> သီဟသူ [dot] blogspot [dot] com: ဖျတ်ခနဲ ဘန်ကောက်

Apr 13, 2014

ဖျတ်ခနဲ ဘန်ကောက်

ဘတ် ၃၀၀၀ မှ ၃၀၀ ဖိုး
ညစာ
အမျိုးမျိုး အစားစား လမ်းပေါ်
လမ်းထပ်ဆင့်
မစီးခင်ကမေးပါ
မီတာလား ပုတ်ပြတ်လား
တိုးဂိတ်ကြေး ပေးရမလား
ဘန်ကောက်ကို ပိတ် ထိုင်းလန်းကို ပြန်စ*
နေရာတိုင်း
ဂေးဆိုတာ ပျော်ရွှင်မှုလည်းဟုတ်
ဟိုမို လက်စဘီယံလည်းဟုတ်
ပိုင်းလော့ကမှဖြစ်နိုင်သေးတယ်
အချစ်သစ်တစ်ခု မဖြစ်နိုင်တော့ဘူး
ဘုရင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ

သီဟသူ
၂၀၁၄

* Shut down Bangkok; Restart Thailand.

No comments:

Post a Comment