> သီဟသူ [dot] blogspot [dot] com: ၅မိနစ် အကြာ

Dec 20, 2009

၅မိနစ် အကြာ

အရာရာဟာ တိတ်ဆိတ်လို့သွားခဲ့ပြီ။
ငြိမ်သက်ခြင်းမှာ ဂီတသံ/ရေစီးသံဟာ တိုးတိုးညင်းညင်း
ငါးကလေးတွေ
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
ဟိုး... ခပ်လှမ်းလှမ်းမှာ
ဗာဂျီးနီးယား ဝုဖ်
ဒါဟာ
ခရီးတစ်ခုရဲ့ အဆုံးသတ်ဖြစ်သလို
နောက်ထပ်ခရီးတစ်ခုရဲ့ အစလည်းဖြစ်နေတယ်။
ထရမ်းပက်မြည်သံ ထွက်ပေါ်လာချေပြီ
မိတ်ဆွေ
ရေစီးအတိုင်း နည်းလမ်းတကျ ဆက်လက် ရွေ့လျားကြပါစို့...

သီဟသူ
၁၀၊ ၁၂၊ ၂၀၀၉။

1 comment:

  1. အီဂျစ်တွေရဲ့ အယူလားမသိဘူးကွာ .. သေခြင်းတရားဟာ မြစ်ကြီးလိုပဲဆိုတာ ... စိတ်ကူးလေးကလှတယ်း)

    ReplyDelete