> သီဟသူ [dot] blogspot [dot] com: ချာတိတ်ဘဝ-၃

Feb 15, 2015

ချာတိတ်ဘဝ-၃

ချာတိတ်ဘဝဟာ
ဖြစ်နိုင်ခြေတွေအပြည့်နဲ့။

ကျနော့်ကမ္ဘာကြီး ပိုငြိမ်းချမ်းပြီး
ကျနော်ရှူတဲ့လေထု ပိုလတ်ဆတ်တယ်။

ကျနော့်အခန်းနံရံမှာ
အေကေ၄၇ နဲ့ အမ်၁၆ တစ်လက်စီရှိခဲ့တယ်။

လူကြီးတွေမေးလိုက်တိုင်း
တစ်နေ့ အင်ဂျင်နီယာလုပ်မယ်၊ နောက်တစ်နေ့ စစ်ဗိုလ်လုပ်မယ်။

အဲလို
အမျိုးမျိုးသော ဖြစ်နိုင်ခြေတွေနဲ့ အိပ်မက်

ကျနော်မက်ခဲ့၊
ပြန်မက်ချင်နေဆဲ။ ။

သီဟသူ
၁၄/၀၂/၂၀၁၅

No comments:

Post a Comment