> သီဟသူ [dot] blogspot [dot] com: ဖြစ်တည်မှု (၂)

Apr 28, 2015

ဖြစ်တည်မှု (၂)

လူတွေဟာ စိတ်ဝင်စားဖို့ ကောင်းတယ်။
သူတို့ရဲ့ သောက်တလွဲတွေက
ခင်ဗျားကို မပျင်းရိစေသေးတဲ့အထိ။

ကျုပ်တွေ့ခဲ့တဲ့ လူတစ်ယောက်၊
ယာကူဇာ
ဂိုဏ်းဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်၊
သူပြောတာပဲ။

နောက်တစ်ယောက်၊
ဘာလဲဆိုတာ
ကျုပ် မမှတ်မိတော့။

ဒါပေမဲ့
သောက်တလွဲတွေနဲ့ လူတွေဟာ
စိတ်ဝင်စားဖို့ကောင်းတယ်၊
ခင်ဗျား သူတို့ကို မငြီးငွေ့သေးသရွေ့။ ။

သီဟသူ
၂၇-၀၄-၂၀၁၅

No comments:

Post a Comment