> သီဟသူ [dot] blogspot [dot] com: ဆက်ကပ်ကြည့်သူ

Apr 7, 2014

ဆက်ကပ်ကြည့်သူ

သူတို့ပေါ့ . . .
အလျှံငြီးငြီး မီးတောက်တွေကြား 'ဒိုင်ဗင်'ထိုးပြကြ
ဟန်ချက်မပျက်၊ တစ်ဘီးတည်းနဲ့ လှိမ့်ပြကြ
ကြိုးတန်းပါးပါးပေါ်၊ သက်စွန့်ဆံဖျား လမ်းလျှောက်ပြကြ
သံတိုင်တွေရဲ့ကြား၊ သားရဲတိရိစ္ဆာန်များနဲ့ ဆော့ကစားပြကြ
နောက် . . . တစ်ယောက်ကိုတစ်ယောက်
အသွားချွန်ထက် ဓားတွေနဲ့ ပစ်ပေါက်ပြကြနဲ့၊

ဒါပေမဲ့ သူတို့ဟာ
ဘယ်တော့မှလည်း အသည်းမကွဲကြ၊
ဘယ်တော့မှလည်း မနာကျင်ကြဘူး။

တကယ် အသည်းကွဲကြ
တကယ် နာကျင်ကြရသူတွေကတော့
အဲဒီအစီအစဉ်ကို ငေးမောကြည့်နေကြတဲ့
ပရိသတ်တွေမျှသာ ဖြစ်တယ်။

ဗြူတီမဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:

Post a Comment