အဆက်မပြတ်ဆူနေပြီး
ဘယ်တော့မှမကျက်မယ့်
စပါဂတ်တီတစ်အိုးအကြောင်း
တွေးကြည့်မယ်ဆိုရင်
ကြေကွဲစရာပဲ။၁
အပြောင်းအလဲတွေများတယ်။
ဖုန်းတွေ ခဏ ခဏ မြည်တယ်၊
ကိုင်လိုက်တိုင်းလည်း
လိုင်း ကျ ကျ သွားတာချည်းပဲ။
ခေါင်းကို
ဆင် ခဏ ခဏ နင်းတယ် (ည
ည အိပ်မက်ထဲ)။
ငြင်းပယ်ခံရမှုတွေ(များများ)၂ကို
(မြန်မြန်)၃အသားကျလာခဲ့တယ်။
တာဝေးပြေးသမားရဲ့
အထီးကျန်မှုမျိုးနဲ့
ဆက်သွယ်မှုဧရိယာပြင်ပမှာ
ဧကစာကျင့်တယ်။
ပျော်ပါတယ်၊
မပျော်ဘူး။၄
စောင့်ပါတယ်
(အိမ်
ပြန်လာမယ့်နေ့၊ အိမ်
ပြန်ရမယ့်နေ့)။
မဖြေနိုင်သေးတဲ့
မေးခွန်းက "ဘယ်မှာလဲ
အိမ်?"
ပျောက်သွားတဲ့
ကြောင်လေးကို
ပြန်
မတွေ့ရတော့ပါ။ ။
သီဟသူ
၀၉၊
၀၅၊ ၂၀၁၂
၁။
စပါဂတ်တီလုပ်တဲ့နှစ်
(စင်ကြယ်ငြိမ်း)
၂။
၃။ စိုင်းဝင်းမြင့်
၄။
မင်းထက်မောင်
No comments:
Post a Comment