> သီဟသူ [dot] blogspot [dot] com: သေတမ်းစာ နံပါတ် ၆

Aug 30, 2014

သေတမ်းစာ နံပါတ် ၆

၆ လက်မ ဓားသွားနဲ့
ငါ့ရင်ထဲ ထိုးမွှေသွားခဲ့သလို ဆိုးရွား
မင်းရဲ့အပြုအမူအားလုံးကို
၆ မိနစ်စာ သီချင်းတစ်ပုဒ်
၆ ပါဒရှိတဲ့ ကဗျာ ဒါမှမဟုတ်
၆ စတုရန်းပေရှိတဲ့ ပန်းချီကားတစ်ကားအဖြစ်
ငါ့သွေးသားများထဲမှ
ဖောက်ချထားရစ်ခဲ့ပြီး

မင်း ငါ့အပေါ်ကောင်းခဲ့တာ အားလုံးကိုတော့
နောက်ဆုံး . . .
၆ ပေကျင်းထဲ လဲလျောင်းရချိန်အထိ
၆ အောင်စ အလေးချိန်ရှိတဲ့ ငါ့နှလုံးသားထဲမှာ ထာဝရ
သိမ်းဆည်းထားလိုက်ပါတော့မယ် . . .

ဗြူတီးမက်စ် မဂ္ဂဇင်း။

သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ

No comments:

Post a Comment