> သီဟသူ [dot] blogspot [dot] com: သီရိခေတ္တရာ ဒိုင်ယာရီ

Apr 15, 2014

သီရိခေတ္တရာ ဒိုင်ယာရီ

ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်
သီရိခေတ္တရာမြို့ မင်းကြီးတောင်ပေါ်က
မည်ကာမတ္တ အိမ်ကလေးတစ်လုံးရဲ့
ဝါးထရံမှာကပ်ထားတဲ့ ဝါကျင့်ကျင့်
ကောက်ရိုးချပ်တစ်ခုပေါ် (အဆိုအမိန့်တစ်ခုလို)
'တကယ်တော့ ခင်ဗျားတို့ ကျွန်တော်တို့ နေထိုင်တဲ့
ဟောဒီကမ္ဘာကြီး နေထိုင်ကောင်းဖို့ဆိုတာ . . .
အင်မတန်မှ စိတ်ကူးစိတ်သန်းကောင်းပြီး
အင်မတန်မှ အပင်ပန်း အဆင်းရဲခံနိုင်သူတွေ
ဖန်ဆင်းထားခဲ့ခြင်းမျှသာ ဖြစ်တယ်' . . . ဆိုပြီး
အဲဒီစာတန်းကို ခင်ဗျား ရေးချထားခဲ့ပြီး
အဲဒီဆယ်စုနှစ်များကို အဲဒီသူငယ်ချင်းများ အဲဒီမျှော်လင့်ချက်များနဲ့
အဲဒီကမ္ဘာကြီးကိုပဲ
ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးရဲ့ ခုတင်တစ်လုံးပေါ်မှာ
(ပစ်ချထားခဲ့ပြီး)
ခင်ဗျား . . . ထွက်ခွာသွားတော့တယ်။

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

No comments:

Post a Comment