> သီဟသူ [dot] blogspot [dot] com: ဘား

Feb 14, 2015

ဘား

သောက်ခဲ့တဲ့ခွက်
အရေအတွက် မမှတ်မိတော့ဘူး။
ဘီလ်မှာ တစ်ယောက် လက်မှတ်
ထိုးပေးလိုက်တယ်။
စာရင်း
မှန်တယ်လို့ တစ်ယောက်က
တော်တော်ကြာမှ
ဝင်ပြောတယ်၊ ခေါင်း
ငိုက်စိုက်ကျနေပြီ။ မဝသေးဘူး
တစ်ယောက်က ပြောတယ်။
"လမ်းအတွက် တစ်ခွက်"
မှာလိုက်တယ်။ မဝသေးဘူး။
ပြန်ဖို့ တက္ကစီပေါ်အတက်
ကားသမားကို အော်
ပြောလိုက်တယ်။ အနီးဆုံး
ဘား
သွားမယ်။

သီဟသူ
၂၇/၀၁/၂၀၁၅

No comments:

Post a Comment