> သီဟသူ [dot] blogspot [dot] com: ရိုးရိုးသားသားကမ္ဘာ

Apr 28, 2015

ရိုးရိုးသားသားကမ္ဘာ

ရိုးရိုးသားသားကမ္ဘာ-၁

ဖရဲသီးတစ်လုံးလုံး
တစ်ယောက်တည်း
စားရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၂

ဘောလုံးပွဲမှာ
ဘောလုံးကောက် ကောင်လေးတစ်ယောက်
အဖြစ်နဲ့ ဘောပွဲကြည့်ရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၃

စနေနေ့တွေမှာ
အမေကြော်တဲ့ ကြက်သားကြော်ဒယ်အိုးကနေ
ဦးဦးဖျားဖျားကျွေးတဲ့ ကြက်အရေပြားကြော်လေးတွေ အမြဲစားရဖို့
အိပ်မက်ခဲ့ဖူး



ရိုးရိုးသားသားကမ္ဘာ-၄

လူပျိုဖြစ်ရင်
အပြင်ဘော်ဒါဆောင်မှာနေမယ်၊ ဘေးအခန်း
နှစ်ဖက်မှာ စာပေသမားတွေ (သူတို့မှာ လျှို့ဝှက်ထားတဲ့ အတိတ်နဲ့) ဖြစ်မယ်လို့
အိပ်မက်ခဲ့ဖူး


သီဟသူ
၄/၂၀၁၅

No comments:

Post a Comment