃% ပြီးတော့ ၂၄%
လက်ကျန် ဘက်ထရီ
ညနေ ၁၉:၃၁

ရထားထဲ ဒီမျက်နှာတွေချည်း
ဒါပေမဲ့
ပြီးတော့ ကျွန်တော်လည်း အပါအဝင်

ဝတ်စုံမဝတ် ဂျင်းပင်ဝတ်
ဒါပေမဲ့ ကျွန်တော်လည်းပဲ လခစား

ဒီလိုနေ့တွေမှာ
ဘတ်စ်ကားဟာ အချိန်မှန်
ပြီးတော့ ရှေ့တည့်တည့်လာရပ်

လေယာဉ် ပထမတန်း
ကတော့ မစီးဖူးဘူး

အသက်၁၆နှစ်မှာ
အိမ်ကနေ ထွက်
မပြေး အဲဒီကတည်းကသိခဲ့
အမေ့အိမ်ထမင်း အိမ်ဟင်းသာ
အကောင်းဆုံး

ကဗျာ
ဖတ်တဲ့အခါ ဖတ်နေတာ
ကဗျာ
လို့ တင်ကူးစိတ်နဲ့
ဖတ်တယ်

ဒါဆို
ဒီဟာကော...

သီဟသူ
၂၈၀၇၂၀၁၅

No comments:

Post a Comment