> သီဟသူ [dot] blogspot [dot] com: ချာတိတ်ဘဝ-၉

Jul 9, 2016

ချာတိတ်ဘဝ-၉

အဲဒီတုန်းက
စီဒီ၊ အမ်ပီသရီး
မလွယ်ကူဘူး။
ဝေါ့ခ်မန်းလည်း
ကိုယ့်မှာ လွယ်လွယ်ကူကူ
မကိုင်နိုင်ခဲ့ဘူး။
ကက်ဆက်တိပ်ခွေ
တွေနဲ့ပဲ ဂီတကို
ရင်းနှီးရ။
မြူးဇစ်ပလပ်က
တိပ်ခွေတွေနဲ့
နိုင်ငံခြားဂီတ
ရင်းနှီးရ။
အင်တာနက်ကမရှာ၊
အခွေကာဗာ
အထဲမှာပါတဲ့
သီချင်းစာရွက်နဲ့
ကက်ဆက်ကြီးရှေ့ထိုင်
အလွတ်ရတဲ့အထိ
သီချင်းကျက်၊
ဂီတနဲ့ယဉ်ပါးအောင်
အားထုတ်ခဲ့ရ
အဲဒီတုန်းက
ချာတိတ်ဘဝ။ ။ 

သီဟသူ

No comments:

Post a Comment