> သီဟသူ [dot] blogspot [dot] com: ချာတိတ်ဘဝ-၇

Jul 7, 2016

ချာတိတ်ဘဝ-၇

အဲဒီတုန်းက
ကျွန်တော်
ချာတိတ်ဘဝ
ညဘက်
ကျကျနန
စ ထိုင်ဖြစ်တဲ့
လက်ဖက်ရည်ဆိုင်
'အချစ်ရွာ' ကနေ
ညသန်းခေါင်
အိမ်ကို စက်ဘီး
စီးပြန်လေ့ရှိတယ်။

ဒီည
သန်းခေါင်မှာ အိမ်အပြန်
'အချစ်ရွာ' မှာ နားထောင်ခဲ့တဲ့
'လမ်းနဲ့အလွမ်း' ကို တိုးတိတ်ညည်းမိ။
ဒီညသန်းခေါင်
အိမ်အပြန်လမ်းမှာ
ကျွန်တော့် ပျိုရွယ်မှု
ကျွန်တော့် ချာတိတ်ဘဝ
ဟိုး ပြန်မလာအတိတ်ကို
ကျွန်တော် တိုးတိုးလေး
ညည်းခဲ့။ ။

သီဟသူ
၁၇/၀၂/၂၀၁၆

No comments:

Post a Comment