> သီဟသူ [dot] blogspot [dot] com: နေ့စဉ်မှတ်တမ်းများ ကောက်နုတ်ချက်

Apr 16, 2014

နေ့စဉ်မှတ်တမ်းများ ကောက်နုတ်ချက်

အဲဒီမိန်မပေါ့
အနုပညာ
အောင်မြင်ကျော်ကြားမှုနဲ့
စိတ်ကျရောဂါသည်တစ်ဦးတို့ကို
ခပ်ပေါ့ပေါ့ တစ်ပြိုင်နက်
လက်ထပ်ယူခဲ့တာ
အဲဒီယောက်ျားပေါ့
ဝီစကီခြောက်ပက်
အင်ပရက်ရှင်းနစ်ပန်းချီရေးနည်းနဲ့
အမေရိကတိုက်ကို တွေ့ရှိဖို့
ကိုလံဘတ်စ်ရဲ့ ခရီးသွားမြေပုံတို့ကို
အဲဒီမိန်းမထံ ပေးဆပ်လိုက်ရလေရဲ့။

၁၊ စက်တင်ဘာ၊ ၂၀၀၂။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၂။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

No comments:

Post a Comment