> သီဟသူ [dot] blogspot [dot] com: ပြင်သစ်ရုပ်ရှင်

Apr 3, 2014

ပြင်သစ်ရုပ်ရှင်

ဇာတ်လမ်းက အဲဒါပါပဲ
ထရစ်ကာကို ဆွဲညှစ်၊ ခြောက်ချက်တိတိ
အဲဒီငနဲရဲ့ ဦးနှောက်ထဲ ဖိပြီး
ပစ်ချလိုက်တယ်
နောက်တော့ ငနဲ၊ မီးသွေးပုံထဲမှာ, ဖလက်
နောက်ဆို သူ ဘယ်တော့မှ
ချွဲငန်းဝါးတဲ့ ဘောလုံးနည်းပြ
ဖြစ်တည်မှုပဓာနဝါဒကို အားကျပြီး ဘာမှဖြစ်မလာသူ
စတန်းဖို့ဒ်တံတားပေါ်က ကလပ်ပိုင်ရှင်သူဌေး
မိုးလေဝသ သတင်းကြေညာသူ
ကြက်ဥအလုံးငါးဆယ်တိတိ ခွဲပြတဲ့ ပါဖောင်းမင့်စ်သမား
အားကစားဂျာနယ်တစ်မျိုးတည်း စောင့်ဖတ်သူ
ညနေခင်း အကောင်းမြင်သမား
စကော့ဝီစကီသောက်ပြီး လူမှုရေးညံ့ဖျင်းသူ
သူ ... နောက်ဆို
ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်တော့ဘူး
ဇာတ်လမ်းကတော့ ဒါပါပဲ။

ဟန်သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၃။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:

Post a Comment